မမှန်မကန်တဲ့နည်းတွေနဲ့နိုင်လို့ရှိရင် ဘာသိက္ခာမှ မရှိပါဘူး။ အဲဒီတော့ ကျမတို့အနေနဲ့ အောက်တန်းကျတဲ့နိုင်ငံရေးနည်းလမ်းတွေနဲ့ နိုင်မလား၊ ရှုံးမလားဆိုရင် ကျမတို့ ရှုံးတာကိုပဲ သိက္ခာရှိရှိနဲ့ရင်ဆိုင်မယ်။ (ဒေါ်အောင်ဆန်းစုကြည်)
ရွေးကောက်ပွဲနီးကပ်လာချိန် ဘာသာရေးအကြောင်းပြ ပဋိပက္ခ အကြမ်းဖက်မှုတွေ မဖြစ်အောင် အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းနေကြ ပါတယ်လို့လည်း အစ္စလာမ် ဘာသာရေးအဖွဲ့ချုပ် တာဝန်ရှိသူကပြောပါတယ်။
ပြည်ပမဲဆန္ဒရှင်တွေကြား ကြိုတင်ဆန္ဒမဲစာရင်း မှားယွင်းမှုတွေကြောင့်မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေရှိလာနိုင်မယ်လို့ အရပ်ဘက် လူထုအခြေပြု အဖွဲ့တွေက ထောက်ပြနေပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေမှာ အခွင့်အရေးရှိတယ်ဆိုပေမယ့် ကျင့်ဝတ်နဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်ဆိုတာကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးထားပါတယ်။
နိုင်ငံခြားသံရုံးတွေမှာ ရွေးကောက်ပွဲ အတွေ့အကြုံနည်းခြင်း၊ သံရုံးမှာ ဝန်ထမ်းကန့်သတ်ချက်တွေကြောင့် မဲစာရင်းမှားယွင်းမှုတွေအပေါ် ပြည်တွင်းပြည်ပ မဲဆန္ဒရှင်တွေက နားလည်ပေးစေလိုကြောင်း ရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။
“ရွာသူရွာသားတွေအနေနဲ့က ၁၈ ဦးလောက်ဆုံးတယ်ဆိုတဲ့အနေအထားနဲ့ကို ဓါတ်ပုံသက်သေ အနေအထား မရသေးဘူးပေါ့လေ။ အလောင်းဖော်ပြီးအနေနဲ့ကို ၁၃ ဦးကတော့ ဓါတ်ပုံအထောက်အထားတွေနဲ့ confirm ဖြစ်သွားပါပြီခင်ဗျာ။”
၂၀၁၅ ရွေးကောက်ပွဲမှာ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲအကြောင်းပြပြီး ရွေးကောက်ပွဲကို ရက်ရွှေ့မှာမျိုးဖြစ်လာမလားဆိုတာ UNFC က မေးခွန်းထုတ်လိုက်ပါတယ်။
သာယာဝတီအကျဉ်းထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့ (၇) လပြည့်နေ့မှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။
“ဒီလက်ရှိအခြေအနေအရ။ ပြည်သူက ဝင်ပါမှ၊ ပြည်သူက လုပ်မှရမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ UEC ကလုပ်ပေးရင် အများကြီးကောင်းလိမ့်မယ်လို့ ကျနော်ထင်တယ်။” (Independent Youth for Change)
မဲစာရင်းမှာ မိသားစုဝင်မဟုတ်သူတွေ ကိုယ့်မိသားစုစာရင်းမှာ ပါနေတာတွေ့ရင် သက်ဆိုင်ရာကို အကြောင်းကြားပယ်ဖျက်ခိုင်းဖို့ NLD က ပြည်သူတွေကို နှိုးဆော်ထားပါတယ်။
ပြင်ပရောက်မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲလက်မှတ်တွေကို အောက်တိုဘာ ၃ ရက်ကစပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွှဲပေးနေပါတယ်။
“ဆိုင်းဘုတ်ကတော့ ကျနော်တို့ နမ့်လန်မှာတော့ ၂၄ ရက်နေ့ ညက တကြိမ်၊ ၂၅ ရက်နေ့မှာ အသစ်တင်လိုက်တော့ ၂၆ ရက်နေ့မှာ တကြိမ် ၂ ကြိမ် အဖျက်ခံရတယ်။"
၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း မှားယွင်းမှုပြင်ဆင်ရမယ့် သတ်မှတ်ရက် ကုန်သွားပြီး ရက်ထပ်တိုးပေးထားတဲ့ ရေဘေးသင့်ဒေသတွေကလွဲလို့ ပြင်ဆင်ခွင့်မရှိတော့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် ၂၀၁၅ ရွေးကောက်ပွဲစည်းရုံးရေးလှုပ်ရှားမှုတွေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေးက စိုးရိမ်စရာ အနေအထားမှာ ဖြစ်နေပါတယ်။
ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲမှာ ကချင်လက်နက်ကိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် မန်စီက စာသင်ကျောင်းတချို့ ပိတ်လိုက်ရသလို ဒေသခံရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ NLD ပါတီဝင်တွေကို ကိုယ်ထိ လက်ရောက် တိုက်ခိုက်လာနေတာကို ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်အောင် ကြိုးစားနေကြောင်း NLD ပြောခွင့်ရက ပြောပါတယ်။
“တပ်ချုပ်ဆိုတော့ သူပြောချင်တာပြောတယ်လို့ သဘောထားတာပေါ့ဗျာ။ တကယ်တော့ ဥပဒေအရတော့ ပြောခွင့်မရှိဘူး။ တခြားလူတွေဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေချိုးဖောက် တယ်ဆိုပြီး အရေးယူခံရမှာ သေချာတယ်။” (လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်)
“ကျနော်တို့ဆီမှာ အနှောင့်အယှက်ရှိတယ်။ အန်တီကို ဆန့်ကျင်တဲ့ စာရွက်တွေဝေတယ်။ နောက် မဘသ လို့ နာမည်တပ်ထားတဲ့ စာရွက်တွေဝေတယ်။ အဲဒါမျိုးတွေပေါ့ အဖွဲ့ချုပ်ကို ဆန့်ကျင်တဲ့ စာရွက်စာတန်းမျိုးတွေပေါ့။”
“တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ရမယ့် လျှပ်စစ်မီးတို့၊ ကျန်းမာရေးတို့၊ ပညာရေးတို့ဆိုတာဟာ အစိုးရတခုကပဲ လုပ်လို့ရတဲ့ ကိစ္စပါ။ … ဒါကြောင့်မို့လို့ အစိုးရဖွဲ့ရေးအတွက်ဝင်ပြီးတော့ယှဉ်ပြိုင်တာပါ။” (ဒေါ်အောင်ဆန်းစုကြည်)
မြန်မာပြည်သူတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ပြီး လုံခြုံမှုရှိလာစေဖို့ အမှန်တကယ်ပြောင်းလဲဖို့ အချိန်တန်ပါပြီလို့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ဒီကနေ့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်