အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြား တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးဖို့ လုပ်ဆောင်နေချိန်မှာပဲ ကချင်ပြည်နယ် ဖားကန့်ဒေသမှာတော့ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။
ကိုးကန့်ဒေသအနောက်ခြမ်းမှာ တိုက်ပွဲတွေ ငြိမ်းသွားပြီဖြစ်လို့ နေရပ်ပြန်နိုင်ကြပြီဖြစ်ကြောင်းနဲ့ ဒုက္ခသည် (၆) သောင်း၊ (၁) ထောင်လောက် ကို နေရာချထားပေးမယ်လို့ ခန့်မှန်းထားကြောင်း လောက်ကိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောပါတယ်။
"၁၆ လောင်း၊ သေတာကတော့ အယောက် ၂၀ ပဲ။ ၄ လောင်းကတော့ သူတို့မရသေးဘူးပေါ့။ ရှာတုန်းပဲ။ ၁၆ လောင်းကိုတော့ သူတို့ရရှိပြီးတော့ ပထမ ဒီနေ့ပို့မယ်ဆိုပြီးတော့မှ မနက်ဖြန်မနက် ၇ နာရီခွဲလောက်မှ charter flight နဲ့ရောက်မယ်လို့ အကြောင်းကြားလာတယ်" - MSF ဗဟိုအလုပ်အမှုဆောင် ဦးမြတ်ကျော်ဝင်း
၂၀၁၅ မဟာသင်္ကြန်သံချပ်အဖွဲ့တွေထဲ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ (တကသ) ရဲ့ "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့က မကြာသေးခင်က ပညာရေး ပြုပြင်ပြောင်းလဲရေး တောင်းဆိုဆန္ဒပြခဲ့ကြရင်း အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင့်းတာ ခံခဲ့ကြရတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ဂုဏ်ပြုသံချပ်ထိုးခဲ့ကြပါတယ်။
အစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ ကိုးကန့်ဒေသထဲမှာ ဒီရက်ပိုင်းတွေမှာ ဆက်တိုက်ဆိုသလို နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်ရေးအတော်လေးတင်းမာနေတဲ့ အနေအထားဖြစ်တာမို့ တိုက်ပွဲတွေဟာ ဆက်ပြင်းထန်ဦးမယ့် အနေအထား ဖြစ်နေတယ်လို့ ကိုးကန့်တပ်ပြောခွင့်ရက ဆိုပါတယ်။
ချင်းပြည်နယ်တွင်းလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိရေးနဲ့ မဲဆန္ဒရှင် ချင်းပြည်သူတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆောင်ရွက်မှုတွေ အချိန်နဲ့တပြေးညီ သိရှိနိုင်ရေး ချင်းပြည်နယ်အတွင်း သတင်း မီဒီယာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ စတင်ဆောင်ရွက်နေပါပြီ။
"ကိုရီးယား တာဝန်ကနေ အဲ့ဒီသင်္ဘော အရာရှိတယောက် ရောက်လာတယ်။ လာတုန်းကတော့ ဘယ်သင်္ဘောရယ်လို့တော့ မသိဘူး။ ကိုရီးယားကနေပြီး သင်္ဘောတက်ဖို့ဆိုပြီး ခေါ်တာ။ ပြီးတော့မှ ကျနော်တို့ ရုရှား Sea ထဲ ရောက်ပြီးတော့မှ အခုလိုဖြစ်မှပဲသိတာ။"
အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းပေါ်မှာ ထိုင်းငါးဖမ်းလုပ်ငန်းတွေက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာအများစုပါဝင်တဲ့ ငါးဖမ်းလုပ်သားတွေကို အင်ဒိုနီးရှားက ကယ်တင်ပြီး မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးရင် မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်ပို့ဖို့ စီစဉ်ပေးနေကြောင်း မြန်မာသမ္မတရုံးက ပြောပါတယ်။
တရုတ်နဲ့ မြန်မာနိုင်ငံရှမ်းပြည်နယ်စပ်မှာ မြစ်ကြောင်းပြောင်းလဲမှုကြောင့် မြေအနေအထား ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တဲ့အပေါ် ဒေသခံ တောင်သူတွေကြားမှာ နယ်မြေအငြင်းပွားမှုတွေ ဖြစ်လာနေတဲ့အတွက် နယ်နိမိတ်တိကျခိုင်မာအောင် ဆောင်ရွက်ပေးသင့်ကြောင်း ရှမ်းတောင်သူတွေက တောင်းဆိုပါတယ်။
"အရင်တုန်းကတော့ အခါအားလျော်စွာ အခမ်းအနားရှိရင် ခေါ်ပြီးတော့ လုပ်တယ်ဆိုပေမဲ့ အခုကတော့ နိုင်ငံတကာမှာလိုပဲ စနစ်တကျဖြစ်အောင် ကျနော်တို့ စလုပ်တယ်လို့ ပြောလို့ရပါတယ်"
"ဒီလိုမျိုးဖမ်းဆီးတာကတော့ လက်ခံနိုင်စရာ မရှိဘူးပေါ့နော်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ ချက်ခြင်းလွှတ်ပေးဖို့လို့ပေါ့နော်။ ချွင်းချက်မရှိ သမ္မတအနေနဲ့ ဒါကို လုံး၀ ချက်ခြင်းလွှတ်ပေးဖို့ကို ကျနော်တို့က တောင်းဆိုလိုပါတယ်ဗျာ"
အင်ဒိုနီးရှားရေပိုင်နက်ထဲက ကျွန်းတွေပေါ်မှာ သောင်တင်နေသူ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေထဲက မြန်မာနိုင်ငံသားတွေအတွက် အစိုးရက အကူအညီပေးဖို့ စီစဉ်နေပြီဖြစ်တဲ့အကြောင်း မြန်မာအစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖောတို့ဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးကြတာဖြစ်တယ်လို့ အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။
"Carter Center နဲ့ EU ကတော့ လာပြီးတော့ ဆက်သွယ်တယ်ပေါ့နော်။ ဆက်သွယ်ပြီးတော့ သူတို့ observation လုပ်ချင်တယ်ဆိုလို့ ကျမတို့ ပထမဦးဆုံး MOU ထိုးပါတယ်။ ထိုးပြီးတော့ အခု သူတို့ တွေကိုပေါ့နော် observation လုပ်ရမယ့်အချိန်ကျရင် ကျမတို့က သူတို့ကို invitation ပို့မှာပါရှင့်"
ပြည်နယ်တိုင်းအသီးသီးကလယ်သမားသမဂ္ဂတွေ ပေါင်းစည်းပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ (ဗဟို) ကို တည်ဆဲဥပဒေနဲ့ အညီ တရားဝင် မှတ်ပုံတင်နိုင်ရေး သမဂ္ဂဗဟိုကို တရားဝင် ဖွဲ့စည်းလိုက်ကြပါတယ်။
“မြန်မာပို့စ်ဂျာနယ်အတွက်တင်သာမကဘူး။ ဒီမြန်မာနိုင်ငံမှာရှိတဲ့ စာနယ်ဇင်း မီဒီယာတွေရဲ့ လွတ်လပ်စွာ သတင်းရေးသားဖော်ပြခွင့်ကို ဒါ ထိပါး ခြိမ်းခြောက်တယ်လို့ ခံယူပါတယ်။”
စစ်ဘေးဒဏ်ခံနေရတဲ့ပြည်သူတွေ ဘဝလုံခြုံရေးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ နှစ်ဦးနှစ်ဖက် ယုံကြည်မှု ထားပြီး ဆောင်ရွက်ကြဖို့ ကချင် လွှတ်တော်အမတ်က တိုက်တွန်းလိုက်ပါတယ်။
သတင်းမီဒီယာတွေ အပေါ် ပစ်မှတ်ထား ဖမ်းဆီးရိုက်နှက် အကြမ်းဖက်ထိန်းသိမ်းခဲ့တဲ့လုပ်ရပ်တွေအပေါ် ရှုတ်ချတဲ့အနေနဲ့ မြန်မာ သတင်းသမားတွေက နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေး၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့သတင်းတွေကို မဖော်ပြဖို့ သတင်းမီဒီယာတိုက်တွေကို စည်းရုံးလှုံ့ဆော် သွားကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
အမျိုးသမီးတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်မှု အားနည်းနေတဲ့အတွက် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေဟာ စိုးရိမ်စရာအနေအထားမှာရှိနေလို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန်းကရပ်ပါလို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက နိုင်ငံတကာအမျိုးသမီးများနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို ခံစားနေကြရတဲ့ ဒေသခံတွေရဲ့အရေး ရှမ်းပြည်နယ်အစိုးရက ထိရောက်တဲ့ အရေးယူမှုမရှိတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ဖြေရှင်းပေးဖို့ ရှမ်းပြည်နယ်အတွင်းက ကချင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက အကြောင်းကြားစာပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်