ဒီဇင်ဘာ ၀၅၊ ၂၀၁၉ - ချမ်းသာ ကြွယ်ဝတဲ့နိုင်ငံတွေ နိုင်ငံတကာမှာ စည်းရုံးရေးဆင်းကြတဲ့အခါ အနုနည်းနဲ့ ကိုယ့်ဘက်ပါလာအောင် ကြိုးပမ်းကြပါတယ်။ တရုတ်အစိုးရက ဒီနည်းကို သုံးလာတာ သိပ်မကြာသေးပါဘူး။ အောင်မြင်တာ ရှိသလို၊ မအောင်မြင်တာတွေလည်းရှိကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ် စီးပွားရေးကဏ္ဍမှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ဘဲလေး ကချေသည်အဖြစ် အသက်မွေးဝမ်းကြောင်းသူတွေ ရှားပါးလာကြောင်းနဲ့ အင်ဒိုနီးရှားမှာ စွန့်ပစ် ပလတ်စတစ်အမှိုက်ကို သုံးပြီး ရိုးရာရုပ်သေး ဇာတ်ကောင်တွေ တီထွင်အသုံးပြုလာတဲ့အကြောင်း Ira Mellman ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
နိုဝင်ဘာ ၂၈၊ ၂၀၁၉ - ကျွန်းသစ်ခိုးထုတ်ရာမှာ အစိုးရအာဏာပိုင်၊ တရုတ်ကုန်သည်နဲ့ တိုင်းရင်းသား လက်နက်ကိုင် စတာတွေ ပါဝင်လာပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က ကျောက်ဖြူဒေသခံ ကမန်မူဆလင်တွေဟာ ဒုက္ခသည်စခန်းမှာ သီးခြား နေထိုင်ကြနေရဆဲဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ အရင်ကလို ခင်ခင်မင်မင် ပြန်နေနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ AFP သတင်းတပုဒ်ပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြပေးပါမယ်။
ICJ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ရမယ့် အမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ခုခံ ချေပမယ့် ဆုံးဖြတ်ချက် မှန်ကန်ရဲ့လားဆိုတဲ့အပေါ် သဘောထားအမြင် ကွဲပြားနေပါတယ်။
ရခိုင်ပြည်နယ်က ကျောက်ဖြူဒေသခံ ကမန်မူဆလင်တွေဟာ ဒုက္ခသည်စခန်းမှာ သီးခြား နေထိုင်ကြနေရဆဲဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ ခင်မင်ရင်းနှီးမှု ပြန်လည်ထွန်းကားဖို့ မျှော်လင့်နေကြပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ် စီးပွားရေးကဏ္ဍမှာတော့ ဒိန်းမတ် Lego ကုမ္ပဏီက တရုတ်နိုင်ငံမှာ လက်ကားဆိုင်ခွဲတွေ ထပ်ဖွင့်ဖို့ ကြိုးပမ်းနေတဲ့အကြောင်းနဲ့ စင်္ကာပူနိုင်ငံမှာ မိုးပျံတက္ကစီ ပြေးဆွဲရေးလုပ်ငန်း လာမယ့် ၂ နှစ်ကျော်အတွင်း စတင်မယ့်အကြောင်း Ira Mellman ရဲ့ သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
နိုဝင်ဘာ ၂၁၊ ၂၀၁၉ - မြန်မာ့ကျွန်းသစ်အကြောင်း ကမ္ဘာက သိနေတာ အနှစ် (၃၀၀) လောက် ရှိနေပါပြီ။ ကျွန်းသစ်ကြောင့် မြန်မာပြည်ကို အင်္ဂလိပ်က စိတ်ဝင်စားပြီး ကျွန်းသစ်ကို ပုံမှန်လိုချင်လို့ တိုင်းပြည်ကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ မြန်မာမင်းရဲ့ ကျွန်းတောထဲက ကျွန်းသစ်ကို အင်္ဂလိပ်က ခိုးထုတ်ချိန်ကစလို့ ကျွန်းသစ်ခိုး
ရခိုင် မြောက်ပိုင်းဒေသအရေးကို ဖြေရှင်းရာမှာ တဖက်နိုင်ငံထွက်သွားသူတွေ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်း ဆောင်ရွက်ဖို့ထက် ဖိအားပေးတဲ့နည်းကို ပိုသုံးနေတာက ပြဿနာတွေကို ပြေလည်သွားစေမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။
ဟောင်ကောင်မှာ လနဲ့ချီဆန္ဒပြပွဲတွေကြောင့် ကျဆင်းလာနေတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ကျားကန်နိုင်ဖို့ ကြိုးပမ်းနေရတဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံမှာလည်း တရုတ်ခရီးသွားဧည့်သည်တွေ အဝင်နည်းလာတာကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နေတဲ့အကြောင်း Ira Mellman ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
နိုဝင်ဘာ ၁၄၊ ၂၀၁၉ - မြန်မာပြည်မှာ မှောင်ခိုစီးပွားရေး (သို့) တရားမဝင်ကုန်သွယ်ရေး ရှင်သန်ကြီးထွားနေတာ အနှစ်(၅၀)ကျော်နေပါပြီ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မှောင်ခိုစီးပွားရေးအပေါ်မှာ မှီခိုပြီးလှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ အခုတော့ တရားမဝင်ကုန်သွယ်ရေးကို တိုက်ဖျက်ဖို့ ဥရောပကုန်သည်များအသင်းက ဆွေးနွေးနေပါတယ်။
နိုဝင်ဘာ ၇၊ ၂၀၁၉ - ရွေးကောက်ပွဲ ကျင်းပပြီး ဖွဲ့စည်းထားတဲ့ အစိုးရတွေ လက်ထက်မှာ ဘဏ်လုပ်ငန်းကဏ္ဍ တိုးတက်ပြောင်းလဲလာပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေထဲမှာတော့ မြန်မာဟာ အနိမ့်ဆုံး၊ အညံ့ဆုံးအဆင့်မှာ ရှိနေသေးကြောင်း ဦးအောင်ခင်က ရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အာဆီယံဒေသက လူငယ်တွေရဲ့ အနာဂတ်အတွက် အားကစားနည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံကြဖို့ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ နိုင်ငံ့အကြီးအကဲတွေကို FIFA ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။
Bush Institute က စီစဉ်ပေးတဲ့ Liberty and Leadership လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှု လေ့လာရေးအစီအစဉ်ဟာ မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ လူငယ်တွေကို အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ကြောင်း ဒီအစီအစဉ်မှာ ပါဝင်ကြသူတွေက ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ လောလောဆယ် Los Angelis (LA) မြို့နားတဝိုက် ဒေသတချို့ကို ကူးစက် လောင်ကျွမ်းနေပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့၊ ပြည်နယ် အစိုးရက သတိပေးထားပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ တရုတ် Huawei ကုမ္ပဏီက အမေရိကန်အစိုးရရဲ့ ယုံကြည်မှုရအောင် ပြန်လည်ကြိုးစားဖို့ ပြင်နေတဲ့အကြောင်းနဲ့ စိန်တွေအပြည့်ခြယ်ထားတဲ့ မာဆီးဒီးကားကို အိန္ဒိယနိုင်ငံက စိန်ရောင်းပွဲတော်မှာ ခင်းကျင်းပြသတဲ့အကြောင်း Ira Mellman ရဲ့ သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
အောက်တိုဘာ ၃၁၊ ၂၀၁၉ - အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနဲ့ မော်လ်ဒိုက်ဗ် နိုင်ငံတွေပါဝင်တဲ့ တောင်အာရှစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံချက်မှာ မြန်မာ ပါဝင်လာတဲ့အတွက် ရနိုင်မယ့် အကျိုးအမြတ်တွေအကြောင်းကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ရွေးကောက်ပွဲကတိတွေအတိုင်း အပြည့်အဝ အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးပေမယ့်လည်း NLD ပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ နေရာအများစု ပြန်လည် အနိုင်ရခြေ ရှိတယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်ပုဂ္ဂိုလ်တချို့က သုံးသပ်ပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ ဟောင်ကောင်အိမ်ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ စင်္ကာပူနိုင်ငံမှာ ပြောင်းရွှေ့မြှုပ်နှံလာကြတဲ့အကြောင်းနဲ့ သြစတြေးလျနိုင်ငံ Queensland ပြည်နယ်မှာ မုန်တိုင်းဒဏ်ခံနိုင်မယ့် အိမ်ငယ်လေးတွေ တီထွင်ဆောက်လုပ်နေတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
အောက်တိုဘာ ၂၄၊ ၂၀၁၉ - ကချင်ပြည်နယ်က ကျောက်မျက်နယ်မြေတွေကို အစိုးရတပ်က တခုပြီးတခု သိမ်းပိုက်လာတာ အခုဆိုရင် ဟူးကောင်းချိုင့်ဝှမ်းဒေသက ပယင်းနယ်မြေတွေအထိ ပါဝင်လာပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်