ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးသွားရတဲ့ နမ့်ဆန်မြို့က စစ်ဘေးဒုက္ခသည်တွေ အခုတော့ အိမ်ပြန် လာကြတာဟာ အရဲစွန့် ပြန်လာခြင်းသာဖြစ်ပြီး၊ အပစ်ရပ် ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ အလားအလာ နည်းနေသေးကြောင်း ရှမ်းတိုင်းရင်းသားအရေး စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
အပတ်စဉ် စီးပွားရေးကဏ္ဍမှာတော့ လေဝင်လေထွက်ကောင်းပြီး ဦးခေါင်းကိုအေးစေတဲ့ AirPeak ဦးထုပ်တွေကို ဂျပန်ကုမ္ပဏီတခုက ၂၀၂၀ နွေရာသီအိုလံပစ် မတိုင်ခင် တီထွင်လိုက်ပြီး ဈေးကွက်ထဲ စတင် ဖြန့်ချိနေပါတယ်။ ဒီအကြောင်း AP သတင်းတပုဒ်ကိုအခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
စက်တင်ဘာ ၁၉၊ ၂၀၁၉ - အစုအဖွဲ့ပိုင် သစ်တောရဲ့ စီးပွားရေးလုပ်ငန်း ရှင်သန်လာမှသာ ပြည်သူအစုအဖွဲ့ပိုင် သစ်တောစနစ် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အောင်မြင်အောင် ကူညီပံ့ပိုးဖို့ သစ်တောဦးစီးဌာနမှာ တာဝန်ရှိပါတယ်။ ဒီအကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံအပေါ် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစီရင်ခံစာ ကိုယ်တိုင်တင်သွင်းမယ့်သူတွေနဲ့တွေ့ဆုံပြီး တိုက်တွန်း ဆွေးနွေးခဲ့တာတွေရှိကြောင်း၊ ဂျနီဗာကိုရောက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
NLD အစိုးရလက်ထက် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်လာခဲ့ပေမယ့်၊ အဲဒီဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနေတာမျိုး မတွေ့ရသေးဘူးလို့ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေသူတွေနဲ့ အကဲခပ်တွေက သုံးသပ်ကြပါတယ်။
မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KIA/ TNLA/ AA/ MNDAA တပ်ဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား သြဂုတ်လ(၃၁)ရက်နေ့က ရှမ်းပြည်အရှေ့ခြမ်း ကျိုင်းတုံမြို့မှာ တွေ့ဆုံပြီးနောက်၊ စက်တင်ဘာ(၁၆-၁၇) ကျိုင်းတုံမြို့မှာပဲ နောက်ထပ်တကြိမ် တွေ့ဆုံဖို့ရှိနေပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ် စီးပွားရေးကဏ္ဍမှာ မလေးရှားရဲ့ စားအုန်းဆီထုတ်လုပ်ရေး လုပ်ငန်းအတွက် ဆီအုန်းပင် ပိုစိုက်ဖို့ ကြိုးပမ်းလာတဲ့အကြောင်း၊ ဂျပန်နိုင်ငံ ကုန်စုံဆိုင်တွေက အစားအသောက်တွေမှာ ဘားကုဒ်ပါတဲ့ Electronic Tag တွေ စသုံးလာနေတဲ့အကြောင်း Schuyler Ogden သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
စက်တင်ဘာ ၁၂၊ ၂၀၁၉ - မြန်မာနိုင်ငံမှာ သစ်တောနယ်မြေ ကျဉ်းမြောင်းလာတာ လူသိများတဲ့အချက်တခု ဖြစ်ပါတယ်။ သစ်တောပျက်စီး ပြုန်းတီးရတဲ့အကြောင်းတွေထဲမှာ သစ်တောစီမံအုပ်ချုပ်ရေး အားနည်းတာဟာလည်း တချက်ပါဝင်ပါတယ်။ ဒီအကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ အပြစ်မဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့ လူသားချင်းစာနာမှု အဖွဲ့တွေကို တားဆီးပစ်ခတ်တာမျိုး မလုပ်ဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ ဘဏ် ငွေကြေးဂယက်ရိုက်မှုနဲ့ပတ်သတ်ပြီး ပြည်သူတွေ မစိုးရိမ်ကြဖို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောကြားလိုက်သလို၊ နိူင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း စိုးရိမ်ပူပန်စရာ မလိုကြောင်းပြောဆိုခဲ့တာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ပြဿနာတွေ ပြေလည်စေဖို့ အားရလောက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးဘူးလို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ် စီးပွားရေးကဏ္ဍမှာ အမေရိကန် လက်လီအရောင်းဆိုင်ကြီး Costco က တရုတ်နိုင်ငံမှာ ပထမဦးဆုံးဆိုင်ခွဲ ဖွင့်လှစ်လိုက်တဲ့အကြောင်းနဲ့ အိန္ဒိယအစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်ရုပ်သိမ်းထားတဲ့ ကက်ရှ်မီးယားဒေသမှာ ခရီးသွားလုပ်ငန်း ကျဆင်းလာနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
စက်တင်ဘာ ၅၊ ၂၀၁၉ - ကမ္ဘာ့ပေါ်မှာ သစ်တောပြုန်းတီးမှုနှုန်း တတိယအများဆုံးဟာ မြန်မာနိုင်ငံဖြစ်ပါတယ်။ ပထမက ဘရာဇီးဖြစ်ပြီး၊ ဒုတိယက အင်ဒိုနီးရှား ဖြစ်ပါတယ်။ မြန်မာ့သစ်တော ပျက်စီးပြုန်းတီးရပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တောင်ကိုရီးယားသမ္မတ Moon Jae-In ဟာ သူ့ရဲ့၆ ရက်ကြာ ထိုင်း-မြန်မာ-လာအို အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း မနေ့တုန်းက ထိုင်းဝန်ကြီးချုပ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး၊ ဒီကနေ့မှာတော့ မြန်မာနိုင်ငံမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာပါ။
ပြင်းအား အဆင့် ၅ ရှိတဲ့ Dorian ဟာရီကိန်းမုန်တိုင်းဟာ တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု တောင်ဘက် ဘဟားမားကျွန်းကို ဝင်ရောက် ဖြတ်သန်းခဲ့ပြီး ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းခြေ နေရာတချို့ကို စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။
ပြစ်မှုဆိုင်ရာပုဒ်မနဲ့ မြန်မာ့တပ်မတော်က တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုန်းတော်ကြီး ဒေါက်တာ ခါလမ်ဆမ်ဆွန် အမှုဟာ အခြေအမြစ်မရှိတဲ့အတွက် အမြန်ဆုံးပြန်ရုပ်သိမ်းပေးဖို့ နိုင်ငံပေါင်း(၂၀)မှာ ဖွဲ့စည်းထားတဲ့ World Kachin Congress (WKC) က တောင်းဆိုလိုက်ပါတယ်။
လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦးအပေါ် သေဒဏ် စီရင်ချက်ကို ထပ်ပြီးအတည်ပြုလိုက်တဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရဲ့တရားစီရင်ရေးဆိုင်ရာ ပြဿနာတခု ဖြစ်တယ်လို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေး ရှေ့နေများအသင်းက ပြောကြားလိုက်ပါတယ်။
VOA to ASIA ဌာနရဲ့အပတ်စဉ် စီးပွားရေးကဏ္ဍမှာတော့ ၂၀၂၁ ခုနှစ်ကုန်မှာ အမေရိကန်စီးပွားရေး ကျဆင်းနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေ ခန့်မှန်းနေတဲ့အကြောင်းနဲ့ အစ္စရေးနဲ့ တောင်ကိုရီးယားကြား ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ထိုးလိုက်တဲ့အကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
သြဂုတ် ၂၉၊ ၂၀၁၉ - ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ မြန်မာ့သစ်တောကဏ္ဍ အခြေအနေကို၊ မကြာသေးခင်က ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အစီရင်ခံစာ ထုတ်ပြန်ထား ပါတယ်။ ဒီအကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရိုဟင်ဂျာတွေ မူလနေရပ်မှာ ပြန်လည်အခြေချနိုင်မယ့်အခြေနေမျိုး မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့က ပြောဆို လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်