နှစ်တနှစ်ရဲ့ ပထမဆုံးနှစ်သစ်ကူးတဲ့အချိန်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဆွေးနွေးတဲ့ လူငယ်များနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းကို ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ နေပြည်တော်မှာ ကျင်းပ ခဲ့တာဖြစ်ပါတယ်။
၂၀၁၆ကုန်ဆုံးလို့ ၂၀၁၇ နှစ်သစ်ကိုကူးပြောင်းတော့မယ့် မင်္ဂလာ အခါသမယမှာ ပြည်သူက မဲပေးရွေးချယ်လိုက်တဲ့ အရပ်သားအစိုးရလက်ထက် မြန်မာပြည်သူ၊ ပြည်သားအပေါင်းငြိမ်းချမ်းသာယာပါစေကြောင်း စီးပွားရေးပညာရှင်၊ အနုပညာရှင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆုမွန်ကောင်းတောင်းပေးကြပါတယ်။
ခရစ်စမတ်အချိန်အခါနဲ့ နှစ်သစ်ကူးကာလတွေအတွင်းမှာကို ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ကျေးရွာနေ ဒေသခံပြည်သူအချို့ လက်နက်ကြီးကျည်ထိမှန်လို့ ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ မကြာခင်ကျရောက်တော့မှာ ဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတွေမှာတော့ တိုက်ပွဲတွေ မစဲနိုင်သေးတဲ့အတွက် အားလပ်ရက်ရာသီကို မဆင်နွှဲနိုင်ပဲ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောကို ပထမဆုံးအကြိမ် သွားရောက်လေ့လာ သတင်းယူကြတဲ့ သတင်းမီဒီယာအဖွဲ့ရဲ့ ရခိုင်ခရီးစဉ်ကတော့ ဒီကနေ့အဆုံးသတ်သွားပြီဖြစ်ပါတယ်။
"နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မီဒီယာသမားတွေလို တကယ့် လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုရင်တော့ အဆင်ပြေတယ်လေ။ အခုဥစ္စာက အားလုံး ကန့်သတ်မှုတွေ ရှိလိမ့်မယ်။"
KIO လိုင်ဇာစစ်ဌာနချုပ်အနီးက KIA တပ်စခန်းတွေကို ပစ်မှတ်ထားပြီး အစိုးရဘက်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်နေတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ အသက်ဘေးအန္တရာယ်ဟာ အတော်လေးကို စိုးရိမ်စရာအနေအထားဖြစ်လာနေပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်တွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ တပ်စခန်းတွေကို မြန်မာစစ်တပ်က ဒုတိယနေ့အဖြစ် ထိုးစစ်ဆင်နေပါတယ်။ KIO ဌာနချုပ်ရှိရာ တဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။
“နိုင်ငံတကာကရော INGO တွေက ဥပမာ အဓိကအားဖြင့် ပြောရရင်တော့ WFP ပေါ့ WFP က မီးလောင်တဲ့ရွာတွေကိုပဲ စာရင်းသွင်းတယ်ဗျ။"
စစ်အစိုးရခေတ်အဆက်ဆက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အရပ်သားအစိုးရလက်ထက် လူ့အခွင့်အရေး အခြေအနေဟာ မျှော်လင့်ထားသလို ဖြစ်မလာသေးသလို လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်မှုတွေအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒီမိုကရေစီဆိုပေမဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီက ပြောင်းပြန် ဒီမိုကရေစီပါ အထက်ကနေ အောက်ကိုဆင်းတဲ့ ဒီမိုကရေစီ ဖြစ်နေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်လွှတ်တော်က လုပ်တဲ့ဟာက ပြည်ထောင်စုကို သက်ရောက်မယ်လို့ကတော့ အများကြီး မယူဆဘူး။
တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းအဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေး အရှိန်မြင့်နေဆဲ ဖြစ်ပေမဲ့လို့ အရပ်သား အစိုးရ ဘက်ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးပေါင်းပါဝင်ကြဖို့ ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားဆဲဖြစ်တယ်လို့ သမ္မတရုံးက ပြော
တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့ရဲ့ မူဆယ်(၁၀၅)မိုင် ပစ်ခတ်မှုနောက်ပိုင်း တပ်မတော်စစ်ကြောင်းကလည်း နယ်မြေလိုက်ရှင်းနေပြီး လုံခြုံရေးစိတ်မချလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်က ထောင်ချီလာနေပြီလို့ ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ လုံခြုံရေး အခုအချိန်အထိ စိုးရိမ်စရာ အနေအထား ဖြစ်နေလို့ ဒီဒေသကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ပြီး လုံခြုံရေးကို အထူးတင်းကျပ်ထား တာသာ ဖြစ်တယ်လို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင် တဦးက ပြောဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အသေရေဖျက်မှုနဲ့ Eleven Media Group အမှူဆောင် အရာရှိချုပ်နဲ့ အယ်ဒီတာချုပ်ကို ဖမ်းဆီးထားတာဟာ ဒီမိုကရေစီ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့အတွက် သူတို့ကို ချက်ခြင်း ပြန်လွှတ်ပေးသင့်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေနဲ့ သတင်း မီဒီယာသမားတွေက တောင်းဆို လိုက်ပါတယ်။
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံလိုက်ရတဲ့ Republican ပါတီက ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ဆန္ဒပြမှုတွေမှာ အာဏာအလွှဲအပြောင်းကိုတော့ သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ မဲပေးခဲ့တဲ့ အမေရိကန်မြန်မာတချို့က သုံးသပ်ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ သမ္မတ ရွေးကောက်ပွဲ ကျင်းပနေပြီဖြစ်ပါတယ်။ အမေရိကန်ပြည်သူ အများအပြား မဲတွေလာရောက်ပေးနေကြပြီး အဲဒီအထဲမှာ အမေရိကန်ပြည်ထောင်စု မှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာတွေလဲ အများအပြားပါဝင်ပါတယ်။
အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မှာ ဒေသခံ ပြည်သူ တွေအားလုံးရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် အာဏာ ပိုင်တွေရဲ့ဆောင်ရွက် ချက်တွေဟာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လို့ ဘာသာရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တွေက တိုက်တွန်းနေ ကြပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ရခိုင်ပြည်နယ်ကို ကုလဦးဆောင်တဲ့ နိုင်ငံတကာသံတမန်တွေ လေ့လာနေချိန်မှာပဲ မနေ့ဗုဒ္ဓဟူးနေ့ညနေမှာ မောင်တောမြို့က နူရူလ္လာရဲကင်းစခန်းကို လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်