"ပွင့်လင်းမြင်သာမှု ရှိစေရန်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တရားစီရင်မှု မျှတမှု၊ နောက် တရားဥပဒေရဲ့ အကာအကွယ် ရခွင့်ရှိတဲ့အတွက် နယ်ဖက်တရားရုံးမှာ စစ်သင့်ပါတယ်လို့ ဒါကိုကျနော်တို့ အဓိကအချက်အနေနဲ့ ထောက်ခံအကြံပြုထားတာ ဖြစ်ပါတယ်"
ကချင်လွတ်မြောက်ရေးတပ် စစ်သင်တန်းကျောင်းပေါ် စစ်တပ်ဘက်က လက်နက်ကြီးကျလို့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ဗိုလ်လောင်း (၂၃) ဦး သေဆုံးခဲ့ရတဲ့အမှု ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း စစ်ဆေးဖို့ နိုင်ငံရေးအင်အားစု ငါးဆယ်ကျော်က တောင်းဆိုလိုက်ကြပါတယ်။
မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကြား စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေရဲ့ အသက် အိုးအိမ်စည်းစိမ်လုံခြုံမှု ကင်းမဲ့လာနေသလိုကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ နေထိုင်မှုအခက်အခဲတွေ ပိုပြီ အထူးစိုးရိမ်စရာ အနေအထားဖြစ်လာနေကြောင်း ဒုက္ခသည်အရေးကူညီနေသူတွေက ပြောပါတယ်။
“စစ်ယူနီဖောင်းနဲ့ သူတို့ တရားမဝင် ဝင်တဲ့သူတောင်မှ ထောင် ၂ နှစ်ဆိုတော့ ဒီလူတွေက စစ်ယူနီဖောင်းနဲ့ ဝင်တာမဟုတ်ဘူး။ အရပ်သားအဖြစ်နဲ့ ဝင်တယ်။ ဝင်တယ်ဆိုရင်တောင် ၂ နှစ်ထက် မပိုထိုက်ဘူးပေါ့ဗျာ။ အခုက တအားများနေတယ်။”
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းဝန်ကြီးချုပ်၊ ထိုင်းလွှတ်တော် ထိပ်တန်းခေါင်းဆောင်တွေနဲ့အတူ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီ တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး လူသတ်မှုနဲ့စွပ်စွဲထိန်းသိမ်းခံနေရတဲ့ မြန်မာအလုပ်သမားနှစ်ဦးအရေး ဆွေးနွေးခဲ့ပါတယ်။
ကျန်ရစ်တဲ့ မိသားစုတွေ အနေနဲ့လည်း ဘုရားသခင်ဆီကနေ ပူဆွေးလွမ်းဆွတ် သက်သာစေမယ့် နှစ်သိမ့်မှုကို ရရှိဖို့အတွက် ကျမတို့ ကချင်တမျိုးသားလုံးသာ မဟုတ်ပါဘူး။ အားလုံး ဝိုင်းဆုတောင်းပေးတဲ့အတွက် သူတို့မှာ ဖြေသိမ့်မှုပေါ့ နောက်ပြီးတော့ ကျဆုံးသွားသူတွေရဲ့ မိသားစု တွေကို မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ပေါ့နော်။
"အဓိကတော့ လောလောဆယ် စစ်ဖို့ ကျန်နေတာကတော့ ဒေါ်သန္တာ တယောက်ပဲ ကျန်ပါတယ်။ အစီရင်ခံစာနဲ့ စစ်ဆေးချက်တွေက သမ္မတကြီးဆီကို တင်ပြပါမယ်။ အဲ့ဒီအခါ တပြိုင်နက်တည်းပဲ ကျနော်တို့ အစီရင်ခံစာ အကျဉ်းချုပ်ကိုတော့ ပြည်သူကို တင်ပြတဲ့အနေနဲ့ ထုတ်ပြန်သွားဖို့ ရှိပါတယ်"
အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုသပိတ် ဆင်နွှဲနေတဲ့ ကျောင်းသားတွေအနေနဲ့ ပြေလည်နိုင်မယ့် နည်းလမ်းတွေကို ပညာရေးတာဝန်ရှိသူတွေနဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံညှိနှိုင်းဖြေရှင်းကြပါလို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောလိုက်ပါတယ်။
"အမျိုးသားပညာရေးဥပဒေကို အတည်ပြုဖို့ ကြိုးစားနေချိန်မှာ ကန့်ကွက်ဖို့ တာဝန်မကျေခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အားနည်းချက်ကြောင့်မို့လို့ ဒီလိုကိစ္စတွေ ဖြစ်လာတာပါ။" (ကိုရဲရင့်ကျော်-သတင်းပြန်ကြားတာဝန်ခံ)
"အစိုးရနဲ့ လွှတ်တော်ကနေ ဒီပညာရေးဥပဒေကို ကျနော်တို့ ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့အသံကို လုံး၀ နားမထောင်ဘဲနဲ့ သူတို့က ရေးဆွဲခဲ့တယ်။ ရေးဆွဲပြီးတော့ ကျနော်တို့တွေ စာမေးပွဲဖြေနေတဲ့အချိန်မှာ အတည်ပြုခဲ့ကြတယ်ပေါ့။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ကျောင်းသားသမဂ္ဂတွေ၊ တကသ-ဗကသတွေက ဆန္ဒတွေပြကြတာ"
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူလူထု ငါးသန်းကျော် လက်မှတ်ထိုးထားတဲ့ ဆန္ဒသဘောထားတွေကို လွှတ်တော်တွင်း တင်ပြပြီးဖြစ်လို့ ရလာဒ်ကို ပြည်သူတွေ မျက်ခြေမပြတ်စောင့်ကြည့်ပါ၊ ပြည်သူ့ဆန္ဒ အကျိုးမဲ့ဖြစ်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
"သူ့အနေနဲ့က ကြားနေတတ်တဲ့သူ၊ အထူးသဖြင့် ဒီလို ဗမာပြည်၊ တရုတ်ပြည်ရဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံအဖြစ်နဲ့ သူက တရုတ်ပြည်ကိုလည်း ရင်းရင်းနှီးနှီး ကောင်းကောင်းမွန်မွန် ဆက်ဆံချင်တယ်။ ဆက်ဆံနိုင်တဲ့ပုံရိပ်ကို သူကလည်း ဖော်ချင်တာနဲ့ အဲ့ဒီ ဒီခရီးက ဖြစ်သွားတယ်နဲ့ တူပါတယ်" - ဒေါ်လှကျော်ဇော
နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးပြစ်ဒဏ်ကိုပဲ ပယ်ဖျက်ပေးနိုင်ပြီး အခြားပြစ်မှုကျူးလွန်ခဲ့သူတွေဖြစ်တဲ့အတွက် လက်ကျန်ပြစ်ဒဏ်ကိုတော့ကျခံရမှာဖြစ်တယ်လို့ အစိုးရပိုင်သတင်းစာက သဘောထား ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကြိုးပမ်းနေတဲ့အဖွဲ့တွေက ပယ်ချလိုက်ပါတယ်။
အလွတ်တမ်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှန်ကို စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူး ဦးဆောင်တဲ့ အထူးစုံစမ်းရေးအဖွဲ့ အမှုဖြစ်ပွားခဲ့ရာ မွန်ပြည်နယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ)နဲ့ Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီတာအဖွဲ့နဲ့ သတင်းထောက်ကို ထောင်ဒဏ်နှစ်-နှစ် ချမှတ် လိုက်တဲ့ ကိစ္စအပေါ် မီဒီယာဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ သတင်းစာနယ်ဇင်းအသင်းအဖွဲ့တွေက ကြေညာချက် အသီးသီး ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
"လက်ရှိဥပဒေက သက်ဆိုင်သူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးတိုင်ပင်မှု မရှိဘူး။ ပညာရှင်တွေနဲ့လည်း ညှိနှိုင်းမှုမရှိဘူး။ နောက်ပြီး တကယ့် ကိုယ်စားပြုထားတဲ့ အလုပ်သမား ဆိုရင်လည်း အလုပ်သမားဥပဒေ၊ လယ်သမားဆိုရင်လည်း လယ်သမားတွေ အကျိုးခံစားခွင့်မရှိတဲ့ ဥပဒေတွေ ဖြစ်နေတယ်ဆိုတဲ့ဟာကို ဝေဖန်ထောက်ပြကြတာပေ့ါ"
ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ရခံမှုမှာ လူသတ်မှု စွပ်စွဲချက်နဲ့ အဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦး အရေး အမှုမှန်ပေါ်ပေါက်နိုင်ဖို့ ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့အဖွဲ့ တစ်ဖွဲ့ကို မြန်မာအစိုးရရဲ့ ထိုင်းကို စေလွှတ်တော့မှာဖြစ်ပါတယ်။
အစိုးရပိုင်းက ကျနော်တို့ကို အသိအမှတ်ပြုဖို့လိုတယ်၊ စေတနာရှိဖို့ လိုတာပေါ့နော်။ သတင်းမီဒီယာဆိုတာ နိုင်ငံ့အတွက် အရေးကြီးတယ်။ ကျနော်တို့အပေါ် သူက မိတ်ဆွေလို သဘောထားဖို့ လိုတယ်။ အခုက အဲ့လိုမဟုတ်ဘူး။ ရန်သူလို သဘောထားတာပေါ့နော်။ သူတို့က အသုံးချဖို့လောက်ပဲ စဉ်းစားတာပေါ့နော်"
"ဒီဟောင်ကောင်က ကျောင်းသားတွေ ကျနော်မြင်သလောက်ဆိုရင် တကယ်လည်း ဇွဲရှိကြပါတယ်။ ဒီကကျောင်းသားတွေ စည်းကမ်းရှိမှု၊ စည်းကမ်းလိုက်နာမှု ကျနော် အရမ်းကို အံ့သြမိပါတယ်။ သူတို့ရဲ့ Non-violence ကို promote လုပ်တဲ့ဟာပေါ့နော်"
MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေနဲ့ ဒေသတွင်း ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကိုသာ အဓိကထား လုပ်ကိုင်ကြဖို့ ရခိုင်ပြည်နယ် အစိုးရက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်