တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေး အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရကြား ကြိုးစားနေချိန်မှာပဲ နှစ်ချီပြီး စစ်ဘေးဒဏ်ကို ခါးစည်းခံနေရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူတွေအရေး တာဝန်ရှိသူတွေ လျစ်လျူရှုမထားကြဖို့ ဒုက္ခသည်အရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
တရုတ်-မြန်မာနယ်စပ်အနီး တရုတ်တပ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်မှာပဲ ဒီကနေ့ ကိုးကန့်ဒေသ မြောက်ပိုင်းနဲ့ လောက်ကိုင်ဒေသဘက်မှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲပြင်းပြင်းထန်ဖြစ်ပွားနေပါတယ်။
"နယ်စပ်ဒေသတည်ငြိမ်ရေး၊ အေးချမ်းရေးဆိုပြီးတော့ ကျနော်တို့ နှစ်နိုင်ငံ သဘောတူညီချက်တွေ ရှိပါတယ်။ အဲဒီအတိုင်းလုပ်တဲ့အတွက် သူ့ဘက်က သူ့နယ်ထဲမှာ security လုပ်တဲ့အခါမှာ ကျနော်တို့ဘက်ကို ကြိုတင် အသိပေးတာတွေ..."
၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင် အောင်နိုင်ရေးဗဟိုကော်မတီဖွဲ့ပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပါတီရဲ့ ၃ ရက်တာ အစည်းအဝေးအပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးေ ပါတီက ပြောဆိုလိုက်ပါတယ်။
မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်ရွေးချယ်ဖို့ မူသတ်မှတ်ချက်တွေ အပါအဝင်သမ္မတလောင်း ရွေးချယ်မှုတွေကို အဓိကထားပြီး လက်ရှိအာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အစိုးရအဖွဲ့ဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေ ဆွေးနွေးနေကြပါတယ်။
"သူတို့က မြန်မာတွေကို တဦးချင်းမသွားပါနဲ့ပေါ့။ အုပ်စုလိုက်သွားပါပေါ့။ အချိန်မတော် မသွားဖို့တို့၊ သတိနဲ့သွားလာဖို့တို့၊ သတိပေးချက်လည်း ထုတ်ထားပါတယ်။ စက်ရုံတွေရဲ့ အလုပ်သမားတွေ တွေ့ရင်လည်း စည်းနဲ့ကမ်းနဲ့နေဖု့ိ အခုလို အနေအထားမှာ ကောင်းကောင်းမွန်မွန်နေဖို့၊ အရက်သေစာ မသောက်စားဖို့...."
ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး လမ်းပမ်းဆက်သွယ်ရေးနဲ့ ဘာသာစကား အခက်အခဲရှိတဲ့ ချင်းပြည်နယ်ထဲမှာ တီးတိန်စာပေနဲ့ သတင်းစာ ထုတ်ဝေခွင့်မပြုတာဟာ ချင်းပြည်နယ် အစိုးရဘက်က တိုင်းရင်းသားစာပေ အခွင့်အရေးကို ချိုးဖောက်ပြီး သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် တာဖြစ်တယ်လို့ ချင်းမီဒီယာသမားတွေက ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုင်ရာ၊၂၀၁၅ ရွေးကောက်ပွဲ အခြေအနေ အပါအဝင် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းတွေနဲ့ ပတ်သက်လို့ ကချင်ပြည်သူလူထုနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးနေပါတယ်။
"အစိုးရအနေနဲ့ အရေးတယူ ကာကွယ်စောင့်ရှောက်တဲ့ အနေအထားမျိုးဖြစ်ဖို့အတွက် ကျနော်တို့ ဒါ တိုက်ရိုက်တွေ့ဆုံနိုင်မယ့် နည်းလမ်းမျိုးတွေ လုပ်ဆောင်သွားဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။"
"၁၄ ယောက်စလုံးရသွားပြီ။ ၁ ယောက်ကို သိန်း ၅၀ လို့ပြောတယ် အသက်အာမခံရုံးကနေပြီးတော့လေ။ ပြီးတော့ လစာတွေလည်း သူတို့ကျန်ခဲ့တဲ့ ၂ လစာတွေ၊ ၃ လစာတွေလည်း ရှင်တဲ့ကလေးတွေရော၊ ဆုံးတဲ့ကလေးတွေရော ရသင့်တာတွေ အဲဒီမှာ ရကုန်ကြပါပြီ"
ပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်သန်းထွက်ပြေးပြီး ဒေသတွင်း နိုင်ငံတွေကို ရောက်လာကြတဲ့ သူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်တယ်ဆိုရင် ပြန်ခေါ်ဖို့ အသင့်ရှိတဲ့အကြောင်း မြန်မာအစိုးရက ပြောပါတယ်။
အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုလားတယ်ဆိုရင် အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက်တွန်းလိုက်ပါတယ်။
"ဂျာမနီနိုင်ငံရယ်၊ အမေရိကန်နိုင်ငံရယ်၊ ပြင်သစ်နိုင်ငံရယ်၊ EU ရယ် Human Rights Defenders က အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးရယ်၊ သူတို့ကိုယ်တိုင် လာပြီးတော့ ကျောင်းသားတွေနဲ့လည်း တွေ့ဆုံသလို တရားရုံးမှာ ထွက်ချက်ပေးတဲ့ပုံစံ၊ တရားသူကြီးက မှတ်တမ်းယူတဲ့ပုံစံ၊ လွတ်လပ်တဲ့ တရားရေးစီရင်မှု ဟုတ်-မဟုတ်...."
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို လက်မှတ်ထိုးပြီးကြချိန်မှာပဲ ကချင်ပြည်နယ်အတွင်း ပစ်ခတ်မှုတွေဖြစ်လာတာဟာ နှစ်ဘက် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဝေဖန်လိုက်ပါတယ်။
"အခြေခံ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်။ အထူး သဖြင့် ပါတီကြီး၊ ပါတီငယ် မခွဲခြားပဲ ဘက်မလိုက်ပဲ ရေးသားတင်ပြဖို့၊ နောက် သတင်းရေး တဲ့အခါ တိကျမှန်ကန်ဖို့နဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ သတင်း Result တွေကို ကြေညာတဲ့အခါမှာ အတိအကျဖြစ်ဖို့ ကျနော်တို့ မှာ တာဝန်ရှိပါတယ်။"
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ညီလာခံ-ဒုတိယနေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ အကြံပြုချက်စာတမ်းတွေကို အဓိက တင်သွင်းကြပါတယ်။
တအာင်းဒေသ မူဆယ်မြို့နယ်ထဲ ကိုးကန့်တပ်တွေနဲ့ စစ်မဟာမိတ်ဖွဲ့ထားတဲ့ တအာင်းတပ်နဲ့ မြန်မာ့စစ်တပ်ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသလို စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်တွင်း ရခိုင်ပြည်တပ်မတော်နဲ့ အစိုးရတပ်ကြား နှစ်ဖက် ထိန်းသိမ်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းချင်း လဲလှယ်ဖို့ ရှိတယ်လို့ ရခိုင်တပ်ဘက်ကပြော။
"ကျနော်တို့ တပ်ဖက်မှာလည်း တပ်မတော်သားများစွာပေါ့နော်။ အသက်ပေးလိုက်ရတယ်။ ထိခိုက်ဒဏ်ရာတွေရတယ်။ ဒီအနေအထားမှာ Dialogue ဆိုတဲ့စကားကို ကျနော်တို့က လုံးဝ လက်မခံဘူး။ အဲ့တော့ တခုတည်းရှိတယ်။ သူတို့လာချင်ရင် အကြွင်းမဲ့ လက်နက်ချ အဲ့တာတောင်မှ အကြွင်းမဲ့လက်နက်ချမယ် ဆိုရင်တောင် ကျနော်တို့က စဉ်းစားပေးမယ်ပေါ့နော်။ "
အစိုးရတပ်နဲ့ ကိုးကန့်တပ်တို့ကြား အခုရက်ပိုင်းအတွင်းမှာကို တိုက်ပွဲတွေ အတော်လေးပြင်းထန်ပြီး စစ်ရှိန်မြင့်နေတဲ့ ကိုးကန့်ဒေသထဲ မြန်မာတပ်ဘက်က စစ်အင်အားအလုံးအရင်း ထပ်ချလာတဲ့အတွက် ရင်ဆိုင်တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်ဖို့ပဲရှိတယ်လို့ ကိုးကန့်တပ်ဘက်ကပြောပါတယ်။
"မီဒီယာမှာဖြစ်တဲ့ အမှုကိစ္စတွေကို သူတို့က မတန်တဆ ပြစ်ဒဏ်တွေပေးတာပေါ့နော်။ တရားစီရင်ရေးစနစ်ကလည်း အုပ်ချုပ်တဲ့အစိုးရအဖွဲ့သော်လည်းကောင်း၊ တခါတလေမှာ တပ်ရဲ့သြဇာကို မလွန်ဆန်နိုင်တာ၊ သူတို့အဲဒါကို ကြောက်ပြီး ပြစ်ဒဏ်တွေပေးတဲ့ဟာမျိုး အဲဒါတွေကြောင့် အခုလိုရလဒ်မျိုး နိုင်ငံတကာက အခုလိုထည့်တယ်လို့ ကျနော်မြင်ပါတယ်"
နောက်ထပ်ကြည့်ရှုရန်