“ဒညင်းကုန်းလမ်းဆုံ ဆောက်လုပ်ရေးမှတ်တိုင်နားမှာ အခု ရဲတွေလိုက်ဖမ်းနေလို့ ထွက်ပြေးနေရတယ်။ ဟုတ်ကဲ့ အခြေအနေကတော့ ကျမတို့ ရဲတွေနဲ့ ရပ်ကွက်ကလူတွေနဲ့ အကုန်ဝိုင်း ရိုက်ပြီးတော့ ဖမ်းဆီးသွားပါတယ်။ ဆောက်လုပ်ရေးမှတ်တိုင်မှာပါရှင့်။ အဲ့မှာ ရိုက်နှက်ပြီး ဖမ်းနေကြပါတယ်”
“တခုပဲ တိုက်တွန်းချင်တယ်ဗျာ။ တွေ့ဆုံမှုတိုင်းဟာ ရိုးသားမှု အခြေခံပေါ်မှာ တည်ဆောက်ထားပြီးတော့မှ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ လမ်းစရှာတဲ့ တွေ့ဆုံမှုမျိုးပဲ ဖြစ်စေချင်ပါတယ်။”
သမ္မတရဲ့မတ်လမိန့်ခွန်းမှာ အလုပ်သမားလစာတိုးရေးဟာ အဆောတလျင်လုပ်ရမယ့်ကိစ္စဖြစ်ကြောင်းဝန်ခံပြီး သဘောထားကြီးကြီးနဲ့ ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့သလို ပညာရေးပြုပြင်မှုဟာ အရေးကြီးကြောင်း အသိအမှတ်ပြုပေမယ့် ကျောင်းသားတွေဘက်ကတော့ ပြင်ဆင်ရေးအတွက် စေတနာကိုရှာမရဘူးလို့တုံ့ပြန်ကြပါတယ်။
အာဆီယံနှုန်းထားနဲ့အညီ အခြေခံလုပ်အားခ လစာ တရားဝင် သတ်မှတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းမှုတွေ မပြေလည်သေးလို့ ရန်ကုန် အလုပ်သမား စုပေါင်းသပိတ် စခန်းဖွင့်ပြီး ဆက်လက်တောင်းဆိုနေကြတုန်းပဲလို့ အလုပ်သမား သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ဆက်သွယ်ရင် မတရားအသင်းဆက်သွယ်မှုပုဒ်မ (၁၇-၁) နဲ့ ငြိစွန်းနိုင်ကြောင်း တပ်မတော်ခေါင်းဆောင်ပိုင်းက ပြောကြားချက်အပေါ် သတင်းမှန်သိနိုင်ဖို့ နှစ်ဘက်ကို ဆက်သွယ်ရတဲ့ သတင်း မီဒီယာတွေရဲ့အခန်းကဏ္ဍကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နားလည်ဖို့လိုတယ်လို့ PEN Myanmar အဖွဲ့ကဝေဖန်ပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း လွှတ်တော်ကို တင်သွင်းထားချိန် အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား ကိုယ်စားလှယ် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ NNER နဲ့ ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။
"ကျောင်းသားတွေဘက်ကလည်း သူတို့တောင်းဆိုချက်တွေ မရရင် ဆက်ပြီး သပိတ်မှောက်မယ်၊ ဘာမယ်ဆိုတာတွေ ရှိတဲ့အခါကျတော့ လွှတ်တော်ဘက်ကလည်း တော်တော်တန်တန်တော့ ပယ်လိမ့်မယ်လို့တော့ မထင်ပါဘူး"
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဒီကနေ့ လွှတ်တော်မှာ တင်သွင်းဖို့ အစိုးရ၊ လွှတ်တော်၊ NNER ကိုယ်စားလှယ်တွေနဲ့ သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်အားလုံးက သဘောတူခဲ့ပေမယ့် မတင်သွင်းဖြစ်ဘူးလို့ NNER ဦးဆောင်သူကပြောပါတယ်။
အစိုးရ၊ လွှတ်တော်၊ NNER ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်သဘောတူညီချက်နဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဒီကနေ့မှာ အပြီးသတ်ရေးသားပြုစုပြီးဖြစ်လို့ မနက်ဖြန်မှာ လွှတ်တော်ကို တင်သွင်းတော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ထူးခြားတဲ့ စစ်ရေးအခြေအနေတွေ ဖြစ်ပေါ်တဲ့အခါ အချိန်နဲ့တပြေးညီ ပြည်သူတွေသိရှိနိုင်ဖို့ တပ်မတော်ကာကွယ်ရေး ဝန်ကြီးဌာနဘက်က သတင်းအချက်အလက်မှန်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ ပြည်တွင်းစာနယ်ဇင်းသမားတွေက တောင်းဆိုလိုက်ပါတယ်။
“ဗိုလ်ချုပ်ပြောခဲ့တယ် လောကမှာ အမှန်တရား မြတ်နိုးခြင်းနဲ့ ရိုးသားခြင်းက အရေးကြီးဆုံးပဲတဲ့ ဗမာပြည်ကို အုပ်စိုးသွားတဲ့ အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်က ပြောဖူးတယ် ရိုးသားတည်ကြည်မှုနဲ့ပတ်သက်ရင် ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ စိုးစဉ်းမျှ သံသယမရှိကြပါလေနဲ့တဲ့ အောင်ဆန်းစိတ်ဓာတ်လို့ပြောရင် အနိုင်မခံ အရှုံးမပေးစိတ်ပဲ"
ကျောင်းသားတွေဘက်က တောင်းဆိုတဲ့အချက် (၁၁) ချက်စလုံးကို သဘောတူတယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ။ ဒီ (၁၁) ချက်ထဲမှာ ပါဝင်တဲ့ အသုံးအနှုန်းတချို့ကို ပြန်ပြီးတော့ အဖွဲ့တွေဖွဲ့ပြီးတော့ အသုံးအနှုန်းတချို့ကို ပြန်ပြီးတော့ ဆွေးနွေးတာကလွဲရင် (၁၁) ချက်လုံးကိုတော့ သဘောတူတယ်ဆိုတဲ့ အဆင့်ကိုတော့ ရောက်သွားပါပြီခင်ဗျ။
NLD ဗဟိုကော်မတီဝင် ဒေါက်တာသိန်းလွင်ကို NLD စည်းမျဉ်းစည်းကမ်းချိုးဖောက်မှု၊ တားမြစ်ချက်မလိုက်နာမှုတွေနဲ့ NLD တာဝန်တွေကို ရပ်ဆိုင်းကြောင်း ကြေညာချက်က NLD အနေနဲ့ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုအပေါ် ရပ်တည်ချက်သဘောထားကို မေးခွန်းထုတ်စရာဖြစ်ရကြောင်း NNERရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ညှိနှိုင်းဆွေးနွေးပွဲဖြစ်မြောက်ရေး ဒီနေ့အကြိုညှိနှိုင်းဆွေးနွေးပွဲကနေ လေးပွင့်ဆိုင်တွေ့ဆုံရေးအတွက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲမှာ ကျင်းပဖို့ ရက်သတ်မှတ်လိုက်ပါပြီ။
ခရီးရှည်ချီတက်ဆန္ဒပြနေတဲ့ ဒီမိုကရေစီပညာရေးကျောင်းသားသပိတ်ကို ထောက်ခံတဲ့ လူထုလှုပ်ရှားမှုကို ဒီကနေ့ ရန်ကုန်မြို့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေက ဦးဆောင်ပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုပါ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ပါတယ်။
ကချင်ပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်တွေအတွက် စာနာမှုအကူအညီတွေ အရေးတကြီး လိုအပ် နေသလို စစ်ပြေး စစ်ရှောင်ဒုက္ခသည်တွေ ဘဝရပ်တည်နိုင်ရေး ရေရှည်အာမခံချက်ပေးနိုင်တဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ ကိုလည်း အလေးထားဆောင်ရွက်သင့်တယ်လို့ ကချင်ပြည်နယ်ရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး ရန်ကုန်မှာပြုလုပ်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲအတွင်း တတ်ရောက်ဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ NLD ဗဟို ကော်မတီဝင် ဒေါက်တာသိန်းလွင်ကို NLD ရဲ့ စည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမယ်လို့ NLD ပါတီက ကြေညာချက် ထုတ်ပါတယ်။
လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အာမခံချက်ရှိအောင် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနေကြောင်း သမ္မတဦးသိန်းစိန်က နိုင်ငံကိုပြောတဲ့ ဖေဖေါ်ဝါရီမိန့်ခွန်းမှာပြောခဲ့ပြီး ဆန္ဒပြကျောင်းသားတွေကိုလည်း ဆွေးနွေးမှုတွေ လုပ်နေပြီမို့ ကျောင်းပိတ်ရတာမျိုးဖြစ်မလာအောင် ချီတက်မှုတွေ ရပ်တန့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြနေကြတဲ့ သပိတ်မှောက်ကျောင်းသားပင်မစစ်ကြောင်း အခုဆိုရင် မန္တလေးတိုင်းကနေ မကွေးတိုင်းထဲ ဝင်ရောက်ချီတက်သွားကြပြီဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက်နေကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်မှောက် ကျောင်းသားတွေ ဒီကနေ့ မြင်းခြံမြို့ကိုရောက်ရှိတာမှာ ဒေသခံပြည်သူတွေနဲ့ကျောင်းသားတွေက ကြိုဆိုပြီး သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်