VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွားရေးကဏ္ဍမှာတော့ ပျောက်ဆုံးနေတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ပြန်ရှာပေးတဲ့ အလွတ်စုံထောက်တွေ တရုတ်နိုင်ငံမှာ ခေတ်စားလာတာနဲ့အင်ဒိုနီးရှားနိုင်ငံမှာကလေးတွေ မိုဘိုင်းဖုန်း စွဲနေတာကိုဖြတ်ဖို့ အာဏာပိုင်တွေက ကြက်ပေါက်စလေးတွေဝေပြီး မွေးခိုင်တဲ့အစီအစဉ်တခု စတင်လိုက်တဲ့အကြောင်းတင်ပြမှာပါ။
ဇန်နဝါရီ ၀၂၊ ၂၀၂၀ - တပြည်လုံး လျှပ်စစ်ဓါတ်အား ရရှိဖို့အတွက် ၂၀၁၄ ကတည်းက စီမံကိန်းချ အကောင်အထည်ဖေါ်လာတာမို့၊ အခုဆိုရင် (၁၀) နှစ်လောက် ရှိသွားပါပြီ။ ဒါပေမဲ့ အိမ်ထောင်စု (၅၀%) အထိ လျှပ်စစ်မီးရဖို့ အခက်အခဲ ရှိနေပါသေးတယ်။ ဒီအကြောင်း ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
စီးပွားရေးကို ဦးစားပေးတဲ့ ဗီယက်နမ်မှာ သဘာဝ ပတ်ဝန်းကျင်ညစ်ငြမ်းတဲ့ ပြသနာ ကြုံလာရတဲ့ အကြောင်းနဲ့ ပလပ်စတစ်အမှိုက်ပြသနာကို ဖြေရှင်းဖို့ဆိုရင် ကမ္ဘာကျော် စားသောက်ကုန်ထုတ် ကုမ္ပဏီကြီးတွေကိုယ်တိုင် ပလပ်စတစ်သုံးစွဲမှု လျှော့ချဖို့လိုကြောင်း Ira Mellman ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံခဲ့ရတဲ့ ၂၀၁၉ ခု မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်တွေကို သက်ဆိုင်သူတွေအားလုံး ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းသာယာမှုတွေ ဖော်ဆောင်နိုင်မယ့် ၂၀၂၀ နှစ်သစ်ကို မြင်တွေ့လိုကြောင်း ပြည်ပရောက် တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က ဆန္ဒပြုလိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ အခြားတိုင်းရင်းသားတွေနည်းတူ ကရင်တိုင်းရင်းသားတွေ လိုလားတဲ့ ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စာပေယဉ်ကျေးမှု စတာတွေကို လွတ်လပ်စွာ ပုံဖေါ်နိုင်မယ့် အခွင့်အလမ်းတွေ ရလာစေဖို့ မျှော်လင့်ဆုတောင်းမိ တယ်လို့ ပြည်ပရောက် ကရင်တိုင်းရင်းသားတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူငယ်တွေအကြား စာဖတ်အားနည်းသွားတဲ့အတွက် စာပေဟောပြောပွဲတွေက တဖက်တလမ်းက အကျိုးရှိမယ်လို့မျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စုကို မကြာခင်လပိုင်းကရောက်ခဲ့တဲ့ ကဗျာဆရာ၊ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ကပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဝါရှင်တန် VOA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီဇင်ဘာ ၂၆၊ ၂၀၁၉ - ကမ္ဘာ့အလှူရှင်စာရင်းကို ပြုစုဖို့ နိုင်ငံပေါင်း (၁၄၄) နိုင်ငံကို လေ့လာတဲ့အခါ မြန်မာက အဆင့် (၉) ရှိလို့ အလှူအတန်းများတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံရပါတယ်။ တရုတ်ကတော့ အဆင့် (၁၄၂) မှာ ရှိတဲ့အတွက် လှူဒါန်းမှု အနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ဟာ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေတယ်ဆိုတာ မှန်ကန်တယ်လို့ ပြည်ပရောက် မြန်မာနိုင်ငံသား တချို့က သုံးသပ်ပါတယ်။ ဒါပေမဲ့ ဒါဟာ အစိုးရရဲ့ မူဝါဒနဲ့ မသက်ဆိုင်ဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။
ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုကြည့်ရင် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးမှာ အဓိက တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုတွေမှာ ပျော့ကွက် ဟာကွက်တွေကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ ပိုးသတ်ဆေးတချို့ကို အစိုးရက ပိတ်ပင်တော့မယ်ဆိုတာကြာင့် လယ်သမားတွေ ဆန္ဒပြကြတဲ့အကြောင်းနဲ့ နျူကလီးယားယိုစိမ့်မှုကြုံခဲ့တဲ့ ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသက စားသောက်ကုန်တွေ ပြန်လည်ရောင်းချနိုင်ဖို့ ဒေသခံတွေကြိုပမ်းနေကြောင်း Ira Mellman ရဲ့ သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဒီဇင်ဘာ ၁၉၊ ၂၀၁၉ - ရှေ့နှစ်နွေရာသီမှာ လျှပ်စစ်ဓါတ်အား ပိုမိုသုံးစွဲနိုင်ဖို့အတွက် ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (၅) ခု တည်ဆောက်ဖို့ တရုတ်ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်ရသွားပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တန်ဇန်းနီးယားနိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Zanzibar ဒေသက ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းမှာ ဒရုန်းယာဉ်တွေနဲ့ ခြင်ဆေးဖြန်းတဲ့နည်းကို သုံးလာပါတယ်။ ဒီနည်းက ခြင်ပေါက်ဖွားမှုကို ထိန်းလာနိုင်ကြောင်း Mariama Diallo ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
အရှုံးပေါ်နေတဲ့ British Steel ကုမ္ပဏီကို Jingye တရုတ်စက်မှုကုမ္ပဏီကြီးက ဝယ်ယူ လိုက်တဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံက လူငယ်တွေကြား ပစ္စည်းတွေကို ကိုယ်ပိုင် ဝယ်မသုံးကြတော့ဘဲ ငှားသုံးလာတာကြောင့် ပစ္စည်းငှားရမ်းတဲ့လုပ်ငန်းတွေ အလုပ်ဖြစ်လာတဲ့အကြောင်း Ira Mellman ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ AA စစ်ဦးစီးချုပ်ရဲ့ဇနီး မနှင်းဇာဖြူနဲ့ ကလေးနှစ်ဦးအမှုကို လူသားချင်း စာနာမှုအရ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ထံ လွှဲပြောင်းပြီး အကာအကွယ် ပေးသင့်တယ်လို့ အမေရိကန်အခြေစိုက် NAB ခေါ် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားရင်ဆိုင်နေရတဲ့အပေါ် မြန်မာလူထုကြားမှာ သဘောထားအမြင် အမျိုးမျိုး ကွဲပြားနေကြတဲ့အထဲ ရန်ကုန်မြို့ခံတွေလည်း ပါဝင်ပါတယ်။
ဒီဇင်ဘာ ၁၂၊ ၂၀၁၉ - တရုတ်အစိုးရရဲ့ တရုတ်-မြန်မာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာမှာ ဘာသာရေးလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ တရုတ်ပြည်ဟာ ဗုဒ္ဓဘာသာဝင် အများဆုံးရှိတဲ့ နိုင်ငံလို့ ပြောနိုင်ပေမယ့် မြန်မာဗုဒ္ဓဘာသာနဲ့ ကွဲပြားခြားနားပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာစစ်တပ်နဲ့ အစိုးရဟာ ရိုဟင်ဂျာ မွတ်စလင်တွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတာကြောင့် တရားမျှတမှု ရှိလာအောင် ICJ နဲ့ ICC တရားရုံးတွေက လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်ရောက် တိုင်းရင်းသားတွေက ပြောဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အစိုးရကသာ အားပေးကူညီ လာမယ်ဆိုရင် ပြည်တွင်းထုတ်ကုန်လုပ်ငန်း ကဏ္ဍ တိုးတက်လာမှာဖြစ်ပြီး၊ ပြည်တွင်းစီးပွားရေး တိုးတက်လာစေမှာဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမှာဖြစ်တယ်လို့ SME ခေါ် အသေးစားအလတ်စား လုပ်ငန်းရှင်တချို့က ပြောကြားလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ Bubble tea ဖျော်ရည် ကြိုက်နှစ်သက်သူတွေ အပန်းဖြေနိုင်မယ့် ကစားကွင်းတွေ ဖန်တီးလာတဲ့အကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံ တောင်ပေါ်ဒေသကထွက်တဲ့ ကော်ဖီတမျိုး အောင်မြင်လာနေတဲ့အကြောင်း Ira Mellman ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်