ကမ္ဘာတဝှမ်း ပဋိပက္ခတွေကြောင့် ဒုက္ခသည်ဖြစ်လာရသူ ၇၁ သန်းဝန်းကျင်ရှိပြီး အမေရိကန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် အခြေချခွင့်ရတဲ့ မြန်မာဒုက္ခသည်အရေအတွက်က ၃၀၀,၀၀၀ ဝန်းကျင်ရှိပါတယ်။ အဲဒီအထဲမှာ ကရင်ဒုက္ခသည်က ၇၀,၀၀၀ ချင်းဒုက္ခသည် ၆၀,၀၀၀ လောက်နဲ့ အခြား တိုင်းရင်းသားတွေ ပါဝင်တာပါ။