"အန်ကယ်လ်တို့လည်း ဒီ ရရှိထားတဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ပေါ့လေ ညှိနှိုင်းနေတဲ့ကိစ္စကြီးကို ပျက်စီးမသွားစေချင်ဘူး။ အဲ့ဒါကိုတော့ နည်းနည်း သဘောထားကြီးကြီးနဲ့ ထိန်းသွားမှာပါ။" - NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ
ချင်းကျောင်းသားတွေ ချင်းပြည်နယ်တွင်းမှာပဲ တက္ကသိုလ်ပညာဆည်းပူးနိုင်ရေး ချင်းပြည်နယ်တွင်း အစိုးရအသိအမှတ်ပြု ကိုယ်ထူကိုယ်ထ တက္ကသိုလ် ထူထောင်နိုင်ရေး ချင်းနိုင်ငံရေးပါတီတွေ၊ လွှတ်တော်အမတ်တွေနဲ့ ဆရာဆရာမ၊ မြို့မိမြို့ဖတွေက ကြိုးစားနေကြပါတယ်။
တပ်မတော်သားတွေ ပါဝင်ကျူးလွန်နေတဲ့ ပြစ်မှုတချို့အတွက် အခုအချိန်အထိ ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်းမရှိသေးဘူးလို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ဝေဖန်လိုက်ပြီး တရားစီရင်ရေးနဲ့ပတ်သက်လို့ အများပြည်သူ သိအောင် ထင်သာမြင်သာဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
"ဆရာကြီးဟာ သူမတူအောင် ထူးခြားတဲ့ နှစ်ယောက်မရှိတဲ့ အင်မတန်မှ စံပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီးမို့လို့ ကျနော်တို့ အဝေးကနေ ပြီးတော့ ပင်ပန်းသော်လည်းပဲ လာရောက် ဂါရဝပြုကြတာ ဖြစ်ပါတယ်။"
"ကျနော် အဓိက ပြောချင်တာက တယောက်ချင်း၊ တယောက်ချင်းရဲ့ ထိန်းနိုင်သမျှ ထိန်းမယ်။ ဒီအမှိုက်ကိစ္စကအစ၊ ရေကိစ္စကအစ ညစ်ညမ်းမှုကိစ္စကအစ အကုန်လုံး ကိုယ်နိုင်သရွေ့ တယောက်ချင်း အသိနဲ့ ထိန်းရမှာပေါ့လေ"
ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေဟာ ဒသတွင်း မမှန်သတင်းတွေ လူထုကြား ချဲ့ကားရာက စတင်ဖြစ်ပေါ်လာတာကြောင့် အလားတူ ပြဿနာမျိုး မဖြစ်ရအောင် အာဏာပိုင်တွေဘက်က သတင်းမှန်ထုတ်ပြန်ရေးနဲ့ လုံခြုံရေးသတိထားဆောင်ရွက်ဖို့ လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့အတွက် တိုင်းရင်းသားအဖွဲ့ဝင်တဖွဲ့ဖွဲ့ကို စစ်ရေးတိုက်ခိုက်မှုရှိနေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်သုံးသပ်မှာဖြစ်ကြောင်း NCCT ခေါင်းဆောင်ပိုင်းက ပြောပေမယ့် မြန်မာငြိမ်းချမ်းရေးစင်တာဘက်ကတော့ ဆွေးနွေးပွဲတွေဟာ ပုံမှန်အတိုင်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
ယေရှုခရစ် ရှင်သန်ထမြောက်တော်မူတဲ့နေ့ အီစတာပွဲတော်နေ့ အထိန်းအမှတ် ကမ္ဘာတဝှမ်း ခရစ်ယာန်ဘာသာဝင်တွေ ကျင်းပကြချိန် မြန်မာပြည်က ခရစ်ယာန်ဘာသာဝင်တွေအတွက်လည်း အမေရိကန်ရောက် မြန်မာတွေက ဆုတောင်း မေတ္တာပို့ပေးနေကြပါတယ်။
Agrate မြို့တော်ဝန်ကနေပြီးတော့ မြန်မာနိုင်ငံမှာပေါ့ စစ်အာဏာရှင် စနစ်ကိုပေါ့နော် တွန်းလှန်နေတဲ့ ဒီမိုကရေစီကို လိုချင်တဲ့ အဖိနှိပ်ခံရတဲ့ အမျိုးသမီးတစ်ယောက်ကို သူတို့နိုင်ငံကနေပြီးတော့ ဒီ မြို့တော်သူ အဖြစ် ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်တယ်။ ထိုက်ထိုက်တန်တန် သူတို့ပေးတယ်ဆိုတာမျိုူးကို သူတို့ ရှင်းပြပါတယ်။
"ဒီနှစ်ကတော့ ကျနော်တို့ အရင်နှစ်တွေနဲ့ မတူဘူး။ လုံခြုံရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ လမ်းတွေရော၊ မဏ္ဍပ်တွေရော ပိုက်စိပ်တိုက်ပြီးတော့ အင်အားတွေ တိုးမြှင့်ချထားတဲ့အတွက်ကြောင့် လူတွေ၊ ပြည်သူတွေကလည်း အရင်နှစ်တွေကထက်စာရင် စည်းနဲ့ကမ်းနဲ့ ပြဿနာတွေ နည်းပါတယ်"
“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လို မဖြစ်ခင်မှာ တပ်မတော်ဘက်က မြေပြင်အနေအထားပေါ့လေ ရနိုင်သလောက် ယူချင်တယ်။ ရနိုင်သလောက် တိုးချဲ့ထားချင်တယ်။ ရနိုင်သလောက် ထိန်းချုပ်ထားချင်တယ်။ အဲ့ဒီသဘောတော့ ရှိတယ်နဲ့တူတယ်” - ဗိုလ်မှူးကြီး ခွန်ဥက္ကာ
"ကျမတို့ရဲ့ ပြဿနာတွေကို အများ သတိမူလာတာနဲ့အတူ နားလည်း နားလည်စေချင်ပါတယ်။ အပေါ်ယံ မဆိုစလောက်သာ မြင်နေကြရတာထက် တကယ်ရှိနေတဲ့ ပြဿနာတွေဟာ မှန်ကန်တဲ့ နည်းလမ်းနဲ့ မကိုင်တွယ်မချင်း ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး"
မင်္ဂလာဒုံလေဆိပ်အတွင်း Golden Air Myanmar က ညအိပ်ရပ်နားထားတဲ့ MAI လေယာဉ်ကို ဝင်တိုက်မိတာကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းနဲ့ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
၂၀၁၄ ခုနှစ် နှစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် လုံခြုံရေးကို စနစ်တကျ ပြင်ဆင်ထားသလို မဏ္ဍပ်တိုင်းကို စောင့်ကြည့်ပေးနေကြတဲ့အတွက် ခိုက်ရန်ဖြစ်ပွားမှု အရင်နှစ်တွေထက် နည်းပါးကြောင်း တာမွေစခမ်းမှူးက ပြောသလို တက်ကြွလှုပ်ရှားသူတွေကလည်း ပန်းစကားလှုပ်ရှားမှုနဲ့ သင်္ကြန်ပွဲ ငြိမ်းချမ်းဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာဖြစ်ခဲ့တဲ့ NGO ရုံးတွေ အတိုက်ခံရမှုနဲ့ ဆက်စပ်ပြီး ထိန်းသိမ်းခံခဲ့ရတဲ့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဟာ ထိန်းသိမ်းခံကာလအတွင်း ကျန်းမာရေးချွတ်ယွင်းပြီး ကွယ်လွန်သွားခဲ့ပါတယ်။
"ကျနော်တို့ ဘာလင်မှာရှိနေတဲ့ Burmese Community ပေ့ါနော် ဗမာအသိုင်းအဝိုင်းက ဒေါ်စုလာတဲ့အချိန် သူတို့စောင့်ပြီးတော့ ကြိုကြမှာပေါ့လေ။ ပန်းစီးတွေဘာတွေနဲ့ ကြိုကြဖို့ အစီအစဉ်လုပ်ထားတာ ရှိပါတယ်" - ဦးနွယ်အောင်
"အမုန်းစကားတွေကနေပြီးတော့ အခြေခံပြီးတော့ ဖြစ်သွားကြတဲ့ဟာတွေ ဖြစ်တဲ့အတွက် ဒီဟာလေးတွေကိုတော့ ကိုယ့်ပါးစပ်ကိုယ် သတိထားပြီးတော့ ကိုယ်ပြောတဲ့စကားလေးဟာ တခြားသူတွေကို သွားပြီးတော့ ထိခိုက်စေနိုင်တဲ့ပုံစံမျိုး မဖြစ်အောင် သတိထားသင့်တယ်ဆိုတဲ့ မက်စေ့ချ်လေး ပေးချင်တာပါ"
ဂျာမနီနိုင်ငံသမ္မတရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်ဧည့်သည်အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး ဂျာမနီ ခရီးစဉ်ကို ဧပြီလ (၉) ရက်နေ့မှာ ထွက်ခွာမှာဖြစ်ပြီး Willy Brandt ဆုကိုလည်း လက်ခံရယူမှာဖြစ်ပါတယ်။
မြန်မာ (၇) တန်းကျောင်းသား အသက် (၁၂) အရွယ် မောင်လွင်မိုးအောင်ဟာ အင်္ဂလိပ်စာ စာလုံးပေါင်းရာမှာ ထူးချွန်ပြီး (၄) နှစ်ဆက်တိုက် ကျောင်းတွင်းမှာ ဗိုလ်စွဲခဲ့ပြီးတဲ့နောက် ဒီနှစ်မှာတော့ ဒေသတွင်းပြိုင်ပွဲကိုပါ အနိုင်ရပြီးဖြစ်တဲ့အတွက် တနိုင်ငံလုံးအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
"မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် ဒေသမှာ ပြောင်းလဲမှုတွေနဲ့ အခက်အခဲ တွေကို လက်တွေ့ ခံစားနေရတဲ့ လူတွေလည်း ဖြစ်တဲ့အတွက်ကြောင့် မို့ တော်တော်များများ issue တွေပေါ့ ဒေသမှာဖြစ်နေတာတွေ အကုန်လုံး ခြုံငုံပြီး တင်ပြနိုင်လိမ့်မယ်လို့ ယူဆပါတယ်။" ကချင့်အရေးလှုပ်ရှားသူ မခွန်ဂျာ
နောက်ထပ်ကြည့်ရှုရန်