ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မဏ္ဍိုင်ကြီး ၃ ရပ်သာရှိပြီး သတင်းမီဒီယာတွေဖြစ်တဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာ မရှိကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်က ပြောတာဟာ နားလည်ခံယူမှု လွဲမှားခြင်းသာဖြစ်တယ်လို့ သတင်းအဖွဲ့အစည်း တာဝန်ရှိသူတချို့က သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တာကို တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။
VOA TO ASIA ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာတော့ ဆန္ဒပြပွဲတွေ ဆက်တိုက်ကြုံနေတဲ့ ဟောင်ကောင်မှာ ခရီးသွားလုပ်ငန်းနဲ့ လက်လီအရောင်းကဏ္ဍ ထိခိုက်လာနေတဲ့အကြောင်း၊ အိန္ဒိယနိုင်ငံမှာ မော်တော်ကားထုတ်လုပ် ရောင်းချမှု အကြီးအကျယ် ကျဆင်းလာတဲ့အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
သြဂုတ် ၂၂၊ ၂၀၁၉ - မြန်မာနိုင်ငံက အသေးစား အလတ်စား ပုဂ္ဂလိကလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို အာရှဖေါင်ဒေးရှင်းက စစ်တမ်းကောက်ယူပြီး မကြာမီက အစီရင်ခံစာတစောင် ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံနယ်စပ်က Panmunjom ကျေးရွာဟာ၊ ယာယီအပစ်ရပ် စစ်မဲ့ဇုံဒေသဖြစ်လာပြီး၊ နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကြောင့် ၂၀၁၈ ခုနှစ်နောက်ပိုင်း တည်ငြိမ်အေးချမ်း လာတဲ့အတွက် ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ရိုက်တာသတင်းပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အဝင်နားက အစိုးရအမြောက်တပ်ရင်းကို လက်နက်ကိုင်အဖွဲ့ တခု က သောကြာနေ့ညမှာ လာရောက် ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြတာကြောင့်မြို့ခံတွေစိုးရိမ်ထိတ်လန့်နေကြကြောင်း ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ခွာသွားကြတဲ့ ရိုဟင်ဂျာတွေထဲက ထောင်နဲ့ချီတဲ့လူတွေကို ရှေ့သီတင်းပတ်ကစပြီး ပြန်လည်လက်ခံသွားဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ နောက်ထပ်အသစ်တဖန် သဘောတူလိုက်ကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပြန်လည်လက်ခံနေရာချထားရေး အစီအစဉ် အကောင်အထည် ဖေါ်ခဲ့ပေမဲ့ မအောင်မမြင် ဖြစ်ခဲ့တာပါ။
ဒီသီတင်းပတ် အာရှစီးပွားရေး
သြဂုတ် ၁၅၊ ၂၀၁၉ - မြန်မာပြည်သူ/ပြည်သားတွေ ဘဝမှာ ဘာတွေ ချို့တဲ့နေတယ်ဆိုတာကို သိနိုင်ဖို့ ကမ္ဘာ့ဘဏ်နဲ့ မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးတွဲပြီး၊ အညွှန်းကိန်တခု မကြာမီက ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မွန်ပြည်နယ် နေရာအများအပြားမှာ မိုးသည်းထန်ရေကြီးတာကြောင့် အိမ်ခြေအတော်များများ ပျက်စီးပြီး၊ တချို့ဒေသမှာ စပါးစိုက်ခင်းတွေ ပျက်စီးမှာကို စိုးရိမ်နေကြပါတယ်။ မွန်ပြည်နယ်အစိုးရက ကူညီကယ်ဆယ်ရေးအတွက် လုပ်ဆောင်နေတာရှိပေမယ့် အရေးပေါ် အကူအညီ လိုအပ်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ် စီးပွါးရေးကဏ္ဍမှာတော့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကြား ကုန်သွယ်ရေးတင်းမာမှုကြောင့် တောင်ကိုရီးယားမှာ ဂျပန်ထုတ် ပစ္စည်းတွေကို မသုံးဖို့ သပိတ်မှောက်လာကြတဲ့ အကြောင်းနဲ့ ပင်လယ်တွင်းက ပလပ်စတစ်အမှိုက်တွေအကြောင်းတင်ပြထားပါတယ်။
သြဂုတ် ၈၊ ၂၀၁၉ - အစိုးရ ပုဂ္ဂလိက ဖက်စပ်စနစ်ကျင့်သုံးပြီး လျှပ်စစ်မီး သုံးနိုင်သူတွေ များပြားလာအောင် NLD အစိုးရက ကြိုးပမ်းနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန်နဲ့ အိန္ဒိယကြား ကုန်သွယ်ရေးတင်းမာမှု တအုံနွေးနွေးဖြစ်နေချိန်မှာ အမေရိကန်ပို့ကုန်တွေအပေါ် အိန္ဒိယက သွင်းကုန်ခွန် လျော့ချပေးဖို့နဲ့ အိန္ဒိယဈေးကွက်ကို ပိုဖွင့်ပေးဖို့ အမေရိကန်က ဖိအားပေး တောင်းဆိုနေ တာကြောင်း တင်းမာမှုတွေပိုမြင့်တက်နေပါတယ်။ Anjana Pasricha ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
သြဂုတ် ၀၁၊ ၂၀၁၉ - လာမယ့်(၂၀၃၀) ခုနှစ်ရောက်ရင် အိမ်ထောင်စုတိုင်း လျှပ်စစ်ဓါတ်အားသုံးနိုင်အောင် လက်ရှိအစိုးရက ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ဗဟိုအစိုးရ တဦးတည်း လုပ်လို့ရတာမျိုးမဟုတ်ပဲ၊ တိုင်းနဲ့ပြည်နယ် အစိုးရတွေကိုယ်တိုင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရမယ့် လုပ်ငန်း ဖြစ်ကြောင်း ဦးအောင်ခင်ကရေးသားပြီး က
အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် အခုလို အနားပေးခံရတယ်ဆိုပြီး ပြည်တွင်းက လာတဲ့ သတင်းတွေမှာဖေါ်ပြပေမယ့် VOA ကသီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။ အလားတူပဲ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကိုလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဇူလိုင် ၂၅၊ ၂၀၁၉ - လွန်ခဲ့တဲ့လက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ “မြန်မာ့စီးပွား စောင့်ကြည့်ရေး” ပထမ (၆) လပတ် အစီရင်ခံစာမှာ စီးပွားရေးအရှိန်အဟုန် မပျက်အောင် ဆောင်ရွက်ရမှာတွေကို ဖေါ်ပြထားပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
လွန်ခဲ့တဲ့ အနှစ်(၅၀) တုန်းက အမေရိကန် အာကာသယာဉ်မှူးနှစ်ဦးဟာ လကမ္ဘာပေါ်ဆင်းပြီး ပထမဦးဆုံးခြေချနိုင်တဲ့ လူသားတွေဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ လူသားတွေမတိုင်ခင်က တိရစ္ဆာန်တွေကို အာကာသထဲကို အစမ်းသဘော ပို့လွှတ်ခဲ့ကြ တာပါ။ ဒီအကြောင်း VOA သတင်းထောက် Kerry Hensley ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ဇူလိုင် ၁၈၊ ၂၀၁၉ - လွန်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာရ ကြံ့ဖွံ့ပါတီကို ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီဟာ အပြတ်အသတ်နိုင်ရပြီး အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD အစိုးရနဲ့ ယှဉ်ပြိုင်နိုင်မယ့် နိုင်ငံရေး အင်အားသစ်တွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်း ဦးအောင်ခ
ရခိုင့်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်္ကာပူအစိုးရကဖမ်းဆီးပြီး မြန်မာနိုင်ငံ ပြန်ပို့လိုက်တဲ့ ရခိုင်တိုင်းရင်းသား ၆ ဦးအမှုဟာ မတရားစွပ်စွဲ ခံရခြင်းသာဖြစ်ပြီး၊ ဒီလုပ်ရပ်အပေါ် ရှုတ်ချကြောင်း အမေရိကန်-ရခိုင်လူမှုအဖွဲ့အစည်းက စင်္ကာပူသံရုံးနဲ့ မြန်မာသံရုံးရှေ့ ဆန္ဒပြ ကြပါတယ်။
မြန်မာ့ဂီတလောကမှာ ဂန္တဝင် မြန်မာတေး စစ်စစ်တွေ ပျောက်ကွယ်လုနီးပါး ဖြစ်လာတာကို ထိန်းသိမ်းလိုတဲ့ဆန္ဒနဲ့ မြန်မာသံစဉ် တေးသီချင်းတွေကို အလေးထား သီဆိုခဲ့တယ်လို့ “စန္ဒကိန္နရီ” သီချင်းနဲ့ လူသိများလာတဲ့ တေးသံရှင် မမေသက်ထားဆွေက VOA ကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်