"ထိုင်းအစိုးရကလည်း သူတို့ သတ်မှတ်ထားတဲ့ နေရာ ၁၀ ခုရှိတယ်လေ။ အဲဒီနေရာလေးတွေကို အထူးသတိပြုပြီးတော့ ရှောင်ရှားကြဖို့ပေါ့နော်။ သူတို့ပစ်မှတ်ထားတာကလည်း လူစည်ကားတဲ့ Tourists တွေသွားတဲ့ နေရာတွေဆိုတော့ အဲဒီနေရာတွေကို သတိဝိရိယနဲ့ ဖြစ်နိုင်ရင်တော့ မသွားစေချင်ဘူးပေါ့။"
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ ဒီကနေ့ သီးသန့်တွေ့ဆုံခဲ့မှုအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ပြန်ရုပ်သိမ်းရေးဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖွယ်ရှိကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ရင် ရွေးကောက်ပွဲ မဝင်ဘူး”-ဆိုတဲ့ SNLD ပါတီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီ နမ်းခမ်းမြို့နယ်က အလုပ်အမှုဆောင် အဖွဲ့ဝင် (၂၀) ကျော် နုတ်ထွက် သွားကြပါတယ်။
"အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်က ပြင်ဆင်လိုတဲ့အပိုင်းမှာ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ဖြစ်တဲ့ လွှတ်တော်နာယကကြီးက ဦးဆောင်ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေကို အများကြီး တင်ပေးပါတယ်။ ဒါပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တယ်။ အဲ့လို ပုံစံမျိုးတွေလည်း အများကြီး သူ့အနေနဲ့ ကြုံခဲ့"
"ကိုယ့်ဘက်က အမှီအခိုကင်းတဲ့ ရိုးသားဖြောင့်မတ်တဲ့ လုပ်ငန်းတခု ဖြစ်လို့ရှိရင် ပြဿနာမရှိပါဘူး။ ကိုယ်ကိုယ်နှိုက်က အခွင့်ထူးခံထားတယ်။ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေတွေနဲ့ လုပ်ငန်းထူထောင်ထားတယ်ဆိုရင်တော့ ဥပဒေဆိုတာ မျှော့ကြိုးလို သုံးနေတဲ့ခေတ်မှာတော့ အချိန်မရွေး အရေးယူခံရနိုင်တာပေါ့နော်။" (ကျော်မင်းဆွေ)
"ဒီနေ့ပယ်ချလိုက်တာကတော့ အဓိက အချက်ကတော့ တရားစီရင်ရေးကို အစိုးရအနေနဲ့ ဝင်စွက်ဖက်တယ်လို့ပဲ ကျနော်တို့မြင်တယ်။ တရားစီရင်ရေးကို ဝင်စွက်ဖက်တာက လုံး၀ စစ်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ပုံစံအတိုင်းပဲဖြစ်တယ်။"
တနိုင်ငံလုံးနီးပါး သဘာဝဘေးအန္တရာယ် ရေဘေး ကြုံနေရပေမဲ့ ရွေးကောက်ပွဲရက်နီးလာတာနဲ့အမျှ နိုင်ငံအပြောင်းအလဲမှာအရေးကြီးတဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်စရာရှိတာတွေကို ကြိုတင် ပြင်ဆင်ထားကြဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ က ပြောပါတယ်။
(၈) လေးလုံးအရေးတော်ပုံ ၂၇ နှစ်ပြည့်တဲ့နေ့မှာ (၈၈) သမိုင်းပြတိုက်ကို ဖွင့်လှစ်ခဲ့သလို ဒီမိုကရေစီရေးတိုက်ပွဲဝင်ခဲ့ရတဲ့ ရဟန်းရှင်လူ ဒီမိုကရေစီအင်အားစုတွေအတွက် အမှန်တရားဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
“ကျနော်တို့ ပူးတွဲပြီး ကူညီထူထောင်ထားတဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနနဲ့ ရန်ကုန်မှာရှိတဲ့ ကျနော်တို့သံရုံးက အနီးကပ် ပူးပေါင်း ညှိနှိုင်းနေပါတယ်။ မြန်မာတာဝန်ရှိသူတွေ နဲ့ ဆွေးနွေးညှိနှိုင်းပြီး အကူအညီတွေ ဘယ်ကိုပို့မယ်ဆိုတာ အတိအကျသိရတာနဲ့ ရေဘေးကူညီကယ်ဆယ်ရေး အစီအစဉ်တခုကို ကျနော်တို့ မကြာခင်ကြေညာမှာပါ"
ရေဘေးဒုက္ခသည်တွေဆီကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးမြို့က ရပ်ကွက်တခုကို သွားရောက်ပြီးတော့ တအိမ်တက်ဆင်း အားပေးစကားပြောခဲ့ပါတယ်။
ရေဘေးသင့်ဒုက္ခသည်တွေ ရှိနေတဲ့ ရေဖုံးလွှမ်းနေတဲ့နေရာတွေကို ရဟတ်ယာဉ်နဲ့ပဲ သွားရောက် ကယ်တင်မှ ရနိုင်တဲ့ အနေအထားဖြစ်နေတဲ့ အတွက် အစိုးရဘက်က ရေဘေးသင့်ပြည်သူတွေကို ထိရောက်တဲ့ ကူညီကယ်ဆယ်မှုတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ရေဘေးကူညီကယ်ဆယ်ရေး အဖွဲ့တွေဘက်က တောင်းဆိုလိုက်ပါတယ်။
ကလေးမြို့က ဒုက္ခသည်စခန်းတွေမှာ ရေဘေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ နဲ့ အဝတ်အစားစတဲ့ အခြေခံလိုအပ်ချက်တွေ အရေးတကြီးလိုအပ်နေသလို ရောက်လာတဲ့ဒုက္ခသည်တွေ နေရာချထားရေးအတွက်လည်း အာဏာပိုင်တွေဘက်က ပိတ်ဆို့မှုတွေရှိနေတဲ့အတွက် အခက်အခဲတွေ့နေတယ်လို့ဆိုပါတယ်။
"ကျောင်းသားတွေကို မတရား အကြမ်းဖက်တာ၊ လုံခြုံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်တာဟာ ရွေးကောက်ပွဲ အလွန်နဲ့ ရွေးကောက်ပွဲမတိုင်ခင် ကာလတွေမှာ အစိုးရရဲ့ နိုင်ငံရေး ကစားကွက်ပဲ ဖြစ်ပါတယ်။"
၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
NLD အနိုင်ရလာခဲ့ရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း ဦးစားပေးမှာ ဖြစ်တဲ့အကြောင်း ၂ ရက်ကြာ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် ဒီကနေ့ အဆုံးသတ်ခဲ့တဲ့ မော်လမြိုင်ကျွန်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တံတားပြိုကျပြီး လူအသေအပျောက်ရှိခဲ့သလို ရွှေလီမြစ် ရေလျှံတဲ့အတွက်လည်း မူဆယ်ဘက်မှာ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့သိရပါတယ်။
"ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ရေးထိုး နိုင်အောင်တော့ ၂ ဘက် ညှိနှိုင်းကြိုးစား ဆောင်ရွက်သွားမယ်ဆိုတာတော့ သဘောထား ရှိထားပြီးသား။ ကျနော်တို့ကတော့ မျှော်လင့်လျက်ရှိ သလို၊ မျှော်လင့်ချက်ကောင်းနဲ့ ဆွေးနွေးတာကိုး။"
နိုင်ငံအပေါ်မှာ စေတနာထားတဲ့ပြည်သူတိုင်း အာဇာနည်တွေဖြစ်နိုင်သလို တိုင်းပြည် အမှန်တကယ် ပြောင်းလဲမှ တိုးတက်မှာမို့ စစ်မှန်တဲ့ အပြောင်းအလဲကို လုပ်ဆောင်ကြဖို့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကအာဇာနည်နေ့မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
အရင်စစ်အစိုးရလက်ထက်ကစာရင် အခုအရပ်သားအစိုးရလက်ထက်မှာ အာဇာနည်နေ့အခမ်းအနားတွေကို ပြည်သူတွေအနေနဲ့ တခမ်းတနား လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရလာတယ်လို့ သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဘက်က သုံးသပ်ကြပါတယ်။
နိုဝင်ဘာလထဲကျင်းပမယ့် ရွေးကောက်ပွဲမှာ အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့်သူတွေကို စာရင်းပြုစုနေပါပြီး ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်းကတော့ ကျန်းမာရေးအခြေအနေကြောင့် ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်