ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေပြီး တိုက်ပွဲကြား ပိတ်မိနေတဲ့ရွာသားတွေကို ကယ်ထုတ်ဖို့ ကြိုးစားတဲ့ ကယ်ဆယ်ရေးယာဉ်တန်းတွေကို မြန်မာစစ်တပ်ဘက်က သွားခွင့်မပေးဘဲ ပိတ်ထားတဲ့အတွက် စစ်ဘေးဒဏ်သင့် ဒေသခံ ပြည်သူတွေကို ကယ်ဆယ်ရေး အခက်တွေ့နေပါတယ်။
ထိုင်းနိုင်ငံတွင်း ယာယီအလုပ်လုပ်ကိုင်ခွင့် ဘတ်ကဒ် ခေါ် ပန်းရောင်ကဒ်ကိုင်သူ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ကို မတ်လကုန်နောက်ဆုံးထားပြီး သုံးလအတွင်း အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်း အလုပ်သမား ကြီးကြပ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ပြည်သူ့အကျိုးကို ထိရောက်အောင် မဆောင်ရွက်နိုင်ဘူးလို့ နိုင်ငံရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်လိုက်ပါတယ်။
၂၀၁၅ခုနှစ် တတိယအကြိမ်မြောက်“လူ့အခွင့်အရေး နဲ့ လူ့ဂုဏ်သိက္ခာ” နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အတွက် ရုပ်ရှင်မှတ်တမ်းတွေ ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဒီလ ဇန်နဝါရီလကစလို့ လာရောက် ယှဉ်ပြိုင်ကြဖို့ စတင်ဖိတ်ခေါ်နေပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေး ဒေသခံပြည်သူနဲ့ရဲလုံခြုံရေးတွေကြား ပဋိပက္ခအတွင်း သေနတ်ဒဏ်ရာနဲ့ သေဆုံး ခဲ့ရတဲ့ ဒေါ်ခင်ဝင်းအမှုကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ ကွင်းဆင်းစုံစမ်းမှု အဆုံးသတ်ပြီဖြစ်ပြီး နိုင်ငံတော်သမ္မတကို တင်ပြတော့မှာဖြစ်ပါတယ်။
အစိုးရ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူတွေနဲ့ ပူးပေါင်း လှုပ်ရှားဆောင်ရွက်မှု လုံးဝကို မရှိသလောက်ဖြစ်လာနေတယ် လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူက ပြောလိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၂၀၁၅ ခုနှစ် (၆၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့တွေက နိုင်ငံတော်သမ္မတကို ချီတက်အလေးပြုတဲ့ ဗိုလ်ရှုခံအခမ်းအနားနဲ့ ကျင်းပတဲ့အပေါ် နိုင်ငံရေးအရ ထူးခြားမှုလို့ တက်ရောက်သူတွေက သုံးသပ်ကြပါတယ်။
ပါလီမန်ခေတ်က နောက်ဆုံးမြင်ခဲ့ရတဲ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနားမျိုးကို အခု နှစ်ပေါင်း ၇၀ နီးပါးမှာ ပြန်လည်အသက်ဝင်လာတော့မှာဖြစ်ပြိး နေပြည်တော်မှာ ကျင်းပမယ့် လွတ်လပ်ရေးအခမ်းအနားကို ဗိုလ်ရှုသဘင်နဲ့ ခမ်းခမ်းနားနား ကျင်းပမှာဖြစ်သလို နိုင်ငံရေး နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားပါတယ်။
နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲဆိုင်ရာ နည်းစနစ်မှားယွင်းမှုတွေ၊ လုပ်ထုံးလုပ်နည်းအားနည်းမှုတွေများစွာရှိတယ်လို့ ဝင်ရောက်ယှဉ်ပြိုင်သူတွေက ဝေဖန်ပြောဆိုသလို ပြည်သူတွေအကြား ဆန္ဒပြကန့်ကွက်မှုတွေ ရှိနေပါတယ်။
ဒီကနေ့ ပြာသိုလဆန်းတစ်ရက်နေ့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ၂၇၅၄-နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်နှစ်ကူးပွဲတော် အခမ်းအနားတွေကို မြန်မာနိုင်ငံတဝှမ်းက ကရင်လူထုတွေအပါအဝင် နဲ့ နိုင်ငံတကာရောက် ကရင်ပြည်သူလူထုတွေကပါ ကျင်းပကြပါတယ်။
ကချင်ဒေသတွင်း ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ကင်းစင်တိုက်ဖျက်ရေး အာဏာပိုင်တွေ အရေးတကြီး ကိုင်တွယ် ဖြေရှင်းပေးဖို့ ဒီကနေ့ စနေနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကချင်ပြည်နယ် မိုးညှင်းမြို့က ရာနဲ့ချီတဲ့ဒေသခံပြည်သူတွေက ဆန္ဒပြတောင်းဆို လိုက်ပါတယ်။
"အိမ်ဖြူတော်ပုံစံမျိုး လုပ်တယ်ဆိုပေမဲ့ အိမ်ဖြူတော်လောက်တော့ ပွင့်ပွင့်လင်းလင်း ရှိချင်မှတော့ ရှိမယ်ပေါ့နော်။ သို့သော် ဒါ အတိုင်းအတာတခုလောက်အထိတော့ ပွင့်လင်းမြင်သာမှု ရှိလာတယ်။ သမ္မတရုံးနဲ့ ပြေလည်ခြင်းသည် အစိုးရအဖွဲ့ရဲ့ သတင်း အများစုလည်း ရနိုင်တယ်ပေါ့နော်"
၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ညီတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့ နဲ့ နိုင်ငံရေးပါတီတွေရဲ့ တင်ပြချက်တွေကို အလေးထားလိုက်နာပေးဖို့ နိုင်ငံရေး ပါတီတွေဘက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ကြပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားအရေး စတဲ့၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ချမှတ်ခဲ့တဲ့ မူတွေအတိုင်း ရှေ့ဆက်ဆောင်ရွက်သွားဖို့ ဗဟိုအလုပ်အမှုဆောင်တွေက ဆုံးဖြတ်ချက်ချမှတ်လိုက်ကြပါတယ်။
စစ်တပ် ကြီးစိုးမှုရှိနေဆဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးနဲ့ မြန်မာနိုင်ငံရေးပြောင်းလဲဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား အရေးကြီး ဆောင်ရွက်သင့်တယ်လို့ The Elders အဖွဲ့က ပြောဆိုလိုက်ပါတယ်။
"အစိုးရတရပ်ဖြစ်တယ်ဆိုရင် ဒီလိုမျိုး ဒုက္ခသည် ဘယ်နေရာမှာပဲ ရောက်နေရောက်နေ ဒုက္ခသည်တွေကို ကူညီဖို့တာဝန်က သူတို့မှာ အပြည့်အဝရှိတယ်။ စစ်ပြေးဒုက္ခသည်တွေဆိုတာ ဘယ်နေရာမှာမှ သူတို့အတွက် လုံခြုံမှုက မရှိနိုင်သေးဘူး"
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ အပေါ် ပြည်သူတွေရဲ့ တိုင်ကြားမှုတွေမှာ ထိရောက်စွာ အရေးယူနိုင်မှု အားနည်းနေတာဟာ နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု မရှိတာကို ပြသရာရောက်တယ် လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်
မြန်မာနိုင်ငံမှာ လူမျိုး-ဘာသာပေါင်းစုံ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ မတူကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံမှု မပြုသင့်သလို အမျိုးသမီး အခွင့်အရေးတွေကို ဥပဒေတွေနဲ့ တရားဝင် ဖိနှိပ် ခွဲခြားဆက်ဆံတာမျိုးတွေ မလုပ်သင့်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုလိုက် ပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်က ဖားကန့်မှာကျည်ထိလို့ ကချင်ကျောင်းသူလေးသေဆုံးခဲ့မှုဟာ အခုချိန်အထိ တရားမျှတတဲ့စီရင်မှု မရသေးတဲ့အပေါ် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့အညီ တရားမျှတစွာ စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို မိသားစုက တောင်းဆို လိုက်ပါတယ်။
"ပညာရေးက တကယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ အာမခံချက် မဖြစ်မနေ ထည့်ပေးထားရမယ်။ ဥပမာ ဆရာနဲ့ကျောင်းသားတွေရဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်တို့ ဥပဒေနဲ့အညီ အာမခံ ထားရမယ်။ ပညာရေးဥပဒေမှာ နိုင်ငံတော်ဘက်ဂျက်ရဲ့ ဘယ်လောက်ကို နှစ်စဉ် ဘယ်လိုသုံးမယ်ပေါ့"
နောက်ထပ်ကြည့်ရှုရန်