မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ အမေရိကန်ပြည်ထောင်စုမှာ ရင်းနှီးမြှုပ်နှံနိုင်ရေး မျှော်လင့်ချက်နဲ့ နယူးယောက်မြို့မှာ မြန်မာ-အမေရိကန် ပုဂ္ဂလိက ကုန်စည်ပြပွဲတခုကို ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့ ကက်သလစ် သာသနာပိုင်သစ်အဖြစ် ပြင်ဦးလွင်က ဆရာတော် Lucas ကို ရွေးချယ်လိုက်ကြောင်း ဗာတီကန်နန်းတော်က သောကြာနေ့မှာ ကြေညာလိုက်တဲ့အတွက် ကက်သလစ် ရဟန်းတော်တွေက ကြိုဆိုလိုက်ကြပါတယ်။
အာရှတိုက်က လူနေထူထပ်တဲ့ မြို့ကြီးတွေရဲ့ရေထုတ်ယူသုံးစွဲမှု၊ မြစ်ညာမှာ ရေကာတာတည်ဆောက်မှု စတာတွေကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး အာရှတိုက်ထဲက အဓိကကျတဲ့ မြစ်ဝကျွန်းပေါ် ဒေသကြီးတွေ ပျောက်ကွယ်စ ပြုလာနေတာကြောင့် ဒါကို ထိန်းသိမ်းကာကွယ် ကြဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ သတိပေးလိုက်ပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က မြို့တွင်းရထားလမ်းကို အာဏာပိုင်တွေက ပိတ်ပင်လာတဲ့အကြောင်း၊ သြစတြေးလျနိုင်ငံမှာ ပင်လယ်ခရုမွေးမြူရေးလုပ်ငန်း အာရုံစိုက်လုပ်လာတဲ့အကြောင်းတွေကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
အောက်တိုဘာ ၁၇၊ ၂၀၁၉ - မြန်မာနိုင်ငံက မြို့ကြီး ၅ မြို့ကို မနှစ်က စစ်တမ်းကောက်ယူပြီး မြို့ပြလူနေမှုဘဝစစ်တမ်း မကြာသေးမီက ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
နှစ်ပေါင်း ၆၀ အတွင်း ဂျပန်နိုင်ငံကို အပြင်းထန်ဆုံးဝင်တိုက်တဲ့ စူပါတိုင်ဖုန်းလို့ တင်စားခေါ်ဆိုကြတဲ့ Hagibis မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံလိုက်ရတာကတော့ Chiba ဒေသဖြစ်တယ်လို့ တိုကျိုမြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေမှာ မြန်မာ့တပ်မတော်က တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းပြောဆို လိုက်ပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီရေး တောင်းဆိုတဲ့ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်တဲ့ဘက်ကို တိုးလာနေပြီး သတင်းထောက်တွေဟာလည်း ရဲတွေရဲ့ လက်ချက်ကြောင့် ဒဏ်ရာရကြသလို၊ တခါတလေမှာ ဆန္ဒပြသူတွေကလည်း ကိုယ်ထိလက်ရောက် စော်ကားတာမျိုးရှိပါတယ်။
အောက်တိုဘာ ၁၀၊ ၂၀၁၉ - “ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့”က ကောက်ယူထားတဲ့ စစ်တမ်းကိုအခြေခံပြီး နိုင်ငံရေး ပါတီတွေနဲ့ပတ်သက်တဲ့ ပြည်သူ့ သဘောထားကို ဦးအောင်ခင်ကသုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
ဥရောပသမဂ္ဂ EU ကနေ နှုတ်ထွက်တော့မယ်ဆိုတဲ့ ဗြိတိန်နိုင်ငံရဲ့ အဆိုပြုချက်အသစ်ကို EU က သံသယနဲ့ တုန့်ပြန်လိုက်ပါတယ်။ ဗြိတိန်ကတော့ ဒီလကုန်မှာ EU က နှုတ်ထွက်ဖို့ရှိတဲ့အကြောင်း Henry Ridgwell လန်ဒန်က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြပေးပါမယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ခွင့်ကို အစိုးရက ဥပဒေအရ ထိန်းချုပ်ထားပေမယ့် လတ်တလောမှာတော့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် တူးဖော်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာဟာ အရင်ကထက် ပိုဆိုးလာနေတယ်လို့ ခန့်မှန်းရကြောင်း အကဲခတ်တချို့က သုံးသပ်ပါတယ်။ ဒီသီတင်း ပတ်အတွင်း မြန်မာနိုင်ငံတွင်းနဲ့ ထိုင်းနိုင်ငံတို့မှာ စိတ်ကြွဆေးနဲ့ ဘိန်းမျိုးစေ့တွေ အမြောက်အများ ဖမ်းဆီးရမိခဲ့ပြီးနောက် အခုလို သုံးသပ်လာ ကြတာ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က သူ့ပါတီ ထောက်ခံသူတွေရှေ့မှာ Brexit နုတ်ထွက်ရေး ကတိကို ထပ်ပြီးပြောပါတယ်။
အောက်တိုဘာ ၃၊ ၂၀၁၉ - ပြည်သူ့လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်တဲ့ ပြည်သူ့သဘောထားအကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေး အထူးသဖြင့် ရခိုင်မြောက်ပိုင်းက နေရပ်စွန့်ခွာ ထွက်သွားသူတွေအရေးနဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တွေက အကြံပြုဆွေးနွေးတာ၊ ဝေဖန် ပြစ်တင်တာတွေ ရှိခဲ့ပါတယ်။
နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဒေသစံတော်ချိန် စက်တင်ဘာ ၂၈ ရက် ညနေပိုင်း မိန့်ခွန်းပြောကြားရာမှာ ရခိုင်အရေးကိစ္စကို အတော်လေး အချိန်ယူ ပြောကြားသွားပါတယ်။
နေပြည်တော်၊ ရန်ကုန် ၊မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဖေါက်ခွဲ တိုက်ခိုက်မှုတွေလုပ်မယ်ဆိုတဲ့ လျှို့ဝှက်သတင်း ပေါက်ကြားမှုဟာ ပြည်သူလူထု စိတ်လုံခြုံမှုကင်းမဲ့ပြီး အကြောက်တရား လွှမ်းမိုးနေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာမျိုးလားလို့ နိုင်ငံရေးလေ့လာသူ တချို့ကသုံးသပ်ပါတယ်။
စက်တင်ဘာ ၂၅၊ ၂၀၁၉ - မြန်မာပြည်သူပြည်သားတွေ နိုင်ငံ့အရေးကို ဘယ်လောက် စိတ်ဝင်စားတယ်ဆိုတာကို သိနိုင်ဖို့၊ ရန်ကုန်အခြေစိုက် “ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့”က စစ်တမ်းတစောင် ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြ ထားပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်အာဏာ ပိုရလာစေရေးအတွက် တပ်မတော်သားတွေနဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေ စုပေါင်းတင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းဟာ မြန်မာ့အသွင်ကူးပြောင်းရေးမှာ တပ်ရဲ့အခန်းကဏ္ဍကို ပိုချဲ့ထွင်ဖို့ ဦးတည်နေသလားလို့ NLD ပါတီက မေးခွန်းထုတ်လိုက်ပါတယ်။
လွှတ်တော်တွင်းက တပ်မတော်သားတွေနဲ့ ပြည်ခိုင်းဖြိုး ကိုယ်စားလှယ်တွေက ကာ/လုံရဲ့လုပ်ပိုင်ခွင့်အာဏာ ပိုရှိလာစေရေး အခြေခံဥပဒေကိုပြင်ဆင်မယ့် ဥပဒေမူကြမ်းတခု တင်သွင်းလာတာဟာ တပ်မတော်ရဲ့သြဇာအာဏာ ပိုခိုင်မာလာစေဖို့ ကြိုးပမ်းလာတာဖြစ်ကြောင်း ဥပဒေပညာရှင်တချို့နဲ့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်