လာမယ့်ရှေ့သီတင်းပတ် ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ နိုင်ပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ NLD ပါတီကြီးနဲ့ အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ အကြိတ်အနယ်မဲဆွယ်နေကြပြီဖြစ်ပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကိုးကန့်တပ်နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေက ဒီနေ့အထိပြင်းထန်နေဆဲဖြစ်လို့ အခုလိုရက်ကြာရှည်လာပြီဖြစ်တဲ့ ကိုးကန့်လောက်ကိုင် တိုက်ပွဲကို အမြန်ဆုံး ရပ်စေချင်ပြီလို့ ဒေသခံတွေက မေတ္တာရပ်ခံ တောင်းဆိုကြပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက အာဏာပိုင်တွေက သူတို့နယ်မြေမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို လက်နက်အပ်ကြဖို့ အမိန့်ထုတ်လိုက်တာဟာ စစ်ရေးတင်းမာနေတဲ့ တရုတ်-မြန်မာနယ်စပ် လုံခြုံတည်ငြိမ်အေးချမ်းရေးနဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရုတ်ကြောင့် ပျက်ပြားရတယ်ဆိုတာ အပြောမခံချင်တာကြောင့်ဖြစ်တယ်လို့ တရုတ်-မြန်မာအရေးကျွမ်းကျင်သူ တရုတ်သုတေသီက သုံးသပ်လိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းက အလုပ်သမားထု အခွင့်အရေးအပြည့်အဝရရှိရေးနဲ့ အခြေခံလုပ်အားခလစာ (၅၆၀၀)ကျပ်အထိ တိုးမြင့်ပေးရေး ရာနဲ့ချီတဲ့ အလုပ်သမားတွေ ဒီကနေ့ဆန္ဒပြခဲ့ကြပြီး အရပ်သားအစိုးရ လက်ထက် လွှတ်တော်သက်တမ်းတွင်း အခြေခံလုပ်အားခ လစာ တိုးမြင့်သတ်မှတ်ပေးရေး ဥပဒေပြဌာန်းပေးဖို့နဲ့ အလုပ်သမားထု လူနေမှုဘဝတိုးတက်ရေး NLDအစိုးရအနေနဲ့ အလေးထား ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုကြပါတယ်။
" တရုတ်ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အမေရိကန်က ပြောတာပဲဖြစ်ဖြစ် အနောက်တိုင်းက ပြောတာပဲဖြစ်ဖြစ် သူတို့ပြည်တွင်းရေးကိစ္စ သူတို့ဖာသာပဲ ဖြေရှင်း တာပဲ ဖြစ်တော့၊ ကုလသမဂ္ဂက ဒီ လူ့အခွင့်အရေးတွေ ဘာတွေနဲ့ ပြောလာရင် တရုတ်က သူ့နိုင်ငံပြောလည်း လက်မခံဘူး ..."
အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် လက်ရှိဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၃၀၀ နီးပါးရှိနေပြီး ပြီးခဲ့တဲ့လ ဖေဖော်ဝါရီလ အတွင်းမှာကို ၉၀ကျော် အဖမ်းခံခဲ့ရတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲဖြစ်တဲ့အခါမှာ နယ်စပ်ဒေသကို ခြေကုတ်ယူပြီးတော့ လှုပ်ရှား ဆောင်ရွက်တာဖြစ်တယ်။ ဒီလိုမျိုး လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာတဲ့အချိန်မှာ ၂ ဘက် ပြောတာဆိုတာတွေရှိတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေတဲ့အတွက် မြန်မာနဲ့တရုတ် နယ်စပ်ဘက်ခြမ်း နှစ်မိုင်အတွင်း တရုတ်နိုင်ငံသားတွေ မသွားဖို့ နဲ့ လုံခြုံရေးသတိရှိကြဖို့ တရုတ်နိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေ ဘက်က သတိပေးပြီး နယ်စပ်မျဉ်းတလျောက် တပ်လှန့်ထားပါတယ်။
အရပ်သားအစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် ၁၉၈၈က လုံထိန်းရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ကျဆုံးခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးခဲ့ရတဲ့ (၂၉)နှစ်မြောက် နှစ်လည်အခမ်းအနားကို ရန်ကုန်စက်မှုတက္ကသိုလ် RIT ရဲ့ စုဝေးခန်းမမှာ ကျင်းပခွင့်ရခဲ့ပါတယ်။
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ ကိုးကန့်တပ်ဖွဲ့ နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေပြင်း ထန်နေတာကြောင့် ဒေသတွင်း လုံခြုံရေး စိုးရိမ်ရတဲ့ အနေအထားဖြစ်လာနေလို့ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တွေကို ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ဘာသာတခုနဲ့တခုကြား အမုန်းတရားကြီးထွားစေတဲ့ ဟောပြောလှုံ့ဆော်မှုတွေ လုပ်နေတဲ့အတွက်ဆိုပြီး မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ တရားဟောပြောခွင့် တစ်နှစ် ပိတ်ပင်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိသလို တချို့ကျတော့လည်း အမုန်းတရားမပြန့်ပွားရေးအတွက် လုပ်သင့်တယ်လို့ ထောက်ခံတာတွေလည်းရှိပါတယ်။
တရုတ်-မြန်မာ ယူနန်ပြည်နယ်နယ်စပ် Dehong အထူးဒေသထဲမှာ တရုတ်နိုင်ငံသားတွေနဲ့ လက်ထပ်ထားတဲ့ မြန်မာအမျိုးသမီး သုံးသောင်းနီးပါး တရားမဝင်နေထိုင်နေကြပြီး သက်သေခံအထောက်အထားတွေ မရှိဖြစ်နေတဲ့အတွက် ကူညီကယ်ဆယ်ပေးနိုင်ရေး အခက်အခဲဖြစ်နေပါတယ်။
အယူခံတရားရုံးက သေဒဏ်ထပ်အတည်ပြုလိုက်ပြီးတဲ့နောက် နောက်ဆုံးအဆင့် အမြင့်ဆုံးတရားရုံးကို ထပ်ပြီးအယူခံဝင်သွားနိုင်ဖို့ လိပ်ကျွန်းလူသတ်မှု အထူးကော်မတီတရပ် အသစ်ပြန်ဖွဲ့ပြီး အလေးအနက်ထားဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတက သမ္မတရုံးကတဆင့် ညွှန်ကြားထားပါတယ်။
" ... အစိုးရနဲ့ စစ်တပ်ဖက်ကလည်း ဒီထိုးစစ်တွေကို ရပ်တန့်ပေးဖို့ လိုတာပေါ့။ အဲလို ယုံကြည်မှုတွေ ရှိလာပြီဆိုမှ ကျနော်တို့ရှေ့ဆက်သွားဖို့ အချိန်ကတော့ နီးကပ်လာပြီလို့ ဆိုလို့ ရတာပေါ့နော်။ အခု လောလောဆယ်ကတော့ အဲဒီမှာက ထိုးစစ်တွေက ရှိနေသေးတော့ .."
ရှေ့နေဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတာ တစ်လတင်းတင်းပြည့်ပြီဖြစ်ပေမဲ့လို့ ဖမ်းမိထားတဲ့ တရားခံတွေ၊ လွတ်မြောက်နေတဲ့သူတွေနဲ့ ပတ်သက်လို့ တရားဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ဖို့ တရားရုံးတင်တာ မတွေ့ရသေးတဲ့အတွက် တရားစီရင်ရေးအပိုင်း ပွင့်လင်းမြင်သာမှုရှိပါ လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်တာဝန်ရှိသူတဦးကပြောဆိုလိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ်ဝင်းတွင်းက တကသကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းနေရာကို ကျောင်းသားသမဂ္ဂမျိုးဆက်အသီးသီးရဲ့ဆန္ဒ္ဒ သဘောထားမပါပဲ မည်သည့်အဆောက်အဦးကိုမျှ ဆောက်လုပ်ခွင့်မရှိဘူးလို့ ဗကသများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းအစိုးရလက်ထက်မှာ ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက တကသ သမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရေးကိစ္စမှာ အစိုးရက တိုက်ရိုက် ပါဝင်ပတ်သက်တာထက် ကျောင်းသားသမဂ္ဂမျိုးဆက်တွေနဲ့ ကျောင်းသားသမဂ္ဂအားလုံးရဲ့ ဆန္ဒသဘောထားအညီ ဆောင်ရွက်ဖို့ သမဂ္ဂမျိုးဆက်ဝင်တွေက တောင်းဆိုလိုက်ကြပါတယ်။
ရန်ကုန်နိုင်ငံတကာလေဆိပ်လိုနေရာမျိုးမှာ ဦးကိုနီကို သေနတ်နဲ့ပစ်ခတ် လုပ်ကြံတာဟာ နိုင်ငံရေး လုပ်ကြံမှု သပ်သပ်သာဖြစ်တယ် ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထဲရေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသလို လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်လိုက်ပါတယ်။
လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကန့်သတ်မှုမရှိပဲ ကဏ္ဍစုံ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မိုင်တိုင်အနီး ဖြစ်ခဲ့တဲ့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှုနဲ့ပတ်သက်ပြီး RSO ၊ မူဂျာဟစ် စတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတချို့ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ သမ္မတရုံးပြောခွင့်ရကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်