စင်္ကာပူနိုင်ငံမှာ ပြည်သူတွေ တတ်နိုင်သမျှ နေအိမ်အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန် ကန့်သတ်ထားတဲ့ကြားကပဲ ဒီရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် သိသိသာသာ တိုးလာတဲ့အထဲမှာ မြန်မာနိုင်ငံသား (၂၀)ကျော်လည်း ကူးစက်ခံထားရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးလာတဲ့ မလေးရှားနိုင်ငံမှာ ရောဂါပိုးရှိမရှိဆိုတာကို ကားနဲ့တန်းစီရင်း စစ်ဆေးခံနိုင်တဲ့ ဝန်ဆောင်မှုတွေ ရှိလာတဲ့ အကြောင်းနဲ့ ကာဂျစ်စတန်နိုင်ငံက ကင်ဆာဝေဒနာရှင်တစုဟာ ဈေးကွက်မှာ လိုအပ်နေတဲ့ နှာခေါင်းစည်း MASK တွေချုပ်ရင်း ဆေးကုစရိတ် ထောက်ပံ့ငေ ွရှာနေတဲ့အ ကြောင်း တင်ပြမှာပါ။
ဧပြီ ၀၉၊ ၂၀၂၀ - တရုတ်ပြည်မှာ အရင်းရှင်စီးပွားရေးစနစ် အကြပ်အတည်း ဖြစ်နေတာကို ထွက်ပေါက်ရအောင် ခေတ်သစ် ပိုးခါးပတ်လမ်းကြောင်း တည်ဆောက်ဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း ဦးအောင်ခင်က ရးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
စင်္ကာပူရောက် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို ၂ ပတ်ကြာ နေအိမ်အပြင်မထွက်ပဲနေကြဖို့ဆိုတဲ့ စင်္ကာပူအစိုးရရဲ့ အမိန့်ဟာ အလုပ်သမားတွေကြား ရောဂါကူးစက်မှု ပိုများလာနိုင်ပြီး ထိန်းမရအောင် ဒုက္ခရောက်သွားနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးအဖွဲ့ Amnesty International AI က ထောက်ပြ ဝေဖန်လိုက်ပါတယ်။
သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းအတွင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ အသွားအလာတွေကိုပါ ကန့်သတ် တားမြစ်ချက်ကို စနေနေ့က ထုတ်ပြန်ပါတယ်။
နိုင်ငံခြားကပြန်လာသူတွေကို ၂ ပတ်ကြာ သီးခြားခွဲနေစေတဲ့ မြန်မာအစိုးရက လုပ်ဆောင်နေတဲ့ အစီအစဉ်ဟာ စိတ်ကြေနပ်စရာ ကောင်းပေမဲ့ လိုအပ်ချက်တချို့ ရှိနေသေးတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အမေရိကန်ပြည်ထောင်စုကနေ ရန်ကုန်လေဆိပ်ကို ပြန်ရောက်သွားသူ တချို့က VOA ကိုပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်စိုးရိမ်နေရဆဲဖြစ်တဲ့ ခုလိုကာလအတွင်း ပစ္စည်းလိုက်ပို့တဲ့ စက်ရုပ်တွေ တရုတ်နိုင်ငံမှာ အရောင်းတွင်ကျယ် လာတဲ့အကြောင်းနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ဘီယာ၊ အရက်အစား လက်ပိုးသတ်တဲ့ဆေးရည်တွေ ပြောင်းထုတ်လာကြတဲ့အ ကြောင်း Ira Mellman ရဲ့ သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ ။
ဧပြီ ၂၊ ၂၀၂၀ - တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံ အကောင်ထည် ဖေါ်လာရင်ကော အရင်အတိုင်း ဖြစ်လေမလားဆိုပြီး စိုးရိမ်မှုတွေ ရှိကြတဲ့အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒီတပတ် အာရှ စီးပွားရေးကဏ္ဍမှာတော့ ကိုရိုနာဗိုင်းရပ် ကူးစက်မှုနှုန်း သိသိသာသာ လျော့က်လာတဲ့ တရုတ္နိုင်ငံမွာ စားသောက်ဆိုင်နဲ့ လက်လီလက်ကားဆိုင်တွေ သတိနဲ့ ပြန်ဖွင့်လာကြပြီ ဆိုတဲ့အကြောင်း ရိုက်တာသတင်းကို အခြေခံပြီး တင်ပြချင်ပါတယ်။
မတ် ၂၆၊ ၂၀၂၀ - တရုတ်ပြည်ရဲ့ အကျိုးစီးပွားကို ကာကွယ်ရေးနဲ့ မြှင့်တင်ရေးအတွက် အိမ်နီးချင်း နိုင်ငံတွေနဲ့ အဆင်ပြေရေးဟာ အလွန်အရေးကြီးတယ်လို့ တရုတ်အစိုးရက ယူဆပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လေကြောင်းလိုင်းတွေ ထိခိုက်တာ၊ စားသောက်ဆိုင်တွေနဲ့ ဘားဆိုင်တွေ ရပ်နားထားရလို့ လူတွေ အလုပ်လက်မဲ့ဖြစ်လာတာ၊ စီးပွားရေး ထိခိုက်ကျဆင်းလာတာတွေကြောင့် သမ္မတ Trump အစိုးရက ဒေါ်လာ ၁ ထရီလျံတန် စီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ်ကို မကြာခင် စတင်ကျင့်သုံးဖို့ ရှိနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အမေရိကန် ပြည်နယ်အတော်များများမှာ စက်ရုံအလုပ်ရုံတွေ ရပ်နားထားလိုက်ပြီဆိုပေမယ့် မြန်မာလူမျိုးအများစုရှိရာ Indiana ပြည်နယ်၊ Fort Wayne မြို့က စက်ရုံတချို့မှာတော့ ရောဂါကူးစက်ခံရမှာ စိုးရိမ်နေတဲ့ကြားကပဲ အလုပ်ဆက်ဆင်းနေရတယ်လို့ မြန်မာလုပ်သားတွေက ဗွီအိုအေကို ပြောပြကြပါတယ်။
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားနဲ့ နယူးယောက်ပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုအန္တရာယ်ကို တားဆီးနိုင်ရေးအတွက် မလိုအပ်ပဲ ပြည်သူတွေ အိမ်ပြင် မထွက်ကြဖို့ အအရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကမ္ဘာ့ ငွေကြေးဈေးကွက် ထိခိုက်လာတဲ့အခြေအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ စတုတ္ထအကြီးဆုံးဘဏ် YES ဒေဝါလီခံရမယ့်အရေးက လွန်မြောက်အောင် ဗဟိုဘဏ်က ကျားကန်ပေးခဲ့ရတဲ့အကြောင်း Ira Mellman ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မတ် ၁၉၊ ၂၀၂၀ - တရုတ်ကွန်မြူနစ် တော်လှန်ရေးကို နိုင်ငံခြားတင်ပို့တဲ့နေရာမှာ ခေါင်းဆောင် မော်စီတုန်းဟာ နာမည်ကြီးပါတယ်။ မော်စီတုန်း အမွေကို ဆက်ခံတဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်ကတော့ တရုတ်ရဲ့ဖွံ့ဖြိုးရေး ပုံစံကို နိုင်ငံခြားတင်ပို့ဖို့ ကြိုးပမ်းနေကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထား
အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေမှာ မကြာခင် ဆောင်းရာသီကုန်ဆုံးပြီး နွေဦးပေါက်တော့မှာ ဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကနေ သက်သာရာရလေမလားဆိုပြီး မျှော်လင့်နေသူတွေ ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် ကာကွယ်တားဆီးရေး မြန်မာနိုင်ငံက အရှိန်မြှင့်ဆောင်ရွက်ဖို့ ကြိုးပမ်းနေပေမဲ့ လုံလောက်မှု ရှိပါ့မလားဆိုတာကို ကျန်းမာရေး ပညာရှင်တွေ စိုးရိမ်နေကြပါတယ်။
မတ် ၁၂၊ ၂၀၂၀ - တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတက ဝင်ငွေကို တိုင်းသူပြည်သားအတွက် အကျိုးရှိအောင်သုံးနိုင်မှ နိုင်ငံ တိုးတက်ဖွံ့ဖြိုးနိုင်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက အခုဆိုရင် အရှေ့ဘက်ခြမ်း နယူးယောက်၊ မေရီလန်းပြည်နယ်တွေအထိ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အာဏာပိုင်တွေ အရေးတကြီး ကိုင်တွယ်ဆောင်ရွက်လာကြသလို ဒီပြည်နယ်တွေမှာ နေထိုင်ကြတဲ့ မြန်မာအသိုင်းအဝိုင်း ကြားမှာလည်း စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
ကမ္ဘာတဝှမ်းမှာ အမျိုးသမီးအခွင့်အရေးအတွက် ကြိုးပမ်းမှုတွေ ဆယ်စုနှစ်နဲ့ချီ ရှိလာနေပြီဖြစ်ပေမဲ့ တိုးတက်မှုကတော့ နှေးကွေးနေဆဲ ဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့ မတိုင်ခင်မှာပဲ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်