၂၁ရာစုပင်လုံညီလာခံအပြီး ပြန်လည်တွေ့ဆုံကြတဲ့ အစည်းအဝေးမှာ ရှေ့ဆက်ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးပွဲတွေမှာ အပစ်ရပ်လက်မှတ် မထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်လာနိုင်ရေး အဓိက တိုက်တွန်း ဆွေးနွေးခဲ့ကြပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့ ဗြိတိန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ အင်္ဂါနေ့မနက်ပိုင်း ဝန်ကြီးချုပ်ရုံး အိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဗြိတိန်နိုင်ငံခရီးစဉ်အတွင်းမှာ ဗြိတိန်ဝန်ကြီးချုပ ်အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ လွှတ်တော်အပါအဝင် စစ်ဘက်ရေးရာ အကြီးအကဲတွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ UK နိုင်ငံခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ်သစ် Theresa May နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
တိုင်းပြည်မှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားတွေ အားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေးကို ရခိုင်ပြည်သူလူထုနဲ့အတူ တိုင်းရင်းသား ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ (၇၇)ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့မှာ ရခိုင်အဖွဲ့တွေက တိုက်တွန်းနိုးဆော်လိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အရေး အထူးအလေးထားဆွေးနွေးကြဖို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အရေးပေါ်အထူးအစည်းအဝေး ခေါ်ယူထားတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်အမတ်တဦးကပြောပါတယ်။
၂၁ရာစု ပင်လုံညီလာခံအလွန်မှာတော့ အစိုးရ၊ လွှတ်တော် တပ်မတော်အပါအဝင် NCA ထိုးထားတဲ့ အဖွဲ့တွေ၊ မထိုးထားရသေးတဲ့ အဖွဲ့တို့ အစုအဖွဲ့အလိုက်တွေ့ဆုံပြီး အမြန်ဆုံး ညှိနှိုင်းဆွေးနွေးကြတော့မှာဖြစ်တယ်လို့ ၂၁ရာစုပင်လုံကျင်းပနိုင်ရေး ဦးဆောင်ပါဝင်ခဲ့သူ တာဝန်ရှိသူကပြောဆိုလိုက်ပါတယ်။
၂၁ ရာစုပင်လုံညီလာခံကအစပြုပြီး တနိုင်ငံလုံး လုံခြုံတည်ငြိမ်ပြီး တိုင်းရင်းသားပြည်သူလူထုဘဝတွေအတွက် ပိုပြီးခိုင်မာလေးနက် လက်တွေ့ကျတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဆက်လုပ်ဆောင်သွားဖို့ လိုတယ် လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်
သမ္မတဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း အိမ်နီးနားချင်း အင်အားကြီး အိန္ဒိယနဲ့ မြန်မာအရပ်သားအစိုးရသစ်တို့ကြား ကုန်သွယ်စီးပွားဆက်ဆံမှုတွေနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို ပိုပြီးတော့မှ ခိုင်မာအောင်လုပ်ဆောင်နိုင်ခဲ့မယ်လို့ သုံးသပ်မှုတွေရှိပါတယ်။
သမ္မတဦးထင်ကျော်နဲ့ သမ္မတကတော် ဒေါ်စုစုလွင်ဦးဆောင်တဲ့ မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယသမ္မတနိုင်ငံသမ္မတ Pranab Mukherjee ရဲ့ဖိတ်ကြားချက်နဲ့ ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့ စနေနေ့ မနက်ပိုင်းမှာ အိန္ဒိယကို ရောက်သွားပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အပြီး ရရှိလာတဲ့သဘောတူညီချက်တွေအရ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးဟာ ပိုပြီးတော့မှ ကောင်းမွန်လာမယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒီကနေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကနေ ရန်ကုန်မြို့ကို ပြန်ရောက်ရှိလာပြီဖြစ်ပါတယ်။
တရုတ်နဲ့ မြန်မာအစိုးရတို့ ညှိနှိုင်းဆွေးနွေးကြရာမှာ မြန်မာခေါင်းဆောင်တွေအနေနဲ့ လူထုရဲ့အကျိုးစီးပွားကိုထိခိုက်အောင် လုပ်မှာမဟုတ်ဘူးလို့ နှစ်နိုင်ငံ အရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၂၀၁၆ ခုနှစ် ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်တဲ့သူကတော့ အခမဲ့စာကြည့်တိုက်များ တည်ထောင်သူ မန္တလေးတိုင်း ကျောက်ပန်းတောင်းက ကိုဇော်ဇော်ဖြစ်ပါတယ်။
အသက်(၆)နှစ်အရွယ် နာဂကလေးငယ်တစ်ဦး ထပ်မံ သေဆုံးသွားတဲ့အတွက် အခုဆိုရင်တော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ဝက်သက် ကူးစက်ရောဂါကြောင့် သေဆုံးသူပေါင်း ၄၂ဦး ရှိသွားပြီဖြစ်ပါတယ်။
ရက်(၁၀၀)အတွင်း စိန်ခေါ်မှုတွေ အများကြီးထဲက အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့သလို ရက်(၁၀၀)မှာ အစပျိုးခဲ့တဲ့ မပြီးပြတ်သေးတဲ့ ဆက်လုပ်ဆောင်ရဦးမယ့် စီမံချက်တွေကိုလည်း ပြည်သူ့အကျိုးအတွက် အဓိကထားဆောင်ရွက်သွားဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည် နေရာချထားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ဖို့ ၂၁ ရာစုပင်လုံကို အဆောတလျင်ကျင်းပဖို့စီစဉ်နေတဲ့အပေါ် စစ်မှန်တဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ မေးခွန်းထုတ်မှုတွေရှိပါတယ်။
“ပြည်နယ်နဲ့တိုင်းမှာအားလုံးပေါင်း ၅ ခု မှာဖြစ်နေတာပေါ့။ ဖြစ်နေတော့ အခုအနည်းဆုံးကတော့ လူဦးရေ ၅ သိန်းလောက်ရှိတယ်။"
မကွေးတိုင်း ရေဘေးသင့်ပြည်သူတွေကို နိုင်ငံတော်သမ္မတဦးထင်ကျော် ဒီကနေ့ သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်တာတွေ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အမည်မသတ်မှတ်နိုင်သေးတဲ့ ကူးစက်ရောဂါကြောင့် လူအသေအပျောက်ရှိခဲ့တာကို ထိန်းချုပ်ထားနိုင်ပြီး ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေ အရေးပေါ်ကုသရေးအတွက် သွားနေကြပါပြီ။
ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီး ကျင်းပတော့မှာမို့ လုံခြုံရေးအထူးတင်းကျပ်ထားလို့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေနဲ့ မြန်မာအလုပ်သမားတွေကို သတိရှိရှိ နေထိုင်သွားလာကြဖို့ ဘန်ကောက်မြန်မာသံရုံးက သံမှူးကြီးက သတိပေးနိုးဆော် လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်