မဲစာရင်းအမှားပိုများလာတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နည်းပညာကူညီပံံ့ပိုးနေတဲ့ IFES တို့မှာ တာဝန်ရှိတယ်လို့ လေ့လာသူတွေကပြောပါတယ်။
“ဒီ NCA လက်မှတ်ထိုးဖို့ အဖွဲ့အားလုံးလိုလိုက သဘောတူလာတယ်။ နောက်ပြီးတော့ အစိုးရဘက်ကလည်းဖိအားပေးလာတယ်။ နိုင်ငံတကာကော၊ ပြည်တွင်းကလူထုကော တောင်းဆိုလာတယ်။ အဲဒီအပေါ်မှာ စစ်တပ်က လက်မှတ်ထိုးဖို့ အဆင်သင့် ရှိချင်မှ ရှိမယ့်သဘော၊ ရှိတယ်။
လက်ပံတန်း ကျောင်းသားသပိတ်ဖြိုခွဲမှုမှာ ရဲလက်စွဲ လုပ်ထုံးလုပ်နည်းနဲ့ အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိဘူးဆိုတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့အစီရင်ခံစာကို ဥပဒေပညာရှင်တွေက ကြိုဆိုပါတယ်။
တိုင်းရင်းသားဒေသတွေမှာ အင်အားကြီးပါတီကြီးတွေ လာရောက်ယှဉ်ပြိုင်ဖို့ပြင်တာဟာ ဒေသခံ တိုင်းရင်းသားပါတီတွေရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ တိုင်းရင်းသားပါတီတွေက ဝေဖန်ပေမယ့် တချို့ကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ မှန်ကန်တဲ့အဆုံးအဖြတ်ကို ခံယူမယ်လို့လည်း တုံ့ပြန်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကနေ ညီညွတ်မှုကိုဦးတည်တဲ့ ငြိမ်းချမ်းရေးအဖြစ် အောင်မြင်စေချင်တယ်လို့ NLD ဥက္ကဋ္ဌက ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲနေ့မှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ မြို့နယ်အဆင့်ကနေ ခရိုင်အဆင့်ကော်မရှင်တွေမှာ လျှောက်ထားကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အစားထိုး ပြင်ဆင်ချက် ထုတ်ပြန်လိုက်ပါတယ်။
ပြည်မနဲ့ တိုင်းရင်းဒေသတွေကြား တန်းတူညီမျှအခွင့်အရေး ရနိုင်ဖို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်သွားနိုင်ဖို့ အင်မတန်အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံးအကြိမ် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခရီးစဉ်မှာ ဒေသခံ တိုင်းရင်းသားတွေကို ပြောပါတယ်။
"နိုင်ငံရေးပါတီတွေကို သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့လေ အဲဒါလေးတွေ ဆွေးနွေးပါတယ်။ နောက် မဲပေးပုံပေးနည်း၊ မဲလက်မှတ် လုပ်ပုံလုပ်နည်း၊ အဲဒါလေးတွေနဲ့ ဗွီဒီယို ရိုက်ထားတာလေးတွေလည်း ပြပါတယ်။"
"ကျနော့်မှာ အထောက်အထားတွေ အများကြီးပါလာတယ်။ ကျနော့်ရဲ့ မိဘဘိုးဘား အထောက်အထားတွေ ပါလာတယ် အများကြီး။ ကျနော့်ကို ရှင်းလင်းခွင့်၊ တင်ပြခွင့်ပြုပါ။ ဒါမှ ဆုံးဖြတ်လို့ရ မယ်။ မဟုတ်ပါဘူးတဲ့ မကြည့်တော့ပါဘူးတဲ့။ ကြည့်စရာမလိုဘူးတဲ့ ကျနော်တို့ ဆုံးဖြတ်ပြီးပါပြီတဲ့။"
၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြရမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးစိစစ်မှု ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီးသတ်သွားပြီဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ဖို့ ပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့အစိုးရအဖွဲ့ ထူထောင်နိုင်အောင် ရွေးကောက်ပွဲတွေကို ကျင်းပရတာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့အကျိုး တကယ်လိုလားသူကို ရွေးချယ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ နေရာဒေသ လုပ်ငန်းအမျိုးအစားမခွဲခြားဘဲအလုပ်သမားအားလုံးအတွက် တပြေးညီ အနည်းဆုံး အခကြေးငွေအဖြစ် တစ်ရက်ကို သုံးထောင့်ခြောက်ရာကျပ်နှုန်း သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ပထမဆုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု လိုက်ပါပြီ။
"တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တယောက်အနေနဲ့ ဒီလိုမျိုး ကတိပေးတာကိုတော့ ကြိုဆိုပါတယ်။ သို့သော် အဲဒီကတိကို တည်အောင် အကောင်အထည်ဖော်ဖို့လည်း လိုပါတယ်။ ဒါဟာ သမိုင်းနဲ့ချီပြီးတော့ မှတ်တမ်းတင်မယ့် ကိစ္စတွေပါ" - ခေတ်ရနံ့မဂ္ဂဇင်း အယ်ဒီတာ ကိုပြည့်သွေးနိုင်
"အဓိက ရည်ရွယ်ချက်က ကျနော်တို့ ပြီးခဲ့တဲ့လတုန်းက ကိုယ်စားလှယ်လောင်းတွေ လျှောက်တဲ့အခါမှာ သူတို့ ၈၈ က ကိုယ်စားလှယ် တော်တော်များများ မပါတာနဲ့ ပတ်သက်လို့ ကျနော်တို့က နားလည်မှုမလွဲဘူး၊ နိုင်ငံရေး ရည်မှန်းချက်တူတယ်၊ ခါတိုင်းလိုပဲ ဆက်လုပ်မယ်ဆိုတဲ့ဟာကို အားလုံးသိစေချင်လို့ ထုတ်တာပါ"
"သူ မွေးဖွားတဲ့အချိန်မှာလေ သူ့မိဘနှစ်ပါးစလုံးက နိုင်ငံသားဖြစ်ဖို့ လိုအပ်ပါတယ်။ တပါးပါးက နိုင်ငံခြားသား ဖြစ်နေရင်တော့ သူက ဘောင်မဝင်တော့ဘူးပေါ့။ နောက်ပြီးတော့ မြန်မာနိုင်ငံ တွင်းမှာ အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်တဲ့သူ ဖြစ်ရမယ်ပေါ့။ အဲဒီအချက်တွေနဲ့ဆိုရင် ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရှိတဲ့သူတွေပေါ့။"
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားပြည်သူ၊ အလုပ်သမား လယ်သမားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချနေတဲ့ ဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ) ကျောင်းသားတွေက ဒီကနေ့ ရန်ကုန်မြို့မှာ Failed Law ဆိုတဲ့ Campaign နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လာမယ့် ၂၀၁၅ နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရာမှာ ပိုပြီး တိကျ ခိုင်မာမှုရှိစေဖို့ သတ်မှတ်ရက်ကို သြဂုတ်လ (၃၁) ရက်အထိ တိုးမြှင့်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။
"ဆွေးနွေးမှုဟာမှာတော့ ပြန်ကြားရေးဝန်ကြီးဌာန စံတွေမှာ ကျနော်တု့ိ လိုက်နာရမယ့် အချက်အလက်လေးတွေကို ချပြပါတယ်။ ကျနော်တို့ဘက်က သဘောမတူနိုင်စရာ မရှိတဲ့အတွက် ကျနော်တို့ သဘောတူညီမှု ရရှိထားတာပါခင်ဗျ။ အဲဒီအတွက် ဒီညနေ ၆ နာရီမှာ စပြီးတော့ အရင်တုန်းကအတိုင်းပဲ အသံထုတ်လွှင့်မှုတွေကို စတင် ဆောင်ရွက်မှာပါ"
"စစ်အုပ်ချုပ်ရေးဆိုတာက လောလောဆယ် ကျနော်တို့ ကိုးကန့်ဒေသမှာ လိုအပ်နေတယ်။ မတည်ငြိမ်မှုတွေ ရှိနေသေးတယ်။ ကျနော့်အနေနဲ့ ကျနော် ထောက်ခံဆွေးနွေးတယ်ဗျ။"
နောက်ထပ်ကြည့်ရှုရန်