၂၁ရာစုပင်လုံမှာ NCA မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေး၊ စစ်တပ်ဘက်က ထိုးစစ်တွေကို လုံးဝရပ်ဆိုင်းရေးနဲ့ စစ်ပြေး ဒုက္ခသည်တွေ ဘေးအန္တရာယ် ကင်းရှင်းစွာ နေရပ်ရင်းပြန်နိုင်ရေး ကချင်ပြည်သူလူထုက ကချင်အမျိုးသားများတွေ့ဆုံပွဲကနေ တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှု ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မောင်တောဘက်မှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ ရပ်နားလိုက်ပေမဲ့လို့ နယ်မြေဒေသတွင်း လုံခြုံရေးဟာ စိတ်ချလုံခြုံရတဲ့ အနေအထား မဟုတ်သေးသလို လုံခြုံရေးအစီအမံတွေကို စနစ်တကျလုပ်ဖို့ အရေးကြီးလိုအပ်နေတယ်လို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်မြောက်မွေးနေ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရှမ်းပြည်နယ် တောင်ကြီးမှာ မိဘမဲ့ကလေးတွေ မူကြိုကလေးလေးတွေနဲ့အတူ ဆင်နွှဲခဲ့ပြီး မျိုးဆက်သစ်ကလေးတွေ နိုင်ငံ့အကျိုးပြုနိုင်ကြပါစေ လို့ ဒေါ်စုက ဆန္ဒပြုခဲ့ပါတယ်။
တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှအခွင့်အရေးရနိုင်မယ်လို့ယုံကြည်တဲ့ ပြည်ထောင်စုကြီးတရပ်တည်ထောင်နိုင်ဖို့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေအတိုင်း အပြောမဟုတ်ပဲ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုပါတယ်လို့ တိုင်းရင်းသားအရေးလေ့လာသူတွေကပြောပါတယ်။
ကြေးနီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေရဲ့လူနေမှုဘဝတွေ ထိခိုက်ရတာအပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်စီးရတာတွေအတွက် အစိုးရသစ်အနေနဲ့ ပညာရှင်တွေအားလုံးပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းပြီး စနစ်တကျစုံစမ်းသင့်တယ်လို့ လက်ပံတောင်းတောင်အရေးကူညီဆောင်ရွက်ပေးခဲ့တဲ့ လွှတ်တော်အမတ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက အကြံပြုပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်လူနည်းစုတွေအပေါ် ရက်ရက်စက်စက် ပြုမူနေတယ်လို့ ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နန်းတော် ဝတ်ပြုဆုတောင်းပွဲမှာ ဝေဖန်လိုက်ချိန်မှာပဲ ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူမနေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်အမြန်ဆုံးရပ်စဲပေးရေး မနေ့ စနေနေ့က ပြည်နယ်နဲ့တိုင်းတချို့မှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးလိုလားသူ ကျောင်းသားပြည်သူလူထု လမ်းလျောက်ချီတက်ဆန္ဒပြခဲ့ကြတဲ့ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကို UNFC ဘက်က ကြိုဆိုပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်အမြန်ဆုံးရပ်စဲပေးရေး ပြည်နယ်တိုင်းတွေမှာ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုတရပ်အနေနဲ့လမ်းလျောက်ချီတက်ပြီး ငြိမ်းချမ်းရေးလိုလားသူတွေက အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကို တောင်းဆိုလိုက်ကြပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မယ့် ဒုတိယအကြိမ်၂၁ ရာစုပင်လုံညီလာခံအရေး ကချင်ပြည်နယ်မြစ်ကြီးနားမှာ ကချင်နိုင်ငံရေးအဖွဲ့တွေ ဦးဆောင်ပြီး စုဝေးဆွေးနွေးခဲ့ကြပေမဲ့လို့ အစိုးရအနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ ကချင့်အရေးလှုပ်ရှားသူတွေကပြောဆိုလိုက်ကြပါတယ်။
တိုင်းရင်းဒေသတွေမှာ စစ်ရေးပဋိပက္ခတွေ ပြေလည်ရေး UNFC ရဲ့ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်တွေ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ ဒုတိယအကြိမ် ပင်လုံညီလာခံမတိုင်ခင် အမြန်ဆုံးတွေ့ဆုံပြီး ဆွေးနွေးကြဖို့ စီစဉ်နေတယ်လို့ UNFC ခေါင်းဆောင်နိုင်ဟံသာကပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ပြည်နယ်အချို့မှာ ပျံ့နှံ့ရပ်တည်နေကြတဲ့ ပအိုဝ့်လူမျိုးတွေအတွက် ပအိုဝ်ကိုယ်ပိုင်ခွင့်ရပြည်နယ်တခု ပေါ်လာစေဖို့ ပအိုဝ်လူထုက လိုလားနေပါတယ်။
အရပ်သားအစိုးရလက်ထက်မှာ တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းမှုတွေ များလာတဲ့ ဆက်သွယ်ရေးဥပဒေ ၆၆ဃကို လွှတ်တော်နှစ်ရပ်စလုံးမှာ အရေးတကြီး အဆိုတင်သွင်းပြီး ၆၆ဃ ပြင်ဆင်ပေးရေး လူထုလှုပ်ရှားမှုနဲ့ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ရှမ်းမြောက်ဘက်မှာ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေက ဒီကနေ့မှာ ဆက်ပြင်းထန်နေဆဲပဲလို့ TNLA တအောင်းတပ်ဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းက ဒေသခံတွေနဲ့တွေ့ဆုံ ကွင်းဆင်းလေ့လာပြီးတဲ့နောက်မှာ ဒေသတွင်းစီးပွားရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး အရေးတကြီးဆောင်ရွက်သင့်တာတွေကို ကော်မရှင်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ နဲ့ အစိုးရကို အကြံပြုအစီရင်ခံစာ အမြန်ဆုံး တင်သွင်းသွား မှာဖြစ်တယ်လို့ကော်မရှင်အဖွဲ့ဝင်တဦးကပြောပါတယ်။
ရခိုင်ကိုရောက်နေတဲ့ ကုလအထူးစုံစမ်းစစ်ဆေးရေးမှူး Ms Yanghee Lee ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောမြို့နယ်တွင်းက ကျေးရွာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေဖြစ်နေတဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအနေနဲ့ နစ်နာသူတွေ အတွက် အမှန်တရား ဖော်ထုတ်ပေးဖို့ တိုင်းရင်းသား အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
"သမိုင်းကြောင်းအရပြောရင် ရွှေ့ပြောင်းလာသူတွေနဲ့စည်းထားတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီလူတွေက အဲဒီတန်ဖိုးတွေကို ဆက်လက် ကျင့်သုံးနေတယ်။ ပြည်သူတွေ ပါဝင်နိုင်တဲ့ ဒီမိုကရေစီ၊ ပြည်သူတွေ ပါဝင်နိုင်တဲ့ အုပ်ချုပ်မှုကသာလျှင် ရေရှည် ပိုပြီးတော့ ခိုင်မြဲမယ်။"
မနက်ဖြန်မှာ မြန်မာပြည်ရောက်လာမယ့် ကုလကိုယ်စားလှယ် Ms Yanghee Lee အနေနဲ့ စစ်ရေးပဋိပက္ခတွေကြား တရားမဝင်အသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံရသူတွေ၊ ၆၆ (ဃ)လို ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံရသူတွေ နဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးပေးဖို့ အကျဉ်းသားအရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
မလေးရှားမှာ မြန်မာ ၅ ဦး သေဆုံးရတဲ့အထိဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကို အမှုမှန်ပေါ်ပေါက်နိုင်ရေး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မလေးရှားနိုင်ငံဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီး အပူတပြင်း စုံစမ်းဖော်ထုတ်နေတယ်လို့ မြန်မာသမ္မတရုံးပြောခွင့်ရကပြောပါတယ်။
Yanghee Lee ရွာတွေကိုသွားပြီးတော့ မိသားစုနဲ့ စကားပြောသင့်ပါတယ်။ မိသားစုက ပွင့်ပွင့်လင်းလင်း ပြောရပါမယ်။ ကုလသမဂ္ဂ က အဲဒါကို စုံစမ်းစစ်ဆေးဖို့ ကျနော် တောင်းဆိုပါတယ်။ ကျနော် မျှော်လင့်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်