"ကမ္ဘာ့ရေနေ့ဖြစ်တဲ့အတွက် ကမ္ဘာက ထုတ်ထားတဲ့ ဦးတည်ချက်အတိုင်းပဲ လုပ်ရပါတယ်။ နောက်တခုက အဲ့ဒီ ကမ္ဘာက ထုတ်တဲ့ ဦးတည်ချက်ကလည်း အရေးကြီးဆုံး ဦးတည်ချက်ဖြစ်ပါတယ်။ အဲ့ဒါက Water and Energy ပေါ့နော်။" - ဒေါက်တာ ဒေါ်ခင်နီနီသိန်း
"ကျနော်တို့ဟာ လျှို့ဝှက်ချက်ကို တစုံတရာ ချိုးဖောက်တာမဟုတ်ဘူး။ အလွန်ဆုံးဖြစ်လှ ဒါ အမိန့်ကို မနာခံခြင်းသာ ဖြစ်တယ်ဆိုတဲ့ လိုင်းနဲ့ ကျနော်တို့က တက်တာ။ အဲ့ဒီအပေါ်မှာ အခြေအနေကို ပြောရင်တော့ ကောင်းပါတယ်။"
၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် အာဆီယံ ရုပ်ရှင်ပွဲတော်ကို ပြသနေပြီး အာဆီယံရုပ်ရှင်ဇာတ်ကားနာမည်စာရင်းတွေနဲ့ ဝင်ခွင့်လက်မှတ်တွေကို ကြည့်ရှုလိုသူ မည်သူမဆို အခမဲ့ထုတ်ယူနိုင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေး ကနေဒါရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
"ဒီကနေ့ မြန်မာ့နိုင်ငံရေးဟာ ဟိုတုန်းကလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တခုတည်း ပြောလို့မရတော့ပါဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုအရေးဆိုတဲ့ အရေးနှစ်ပါစုံ ဖြေရှင်းရမယ့် အချိန်ရောက်ပြီလို့ ကျနော်တို့က ပြောပါတယ်။"
"ဒီထက်ဆိုးတာက အစိုးရဘက်က တာဝန်ရှိတဲ့လူကြီးတွေက ဒီလိုမျိုး သေသေချာချာ စီစဉ်ပြီးတော့မှ အနီးကပ်မှ ဖျက်သိမ်းတဲ့အတွက် ဒီအစိုးရအပေါ်မှာ ယုံကြည်မှုက လျော့ပါးသွားပြီခင်ဗျ။" NNER ရဲ့ မူဝါဒရေးရာအဖွဲ့ဝင် ဒေါက်တာသိန်းလွင်
ဖေဖော်ဝါရီလဆန်းပိုင်းက မလေးရှားနိုင်ငံရောက် ရခိုင်လူမူအဖွဲ့အစည်းတွေရဲ့ဖိတ်ကြားချက်နဲ့ သွားရောက်ခဲ့ကြတဲ့ ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တို့ပါဝင်တဲ့ ရခိုင်နိုင်ငံရေးပါတီခေါင်းဆောင်တချို့ကို ပစ်ခတ်လုပ်ကြံခဲ့သူတွေထဲက မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးနိုင်ပြီဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။
“ပထမဆုံး ဟောင်ကောင်ကိုလွှတ်မယ့် Golden Mind ကုမ္ပဏီကို ခေါ်ပြီးတော့ ဝန်ခံချက်တွေရယ်၊ ဆောင်ရွက်မယ့် အချက်အလက်တွေရယ်၊ သူ အားလုံး လုပ်ပြီးတော့မှ လောလောဆယ် ၁၉ ဦးထင်တယ် pass ပေးထားတာပါခင်ဗျ။" - အလုပ်သမားဝန်ကြီးဌာနရုံး အဖွဲ့မှူး ဦးမောင်မောင်ကျော်
ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ကန့်ကွက်နေသူတွေက အစိုးရယန္တရားရပ်တန့်တဲ့အထိ ဆန္ဒပြဖို့ ဘန်ကောက်တမြို့လုံးကို ပိတ်ဆို့ထားပေမယ့် အစိုးရယန္တရားတွေရပ်တန့်မသွားခဲ့သေးဘဲ လနဲ့ချီ ကြာမြင့်နေပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် အလုပ်လုပ်ရာမှာ ထိခိုက်မှုတွေ ရှိလာနေပါတယ်။
"လူ့အခွင့်အရေးကောင်စီကို တင်ပြပြီးတော့ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာ အစိုးရနဲ့ လက်တွဲပြီးတော့ ဒူချီးရားတန်းကိစ္စကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တိုက်တွန်းသွားမယ်" - ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား
“တွေ့ပြီးသွားပါပြီ။ အခုပဲ ကျနော်ပြန်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာပဲ တွေ့ပါတယ်။ နေပြည်တော်မှာရှိတဲ့နေရာမှာပါ။ သူတို့ တံခါးပိတ် ဆွေးနွေးတဲ့အခါကျတော့ အန်ကယ်လ်လည်း အထဲမရောက်တာနဲ့ မသိဘူးခင်ဗျ။”
ဘာ့ကြောင့် ချက်ခြင်းမထုတ်ပြန်ခဲ့လဲဆိုတော့ ရဲတပ်ကြပ်ကြီးက ရခိုင်အမျိုးသားဖြစ်နေတယ်။ ကိုယ်ဝန်အရင့်အမာနဲ့ဇနီးလည်း ကျန်နေခဲ့တယ်။ အဲဒါတွေကြောင့် တခြားဒေသတွေမှာပါ ထပ်ပြီးတော့ ပြဿနာဖြစ်မှာစိုးလို့ နည်းနည်းလေး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လိုက်တဲ့သဘော ရှိပါတယ်။” (ဦးရဲထွဋ်-သမ္မတရုံးပြောခွင့်ရ)
"အမေရိကားရောက်ပြီး ၁၅ နှစ်သက်တမ်းမှာ တခါမှ ဒီလောက် မကျဖူးဘူး။ ရုံးမှာလည်း အမြဲ Announce လုပ်နေတာပေါ့နော်။ ဒီ Weather ဆိုးမယ်။ အရမ်းခက်ခဲတဲ့ နေရာတွေက သတိနဲ့လာကြဖို့ ကိုယ်ရဲ့ဆရာတွေနဲ့တိုင်ပင်ပြီး အိမ်ကနေ အလုပ်လုပ်ကြဖို့ ရုံးမှာလည်း အမြဲတမ်းပဲ Warning Email တွေ အမြဲတမ်းပို့နေတယ်။"
“အဖြစ်အများဆုံးကတော့ မြေယာသိမ်းဆည်းမှုနဲ့ ညှဉ်းပမ်းနှိပ်စက်မှုပါပဲ။ မြေယာသိမ်းဆည်းမှုကတော့ မြန်မာပြည် တပြည်လုံးမှာ ဖြစ်ပျက်နေတာပေါ့နော်။ ဒါပေမဲ့ ကျမတို့သတင်း အချက်အလက် မှတ်တမ်းအရ အများဆုံး ဖြစ်ပျက်နေတာက တိုင်းရင်းသားဒေသတွေဘက်မှာ..."
မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေနည်းတူ အနိမ့်ဆုံးလစာသတ်မှတ်ရာမှာ လုပ်ငန်းအမျိုးအစား၊ နေရာဒေသအပေါ်မူတည်ပြီး သတ်မှတ်နိုင်ရေး အနိမ့်ဆုံးလစာသတ်မှတ်ရေးအမျိုးသားကော်မတီက စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ပြည်ထောင်စုနေ့အကြို ပင်လုံပန်းချီပြပွဲတရပ်ကို မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုဝန်ကြီးတချို့ တက်ရောက်အားပေးခဲ့ကြပါတယ်။
"ဂျာနယ်လစ်တွေ အပေါ်မှာ အရေးယူတာဟာ ပြင်းထန်လွန်းတယ်။ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီကို ကူးပြောင်းနေတဲ့ ကာလဖြစ်ပြီဆိုလို့ရှိရင် မိမိတို့နိုင်ငံမှာ လုပ်နေတဲ့ ပရော့ဂျက်တွေ မှန်သမျှ လည်ပတ်နေတဲ့ စက်ရုံကိစ္စရပ်မှန်သမျှ အစိုးရဘက်က ပွင့်ပွင့်လင်းလင်း တင်ပြပြောဆိုဖို့လိုတယ်။"
"ဒါဟာ နယ်စပ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းနေတယ်။ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် အဂတိလိုက်စားမှုတွေနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းမှုတွေကြောင့် နယ်စပ်ဖြတ်ကျော်လာတဲ့ ကျုးကျော်ဝင်ရောက်လာသူတွေနဲ့ ဒေသခံတွေရဲ့ ပဋိပက္ခဖြစ်တယ်ပေါ့။"
ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး၊ သစ်ရာကောက်ကျေးရွာမှာ သုံးနှုန်းပြောဆိုမှုတွေ ကြမ်းတမ်းခဲ့တာကို ကန့်ကွက်ဆန္ဒပြသူတွေကို ပုဒ်မ (၁၈) နဲ့ အရေးယူဖို့ အာဏာပိုင်တွေက ကြိုးစားနေတဲ့အတွက် သူတို့ကလည်း ဝန်ကြီးကို ညစ်ညမ်းစွာဆဲရေးမှု၊ ခြိမ်းခြောက်မှုတွေနဲ့ တန်ပြန်တရားစွဲသွားမယ်လို့ ပြောပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်လိုက်ပါတဲ့ယာဉ်တန်းဟာ မိုးကြိုးပစ်ရွာအနီး မိုးကုတ်-နောင်ချိုကားလမ်းမကြီးပေါ်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ဝန်ကြီးချုပ်ကို အထိအခိုက်မရှိပေမယ့် လိုက်ပါလာတဲ့ သတင်းထောက်နှစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်