မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ခန့်မှန်းထားတာထက် လျော့နည်းနိုင်တယ်လို့ နိုင်ငံတော်သမ္မတဦးထင်ကျော်က ဒီကနေ့ သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေး ကော်မရှင်မှာ ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း တရားဥပဒေ စိုးမိုးမှုရှိဖို့ နဲ့ ဒေသခံပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး ရေရှည်အာမခံချက်ပေးဖို့ ထိရောက်တဲ့ လုံခြုံရေးအစီအမံတွေ တိုးမြင့်ဆောင်ရွက်ပေးပါလို့ ရခိုင်ဒေသခံတွေ၊ လွှတ်တော်နဲ့ ရခိုင်အရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ပါ မဲဆန္ဒရှင်ပြည်သူတွေက မိမိတို့ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုခွင့်ရှိတဲ့ Right to Recall ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
မုန်တိုင်းငယ်ဟာ မြန်မာ့ကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ်ဒေသ)အနီးကို ဦးတည် ရွေ့လျားနေပြီး ပြန်ကွေ့ပြီးတော့ မြောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ မြန်မာစံတော်ချိန် ည ၇နာရီမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူပြည်သားများရဲ့ အရည်အချင်းကို မြှင့် တင်ခြင်းက အဓိက အကျ ဆုံးအချက် ဖြစ်သလို စီးပွားရေး လုပ်ငန်းတွေ လုံခြုံစွာ ရင်းနှီးမြုပ်နှံနိုင်ဖို့က တရားဥပဒေ စိုးမိုးမှုဖို့ ကလည်း အထူး အရေးကြီးတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆို လိုက်ပါတယ်။
ချင်းတွင်းမြစ်တွင်း လူပေါင်း ၇၀ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ အမြန်ရေယာဉ်နစ်မြုပ်မှုနဲ့ပတ်သက်ပြီး စနစ်တကျ စစ်ဆေးပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မနေ့ကြာသပတေးနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
BIMSTEC နဲ့ BRICS-BIMSTEC ပူးတွဲဒေသတွင်းအစည်းအဝေးတွေ တက်ရောက်အပြီးမှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ တရားဝင်ချစ်ကြည်ရေးခရီးစဉ် စတင်ပါပြီ။
အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်တို့ရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ကျင်းပမယ့် BIMSTEC ဒေသတွင်းအစည်းအဝေး ၊ BRICS-BIMSTEC ထိပ်သီးဆွေးနွေးပွဲတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖို့ အိန္ဒိယခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါပြီ။
မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး စစ်မီးတွေ ငြိမ်းပြီးနိုင်ငံသားတွေသောကတွေ ကင်းဝေးစေဖို့ လက်နက်ကိုင်တွေရဲ့ ဒေါသတွေ အာဃာတတွေ ငြှိမ်းသတ်ပေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေး ထိုးခြင်း တနှစ်ပြည့် အခမ်းအနား မှာ ပြောဆိုလိုက်သလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေ အားလုံး ပါဝင်နိုင်ဖို့ ဆက်ဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။
မြန်မာ-ဘင်္ဂလားနယ်စပ် ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း လက်ရှိလုံခြုံရေးနဲ့ ရေရှည်အတွက်ပါ စိုးရိမ်မှုတွေရှိနေပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့ လုံခြုံရေးစခန်းသုံးခု အကြမ်းဖက်တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဒေသတွင်းလုံုခြုံတည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်မှာ အရေးတကြီးအဆိုအဖြစ် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ် ကိုယ်စားပြုလွှတ်တော် အမတ်တွေ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်နိုင်အောင် ထုတ်ပြန် ထားတဲ့ အက်ဥပဒေကိုအမေရိကန် သမ္မတက ရုပ်သိမ်းလိုက်တာ ကို မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် အကူးအပြောင်းကာလ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မဟာဗျူဟာကျတဲ့ စွန့်စားမှု တခုလိုရှုမြင်သလို သတိနဲ့ကြိုဆို မှုတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိရောက် အောင်ကာကွယ်မပေးနိုင်ဘူး ဆိုပြီး နိုင်ငံသားတွေအကြား ဝေဖန်မှုတွေဖြစ်နေရတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကေ်ာမရှင် အဖွဲ့ကို အကုန်အစ ကနေ အသစ်ပြန်လည်ဖွဲ့စည်းပစ်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့နေရာမှာအထောက် အကူဖြစ်စေဖို့ ရည်ရွယ်တဲ့ အရပ်သားအစိုးရ လက်ထက် အစိုးရအဖွဲ့၊ တပ်မတော်၊ အပစ်ရပ်နဲ့ အပစ်မရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ပထမဆုံးအကြိမ် အတူသွားကြတဲ့ တောင်အာဖရိက ခရီးစဉ်ကို နိုင်ငံရေးအရ ထူးခြားမှုအဖြစ် ရှု့မြင်ကြပါတယ်။
ကချင်ဒေသထဲက တိုက်ပွဲတွေ ချက်ခြင်းရပ်တန့်ပေးဖို့နဲ့ စစ်ဘေးရှောင်စခန်းတွေက ဒုက္ခသည်တွေ အရေးကြီးလိုအပ်နေတဲ့ လူသားချင်း စာနာမှုအကူအညီတွေကို နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ အမြန်ဆုံးရအောင် ဆောင်ရွက်ပေးဖို့ ကချင်အမျိုးသမီးများဖိုရမ်က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့အာဆီယံပါလီမန်များ အထွေထွေညီလာခံကနေ အာဆီယံဒေသတွင်းနိုင်ငံတွေက လွှတ်တော်အတွေ့အကြုံတွေ ဖလှယ်နိုင်ပြီး လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းလာဖို့ ယုံကြည်မျှော်လင့် တယ်လို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေကပြောပါတယ်။
မြန်မာနိုင်ငံတွင်းက လက်ရှိအကျဉ်းထောင်အခြေအနေတွေကို ပြောင်းလဲပေးဖို့နဲ့ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ အကျဉ်းထောင်စနစ်တွေကို ပြုပြင်ပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကနေ ဒီကနေ့ အရပ်သားအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုလိုက်ကြပါတယ်။
အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြန်ဖြစ်လာနေလို့ စစ်မီးမငြိမ်းနိုင်သေးတဲ့ ကချင်ပြည်နယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောက်ရှိလာမယ့်အပေါ် စစ်ပြေးဒုက္ခသည်အရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ အစိုးရတာဝန်ရှိသူတွေကို တွန်းအားပေးနိုင်မယ်လို့ ကချင်အရေး လှုပ်ရှားသူတွေဘက်က အကောင်းမြင်နေကြပါတယ်။
အင်းဝအထည်ချုပ်ဆိုင်တွင်း ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးလေးတွေနဲ့ သတင်းပေးတိုင်ကြားခဲ့သူကို ကာကွယ်စောင့်ရှောက်ပေးဖို့ နိုင်ငံတော် သမ္မတရဲ့ တိုက်ရိုက်ညွှန်ကြားချက်ကို နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်