လက်ရှိ မြန်မာ့လွှတ်တော်တွင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဥပဒေပြုရေးဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ ပွင့်လင်းမြင်သာမှုမရှိသလို ပြည်သူလူထု ပူးပေါင်းပါဝင်မှုလည်း အားနည်းနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောလိုက်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တနိုင်ငံလုံးအပစ်ရပ်ရေး အကောင်အထည်ဖော်နိုင်ဖို့ ငြိမ်း ရှေ့ဆက်မယ့်ခြေလှမ်းဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေ ပါဝင်နိုင်ရေး နိုင်ငံရေးပါတီပေါင်း ငါးဆယ်ကျော် ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
"ဒီနေ့မနက်ပိုင်း ကျနော်တို့ ဘုရင်မ Maxima နဲ့ တွေ့မယ်လေ။ သူတို့မိသားစု နန်းတော်မှာပေါ့နော်။ Eikenhorst လို့ခေါ်တဲ့ ဘုရင်မနဲ့ ဘုရင်နေတဲ့အိမ်ပေါ့နော်။ အဲ့ဒီအိမ်မှာ မနက်ပိုင်းမှာ ဘုရင်မ Maxima နဲ့တွေ့မယ်။"
အနောက်ဥရောပ သုံးနှစ်နိုင်ငံ ခရီးစဉ်အတွင်း နောက်ဆုံးနိုင်ငံဖြစ်တဲ့ နယ်သာလန်နိုင်ငံကို သမ္မတ ဦးသိန်းစိန် ရောက်ရှိနေချိန်အတွင်း နယ်သာလန် နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ရေအရင်းအမြစ်ဆိုင်ရာ စီမံကိန်းတွေကို လေ့လာနေပါတယ်။
မြန်သမ္မတ ဦးသိန်းစိန်က ဆွစ်ဇာလန်သမ္မတနဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပြုပြင် ပြောင်းလဲရေး ဖော်ဆောင်နေတဲ့အချိန် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့အတူ ဆွစ်ဇာလန်နိုင်ငံဘက်က မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ထောက်ခံ အားပေးကူညီမှုတွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံ သမ္မတနှစ်ဦး ဆွေးနွေးခဲ့ပါတယ်။
“၂ နိုင်ငံမှာ ရှိပြီးဖြစ်တဲ့ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဖို့အတွက် ကျနော်လာရောက်ခြင်း ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဒီဂျာမနီကို မိတ်ကောင်းဆွေကောင်း အဖြစ်တင် မကပါဘူး၊ ကျနော်တို့ရဲ့ စီးပွားမိတ်ဘက် အဖြစ်လည်း …”
"မြန်မာနဲ့ ဂျာမနီရဲ့ နှစ် (၆၀) ပြည့် အထိမ်းအမှတ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သမ္မတကြီး ဦးသိန်းစိန်က ဒီဖွင့်ပွဲကိုလာလည်ပတ်မယ်လို့ ပါပါတယ်။ မနက်ဖြန် ၃ ရက် စက်တင်ဘာလ ၂၀၁၄ ပါ။ ဖိတ်စာပေးတယ်ပေါ့"
"သူတို့အနေနဲ့ IDP ဒုက္ခသည်တွေနဲ့ တွေ့ပြီးတော့မှ အဲ့မှာ တကယ်လိုအပ်တဲ့ဟာကို သူတို့ကိုယ်တိုင် သွားရောက်ပြီးတော့မှ အကူအညီလိုအပ်တဲ့သူတွေကို တိုက်ရိုက် ပေးနိုင်လို့ရှိရင်တော့ ထိရောက်မှု ရှိပါတယ်။" - ကချင့်အရေးလှုပ်ရှားသူ ဒေါက်တာတူးဂျာ
၂၀၁၅ ခုနှစ်မှာ Asean ဒေသတွင်း လွတ်လပ်တဲ့ စီးပွားရေးအသိုက်အဝန်း ပေါ်ထွန်းလာတဲ့အခါ မြန်မာနိုင်ငံအနေနဲ့လည်း အကျိုးအမြတ်တွေ ခံစားရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာသမ္မတက ပြောပါတယ်။
မြန်မာလူငယ်တွေ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိကပြဿနာဟာ မူးယစ်ဆေးဝါးသုံးစွဲမှု အန္တရာယ်ဖြစ်နေတယ်ဆိုတာကို လူငယ်ထုကြား စစ်တမ်းကောက်ယူနေတဲ့လူငယ်အဖွဲ့တစ်ဖွဲ့က ထောက်ပြလိုက်ပါတယ်။
"ကျနော့်ဘက်က သုံးသပ်ကြည့်တာကတော့ အဲ တချို့ကို List ထဲက ထုတ်ဖို့ ရှိနိုင်တယ်။ အဲ့ဒီထဲမှာ ဦးဇော်ဇော်တောင် ပါနိုင်လားဆိုပြီး ကျနော့်ဘက်က သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်က သိသိကြီးနဲ့ ဝင်တည်းတာပေါ့"
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့အတူ မြန်မာနိုင်ငံကို ရောက်နေခဲ့တဲ့ အမေရိကန်အဆင့်မြင့် သံတမန်ဟာ မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
"ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျနော်တို့နဲ့ သမ္မတနဲ့တွေ့တဲ့အခါမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဟာ မီဒီယာနဲ့ အစိုးရကြားမှာ ကျနော်တို့က engagement လုပ်ပေမဲ့ အကြီးဆုံးအဖွဲ့အစည်းအဖြစ် ကျနော်တို့ နှစ်ဘက်စလုံးက အသိအမှတ်ပြုပြီးတော့မှ ဒီရလဒ်ပေါ်လာတယ်လို့ ယူဆပါတယ်"
မြန်မာနိုင်ငံတွင်းက တိုင်းဒေသကြီးတချို့မှာ ဒီသီတင်းပတ်တွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းတဲ့အတွက် နေအိမ်တွေနဲ့ ကားလမ်းတွေမှာ ရေကြီးရေလျှံနေပါတယ်။
အခုနှစ်ပိုင်းအတွင်း သတင်းသမားတွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးထောင်ချ အရေးယူခံနေရတဲ့အနေအထားမှာ တရားရေးစီရင်မှုကို မထိခိုက်စေတဲ့ နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်အတွင်းက တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးမယ်လို့ သမ္မတဘက်က ကတိပေးခဲ့ပါတယ်။
“ကျနော်ကို ယုံယုံကြည်ကြည် တာဝန်ပေးအပ်ဖို့ အတွက် အဆိုတင်သွင်းခြင်း ခံရတဲ့ အတွက်ကြောင့် မို့လို့ ကျနော် ဂုဏ်ယူပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်စောင့်ဆိုင်းနေ ပါတယ်လို့ပဲ ပြောချင်ပါတယ်။” ပြန်ကြားရေး ဒုဝန်ကြီး၊ သမ္မတပြောခွင့်ရ ဦးရဲထွဋ်
"ဘယ်နေ့မှ ဖွဲ့မယ်ဆိုတာ မပြောဘူး။ အဲ့လိုကော်မရှင်ဖွဲ့ပြီး ကော်မရှင်က ဆုံးဖြတ်ပြီးရင်တောင်မှ ပြည်ထောင်စုလွှတ်တော်က ဒီဟာကို ဥပဒေရေးဆွဲမယ်လို့ ပြောတယ်။ ပြည်ထောင်စု လွှတ်တော်က ဥပဒေရေးဆွဲပြီးလို့ အဲ့ဒါ အတည်ဖြစ်မှ လုပ်မယ်လို့ ပြောပါတယ်" - ဒေါ်ဒွဲဘူ
ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားဆဲဖြစ်တဲ့ မန္တလေးတိုင်းတွင်း ညမထွက်ရ ကန့်သတ်ချိန်ကို နှစ်နာရီ လျှော့ချပေးထားရာကနေ နောက်ထပ် တစ်နာရီ အချိန်လျှော့ချပေးလိုက်ပါတယ်။
"မနေ့ကစပြီးတော့ ည ၉ နာရီကနေ မနက် ၃ နာရီဆိုပြီးတော့ မနက်ပိုင်း ၂ နာရီလျှော့လိုက်တာပေါ့။ လုံခြုံရေးကတော့ ကျနော်တို့ စ ဟိုဟာဖြစ်ကတည်းက အရင်တိုင်းပါပဲခင်ဗျ။ လုံခြုံရေးကတော့ လှည့်ကင်းတွေ၊ ပတ်ကင်းတွေနဲ့ လုံခြုံရေးကိစ္စတွေကတော့ ဒီအတိုင်းပဲ ဆက်လက် ဆောင်ရွက်နေပါတယ်"
ဒီနှစ်ကျရောက်တဲ့ (၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ကုန်းမှာသာမက ရန်ကုန်နဲ့ နယ်မြို့တွေမှာပါ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သလို တပ်မတော်နဲ့ အစိုးရထိပ်ပိုင်း တာဝန်ရှိသူတွေလည်း လာရောက် ဂါရဝပြုခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်