မြန်မာနိုင်ငံတွင်းမှာ COVID-19 ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ဆောင်ရွက်ရေး ကာလအတွင်း တပ်မတော်ဘက်က အခု တနင်္ဂနွေနေ့ကစပြီး ၄ လနီးပါးကြာ အပစ်အခတ် ရပ်စဲလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား တွေထဲက ပြည်တော်ပြန်လိုသူ (၂၀၀)ကျော်ရှိတဲ့ အထဲက (၆)ဦးကတော့ ပထမဆုံးအသုတ်အနေနဲ့ မေလ(၈)ရက် MAI လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ရောက်သွားပြီဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ပြောပါတယ်။
ဗီယက်နမ်မှာ အထည်ချုပ် ဒီဇိုင်နာတွေက နှာခေါင်းစည်း လှလှ လေးတွေ ချုပ်ရောင်းလာကြတဲ့ အကြောင်းနဲ့ ဟောင်ကောင်မှာတော့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အိမ်ပြင်မထ ွက်ရဲကြတဲ့ သက်ကြီးရွယ်အိုတွေကို တန်ဖိုးနည်းထမင်းဗူး ချက်ရောင်းနေသူတွေရှိကြောင်း Ire Mellman ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။
မေ ၀၇၊ ၂၀၂၀ - မြန်မာ့စီးပွားရေးမှာ မူးယစ်ဆေးလုပ်ငန်းလည်း ပါဝင်တာပါ။ တရားဝင်လုပ်ငန်း မဟုတ်ပေမယ့်၊ တိုင်းပြည်အသားတင် ကုန်ထုတ်လုပ်မှုရဲ့ (၁)% ကျော်ကျော်ရှိတဲ့ လုပ်ငန်းဖြစ်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း လက်ရှိ လည်ပတ်နေဆဲ စက်ရုံတွေထဲက တချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကြုံနေရပြီး ကျန်းမာရေးအန္တရာယ် စိုးရိမ်နေရပေမယ့်လည်း အလုပ်ဆက်ဆင်းနေရသူတွေ ရှိသလို မကြာခင် ပြန်ဖွင့်တော့မယ့် လုပ်ငန်းခွင်အတွက် စိုးရိမ်နေကြတဲ့ မြန်မာ စက်ရုံလုပ်သားတွေလည်း ရှိနေပါတယ်။
မလေးရှားနိုင်ငံကို အဝင်မခံပဲ ပြန်မောင်းထုတ်လိုက်လို့ ပင်လယ်ပြင်ထဲမှာ မျောနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အနေနဲ့ မလေးရှားအစိုးရက ခိုလှုံခွင့် ပေးသင့်တယ်လို့ Refugees International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာလ အင်ဒိုနီးရှားနိုင်ငံ ဆေးရုံတချို့က စက်ရုပ်တွေ သုံးလာတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က သားစိမ်းငါးစိမ်းဈေးကို ပြန်ဖွင့်လိုက်တဲ့အပေါ် ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်နေတဲ့အကြောင်း Ire Mellman ရဲ့သတင်းလွှာကို တင်ပြမှာပါ။ ကျနော် ဉာဏ်ဝင်းအောင်ပါခင်ဗျာ။
ဧပြီ ၃၀၊ ၂၀၂၀ - ရှမ်းနဲ့ ကချင်ပြည်နယ်မှာ ဘိန်းအစားထိုးဖို့ ရည်ရွယ်တဲ့ ရာဘာနဲ့ ပြောင်းဖူးပင်တွေကို တရုတ္ကုမ္ပဏီနဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်ပြီး စိုက်ပျိုးကြပါတယ်။ ဒါပေမဲ့ ဒေသခံတောင်သူတွေ ပိုဆင်းရဲလာပြီး ဘိန်းအထွက်နှုန်းလည်း တိုးပွားလာကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကြောင့် အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ လူ ထောင်ပေါင်းများစွာဟာ စားသောက်ရေး အခက်ကြုံနေရပြီး ဒါကို ကူညီနိုင်ဖို့ လူမှုရေးအဖွဲ့တွေက ထမင်းဟင်းတွေ ချက်ပြုတ်ပြီး အစားအသောက်တွေ လိုက်လံဝေမျှ ပေးနေပါတယ်။ နယူးဒေလီမြို့က Anjana Pasricha ပေးပို့တဲ့ သတင်းကို တင်ပြချင်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီး ဆေးရုံတက်လိုက်ရတဲ့ မြန်မာ အမျိုးသမီးငယ်တဦးဟာ ရောဂါလက္ခဏာ ပျောက်ကင်းသက်သာပြီး ဆေးရုံက ပြန်ဆင်းလာချိန်မှာ နေစရာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအများဆုံးနဲ့ သေဆုံးမှုအများဆုံး ဖြစ်နေတဲ့ နယူးယောက်မြို့မှာ COVID-19 ကူးစက်ပြီး သေဆုံးသွားတဲ့ မြန်မာလူမျိုး အနည်းဆုံး ၁၇ ဦး ရှိနေပြီလို့ နယူးယောက် မြန်မာအသိုင်းအဝိုင်းက ဗွီအိုအေကို ပြောပါတယ်။
စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားတဲ့ မြန်မာလူမျိုး (၁၄၀)နီးပါး ရှိသွားပြီလို့ လူနာတွေနဲ့ နီးစပ်သူတချို့က VOA ကို ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ရောဂါကူးစက်မှုပမာဏ ပိုများလာနေတဲ့ စင်္ကာပူမှာ ပြည်တော် ပြန်ချင်ကြတဲ့ မြန်မာနိုင်ငံသား အများအပြားရှိနေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပါတယ်။
နူကလီးယားအန္တရာယ် ကြုံခဲ့ရတဲ့ ဖူကူရှီးမားဒေသမှာ ခုတော့ အခြေနေ တွေ ပြန်ကောင်းလာပြီမို့ စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်လာကြတဲ့ အကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေး မနေကြဖို့ သတ်မှတ်ထားချိန် စင်္ကာပူနိုင်ငံမှာတော့ နိုက်ကလပ်တွေကို အွန်လိုင်းကတဆင့် ကျင်းပလာကြတဲ့ အကြောင်း တင်ပြမှာပါ။
ဧပြီ ၂၃၊ ၂၀၂၀ - ကချင်ပြည်နယ်မှာ တရုတ်ကုမ္ပဏီတွေရဲ့ တစ်ရှုးငှက်ပျော စိုက်ခင်းတွေ တိုးပွားနေတဲ့အတွက် စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲပြီး ဒေသခံတွေကို အန္တရာယ် မဖြစ်စေဖို့ အမျိုးသားလွှတ်တော်က ပြည်ထောင်စုအစိုးရကို ဒီဇင်ဘာလတုန်းက တိုက်တွန်းခဲ့ရပါတယ်။ ဒီအကြောင်း ဦးအောင်ခင်ကသုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်
ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ COVID-19 ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးမှာ မပြည့်စုံတာတွေ ရှိနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်း ထိခိုက်လာသလို လမ်းဘေးဈေးသည်တွေပါ စီးပွားကျလာတဲ့ အကြောင်းနဲ့ နိုင်ငံခြားပို့ကုန်ပေါ် အားထားတဲ့ ဟောင်ကောင်မှာ အခုတော့ ဒေသခံ တောင်ယာသမားတွေရဲ့ သီးနှံတွေ ပိုရောင်းရလာတဲ့အ ကြောင်း Ira Mellman ရဲ့သတင်းလွှာကို တင်ပြမှာပါ။ ကျနော် ဉာဏ်ဝင်းအောင်ပါ။
Covid-19 ကပ်ရောဂါ ကာလဆိုပေမဲ့ ကမ္ဘာတလွှားက လူတွေဟာ အနည်းဆုံး အ ွန်လိုင်းကနေဖြစ်ဖြစ် လူစုတဲ့လှုပ်ရှားမှု ပျော်ပ ွဲရွှင်ပ ွဲ/ ပါတီ စတာတွေ ကျင်းပနိုင်မယ့် နည်းလမ်းတွေ ရှာဖေ ွနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ Skype နဲ့ Zoom Software တွေသုံးပြီး အခက်ခဲကို ဖြေရှင်းနေကြပါတယ်။
ဧပြီ ၁၆၊ ၂၀၂၀ - တရုတ် ပိုးခါးပတ်လမ်းကြောင်း အစီအစဉ်အရ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတွေအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အွန်လိုင်းကနေ အကောင်းဆုံး ဖြေရှင်းပေးမယ့် နည်းလမ်းရှာတဲ့ နည်းပညာ ပြိုင်ပွဲတရပ်ကို ဧပြီလ ၉ ရက်နဲ့ ၁၀ ရက်မှာ. ကျင်းပပြီး ၁၂ ရက်နေ့မှာ ဆုပေးမယ့် အကြောင်း Mike OSullivan သတင်းပို့ထားတာကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
အရှေ့အလယ်ပိုင်းဒေသ ဂျော်ဒန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အစိုးရကထုတ်ထားတဲ့ အိမ်ပြင်မထွက်ရအမိန့် မလိုက်နာပဲ ချိုးဖေါက်သူတွေရဲ့ မော်တော်ကား အ မြောက်အများ သိမ်းဆည်း ခံထားရတဲ့အ ကြောင်း ရိုက်တာသတင်းပေါ် အခြေခံပြီး တင်ပြချင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်