နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် (၂၀၁၅) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဒီကနေ့ နေပြည်တော်က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်ကြေညာလိုက်ပါတယ်။
"၁၅ ယောက်မှာ ၄ ယောက်ကတော့ အာမခံပယ်ချခံရတယ်။ သူက စာရွက်စာတမ်း မပြည့်စုံလို့လို့ အကြောင်းပြတယ်ပေါ့နော်။ ၁၁ ယောက်ကတော့ ကျနော်တို့ အာမခံရပါတယ်။ လာမယ့် ၁၄ ရက်နေ့ ရုံးချိန်းကျမှ လွတ်မှာပါ။"
ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးကပ်လာချိန်မှာပဲ ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ မဲစာရင်းမှားယွင်းမှုတွေဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ မဲစာရင်းစိစစ်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ကို အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းခဲ့ပါတယ်။
လက်ရှိအစိုးရ သက်တမ်အတွင်း တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေး ကြိုးပမ်းသွားဖို့ မူအားဖြင့် သဘောတူညီချက်ရခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ NCA အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က သဘောထားထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေတောင်းဆိုရင်း ထိန်းသိမ်းခံရတဲ့ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ကျောင်းသားပြည်သူကို ဖိနှိပ်နေတဲ့လုပ်ရပ်ကို အမြန်ဆုံးရပ်တန့်ဖို့ ကျောင်းသားတွေနဲ့ ပြည်ပရောက်ဒီမိုကရေစီ အင်အားစုတွေက ၅၃ နှစ်မြောက် 7 July နှစ်ပတ်လည်မှာ တောင်းဆိုလိုက်ကြပါတယ်။
လာမယ့်၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်လို့ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲစာရင်းစိစစ် ဆောင်ရွက်နေကြောင်း NLD ပါတီက ပြောပါတယ်။
"ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ်မှာ သူတို့ လုံး၀ ကျေနပ်မှုမရှိဘူး။ သူတို့ ဒါကို မကျေနပ်ဘူး။ အထဲမှာရောက်နေတဲ့ အခါကျတော့ အခုအချိန်ကတော့ သူတို့ မကျေနပ်ဘူးလို့ပဲ ပြောနိုင်တယ်ပေါ့။ ဘာမှ မတတ်နိုင်ဘူးပေ့ါနော်။"
သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းဟာ အစောပိုင်း သဘောတူညီချက်နဲ့ ကွဲလွဲနေတဲ့အတွက် ပြန်လည်ပြင်ဆင်ပေးဖို့ NNER နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်က တောင်းဆိုလိုက်ပါတယ်။
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကိုးကန့်ဒေသထဲနယ်မြေတည်ငြိမ်စပြုလာပြီး ဒုက္ခသည်တွေလည်း ပြန်လာနေပြီမို့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းပြုစုဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကိုးကန့်ဒေသ လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။
မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးနဲ့ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးကြစေဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေပြည်တော်မှာ မဲစာရင်းဆိုင်ရာ ပညာပေးမှုတွေလုပ်နေသလို မဲဆန္ဒရှင်ပြည်သူတွေဘက်ကလည်း မဲစာရင်းအမှန် ထွက်ပေါ်လာနိုင်ရေး ပူးပေါင်းပါဝင်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ဆော်သြလိုက်ပါတယ်။
"နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ပေါ့နော်။ နိုင်ငံရေးဆွေးနွေးပွဲလုပ်ရင် ဘယ်သူတွေပါမလဲ။ ဘယ်လို Mandate တွေနဲ့သွားမလဲ။ ဆုံးဖြတ်ချက်ချရင် ဘယ်လို ဆုံးဖြတ်ချက်ချမလဲ။ Consensus နဲ့ သွားမလား၊ Majority နဲ့ သွားမလား၊ အဲဒါမျိုးတွေ ဆွေးနွေးနေတာပါ။"
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အိမ်ဖြူတော်မှာ ဒီညကျင်းပမယ့် အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ “ဝါဖြေ ညစာစားပွဲ” ကို တက်ရောက်ဖို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုကို အမေရိကန်သမ္မတက ဂုဏ်ပြုဖိတ်ကြားထားပါတယ်။
ကိုးကန့်လက်နက်ကိုင်တပ်ဘက်က တဖက်သတ် အပစ်ရပ်စဲတယ်လို့ ကြေညာပြီးနောက်မှာပဲအစိုးရဘက်က ကိုးကန့်တပ်ဘက်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်လို့ ကိုးကန့် လောက်ကိုင် မဲဆန္ဒနယ်က ပြည်သူ့ကိုယ်စားလှယ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးဟာ ပါတီအောင်နိုင်ရေးသပ်သပ်သာမဟုတ်ဘဲ ဒီမိုကရေစီအောင်နိုင်ရေး၊ ပြည်သူ့အောင်နိုင်ရေးဖြစ်အောင် ကြိုးစားသွားမယ့်အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
"ဒါနိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ။ အမျိုးသမီးတွေကို ကာကွယ်ဖို့ စေတနာကောင်းသက်သက်နဲ့ လုပ်တာမဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်တဲ့အတွက် ဒီဥပဒေတွေဟာ လိုအပ်တဲ့ အချိန်ကျရင် သူတို့ ပြဋ္ဌာန်းမှာပဲ"
မြန်မာနိုင်ငံတွင်းက ပဋိပက္ခဖြစ်ရာဒေသတွေနဲ့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေရှိရာဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံက ဖိတ်ကြားလိုက်ပါတယ်။
"ကတိကို တကြိမ်ချိုးဖျက်ထားတဲ့လူတယောက်က နောက်တခါထပ်ပြောတဲ့ကတိကို ကျနော်တို့ လွယ်လွယ်နဲ့တော့ ယုံလို့မရဘူးပေါ့။ ၂၀၁၁ ခုနှစ်တုန်းက သူဒီလို လက်နက်ကိုင်ဆန့်ကျင်တာတွေ မလုပ်တော့ပါဘူး၊ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ-ဆိုလို့ သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။" (ဦးရဲထွဋ်- ပြန်ကြားရေးဝန်ကြီး)
တနိုင်ငံလုံး အပစ်ရပ်စာချုပ်အပြီးသတ် လက်မှတ်ရေးထိုးနိုင်ရေး တိုင်းရင်းသားခေါင်းဆောင်တွေရဲ့သဘောထားကို အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ UPWC အဖွဲ့အနေနဲ့ ဖြစ်နိုင်တဲ့ အနေအထားကို အလေးထားစဉ်းစားမှာဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်က ပြောပါတယ်။
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က မြန်မာအစိုးရနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေကို တဘက်သတ် အပစ်ရပ်ပါတယ်လို့ ကြေညာပြီးချိန်မှာပဲ ကိုးကန့်တပ်စခန်းကို မြန်မာအစိုးရတပ်တွေဘက်က နှစ်ရက်ဆက်တိုက် မြေပြင်တပ်တွေရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။
"မိုးမလင်းခင်မှာပဲ အဝိုင်းခံထားရတဲ့တပ်နဲ့ ဝိုင်းထားတဲ့တပ်၊ နှစ်ဦးနှစ်ဘက် ပါပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကလည်း နောက်ဆုတ်ပေးပါတယ်။ ၁ နာရီခရီးကို ဆုတ်ပေးတာ။ သူတို့ အင်အားဖြည့်တဲ့ တပ်ရင်း ၅ ရင်းလည်း နောက်ဆုတ်သွားတယ်"
နောက်ထပ်ကြည့်ရှုရန်