VOA to Asia ဌာနရဲ့ အပတ်စဉ် စီးပွားရေးကဏ္ဍမှာတော့ နွေရာသီ တိုကျိုအိုလံပစ်ပွဲမှာ အဆင်သင့်စား Halal ဟာလာ-အစားအသောက်တွေ တင်ပို့ ရောင်းချဖို့ မလေးရှားကုမ္ပဏီတခုက ကြိုးပမ်းနေတဲ့အကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှန်ဟိုင်းမြို့ပုံမှန်ပြန်ရောက်ဖို့ ကျိုးပမ်းတဲ့အကြောင်းတင်ပြမှာပါ။
လန်ဒန်မြို့တော် ကော်ပိုရေးရှင်း(City of London Corporation)က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မတ်လ (၅)ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
မတ် ၅၊ ၂၀၂၀ - တိုင်းပြည် တိုးတက်ဖွံ့ဖြိုးဖို့အတွက် ပြည်သူပြည်သားမှား စွမ်းအားရှိဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုမှာ စွမ်းအားရှိလာအောင် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍကို အရင်းအနှီး အများကြီး စိုက်ထုတ်ဖို့ လိုအပ်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ လူတွေ အသုံးပြုဖို့ နှာခေါင်းစည်းတွေ ယာယီပြတ်လပ် နေပါတယ်။ အိမ်နီးချင်း ရုရှားနိုင်ငံမှာတော့ နှာခေါင်းစည်းကို နှစ်ဆတိုးပြီး ထုတ်လုပ်နေပါတယ်။ ရိုက်တာ သတင်းတပုဒ်ပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပေးပါမယ်။
ဂျပန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးနိုင်ရေးမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း စနေနေ့တုန်းက ဂျပန်ဝန်ကြီးချုပ် Shinzo Abe က တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးကြုံနေရတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မယ့် အစီအစဉ်တွေ တိုးမြှင့်လာနေပါတယ်။ ကူးစက်မှု အဓိကဖြစ်ပွားနေတဲ့ Daegu မြို့မှာလည်း မြန်မာနိုင်ငံသားတွေအပါအဝင် မြို့ခံတွေ သတိထား သွားလာနေကြရတာပါ။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာ အော်စကာဆုတွေ အများကြီးရသွားတဲ့ "Parasite" တောင်ကိုရီးယားဇာတ်ကား ဝင်ငွေတိုးရနေတဲ့အကြောင်းနဲ့ နာမည်ကျော် K-pop တေးဂီတလွှမ်းမိုးမှုကနေ ဖောက်ထွက်ဖို့ Heavy Metal လူငယ်ဂီတသမားတွေ ရုန်းကန်နေကြတဲ့အကြောင်း Ira Mellman ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၀ - စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပုဂ္ဂလိက လုပ်ငန်းကဏ္ဍ ရှင်သန်ကြီးထွားရေးဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီနေရာမှာလည်း မြန်မာပြည်ဟာ ဒေသဆိုင်ရာမှာ နောက်တန်းက လိုက်နေကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ အစိုးရက အင်တာနက်လိုင်းတွေ ပိတ်ပင်ထားတာကြောင့် ပြန်ဖွင့်ပေးဖို့ ပြီးခဲ့တဲ့ သတင်းပတ်ကုန်က စစ်တွေမြို့မှာ ကျောင်းသားတွေနဲ့ သံဃာတော်တွေ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ AFP သတင်းပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ အစိုးရက ပိတ်ပင်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ ဖေဖော်ဝါရီ ၂၂ ရက်က စစ်တွေမြို့မှာ ကျောင်းသားတွေနဲ့ သံဃာတော်တွေ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဆုံးခံနေရတဲ့ အာရှနိုင်ငံထဲက ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာတော့ ကူးစက်မှုအသစ်တွေ တိုးလာနေတဲ့အတွက် သတိထားကြဖို့ အာဏာပိုင်တွေ နှိုးဆော်နေပါတယ်။
တရုတ်နိုင်ငံကစတင်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ခရီးသွားလာမှုတွေကို နိုင်ငံအတော်များများက ကန့်သတ်လိုက်တဲ့ အတွက် မြန်မာခရီးသွားတွေနဲ့ လုပ်ငန်းရှင်တွေ အခက်ကြုံနေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူထောင်ချီသေဆုံးပြီး သောင်းနဲ့ချီ ရောဂါကူးစက်ခံနေရတဲ့ တရုတ်နိုင်ငံမှာ ဒီရက်ပိုင်းထဲ သေဆုံးသူအရေအတွက် အနည်းငယ် ကျဆင်းလာသလို၊ နောက်ထပ် ကူးစက်ခံရသူ အရေတွက်လည်း လျော့လာနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သောင်းနဲ့ချီ ရောဂါကူးစက်ခံနေရတဲ့ တရုတ်နိုင်ငံမှာ ဒီရက်ပိုင်းထဲ သေဆုံးသူအရေအတွက် အနည်းငယ် ကျဆင်းလာသလို၊ နောက်ထပ် ကူးစက်ခံရသူ အရေတွက်လည်း လျော့လာတာကြောင့် ဘေဂျင်းမြို့တော်က ပြည်သူတွေဟာ တင်းကြပ်ထားတဲ့စည်းမျဉ်းတွေနဲ့ အညီနေထိုင်ရင်း လမ်းမတွေပေါ် ပြန်ထွက်စ ပြုလာကြပြီဖြစ်ပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ် စီးပွားရေးကဏ္ဍမှာတော့ ပနားမားနိုင်ငံထွက် ဂေးရှား ကော်ဖီကို အာရှနဲ့ အမေရိကန်ဈေးကွက်မှာ ထိုးဖောက်ဖု့ိ လုပ်ဆောင်လာတဲ့အကြောင်းနဲ့ အလုပ်သမား ရှားပါးလာတဲ့ ဂျပန်နိုင်ငံမှာ အဖျော်ယမကာ စပ်ပေးတဲ့စက်ရုပ်တွေ သုံးလာတဲ့အကြောင်း Ira Mellman ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာစိုးလို့ အိမ်မှာပဲနေနေရတဲ့ တရုတ်နိုင်ငံသားတွေဟာ ကျောင်းတက်တာကအစ စီးပွားရေးလုပ်ငန်းနဲ့ အစိုးရလုပ်ငန်းတွေ ကျန်းမာရေး ဝန်ဆောင်မှုတွေကိုပါ အွန်လိုင်းပေါ်မှာပဲ လုပ်လာကြပါတယ်။ AFP သတင်းပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပေးပါမယ်။
ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၀ - အာဆီယံ(၈)နိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အား သုံးစွဲမှု ပိုမိုများပြားလာသလို၊ လေထုသန့်စင်ရေးစနစ် သုံးစွဲမှုလည်း များပြားလာကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ နိုင်ငံတော်တော်များများမှာ အသွားအလာတွေကို ကန့်သတ်လာရာက ကုန်သွယ်မှု တွေကိုပါ ထိခိုက်လာနေတဲ့အထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ ဒီအကြောင်း Reuters သတင်းဆောင်းပါးကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပေးပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ကြိုးပမ်းတဲ့အနေနဲ့ နိုင်ငံတော်တော်များများမှာ အသွားအလာတွေ ကန့်သတ်လာရာက ကုန်သွယ်မှုတွေကိုပါ ထိခိုက်လာနေတဲ့အထဲ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံကို ဖရဲသီးလို စားသောက်ကုန်တွေ တင်ပို့နေကြတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေ အထိနာနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်