အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်အပေါ် လိုအပ်သောတုန့်ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဘက်က သတင်းထုတ်ပြန်ခဲ့တာဟာ တပ်မတော်အနေနဲ့ တပ်ကိုထိခိုက်နစ်နာစေမယ့် စကားလုံးမျိုး၊ သတင်းထုတ်ပြန်ချက်တွေ၊ ရေးသားဖော်ပြမှုတွေမှာ သတိထားကြစေဖို့ တပ်ဘက်က သဘောထားကို ထုတ်ဖော်ပြလိုက်တဲ့သဘောလို့ သတင်းမီဒီယာသမားတွေက သုံးသပ်ကြပါတယ်။
NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်အခြေအနေဟာ အစိုးရသက်တမ်းတစ်နှစ်တာကာလအတွင်း ဘာတခုမှ ထူးခြားပြောင်းလဲတိုးတက်တာ မရှိဘူးလို့ ပဲန်မြန်မာနဲ့ မိတ်ဖက် သတင်းစာနယ်ဇင်းအဖွဲ့တွေက ဒီကနေ့အစီရင်ခံစာ ထုတ်ပြန်ပြီး ဝေဖန်ပြောဆိုလိုက်ပါတယ်။
မနေ့ တနင်္ဂနွေနေ့က ဥရောပသုံးနိုင်ငံခရီးစဉ် စတင်ထွက်ခွာလာခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့ကို ဆိုက်ရောက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ခရီးမစခင်မှာပဲ သူရဦးရွှေမန်း တရုတ်နိုင်ငံကိုရောက်နေတာဟာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ စီမံကိန်းတွေကို ဥပဒေနဲ့အညီ လေ့လာဆန်းစစ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
သံလွင်(ချောင်းဆုံ)တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် အမည်ပြောင်းလဲ လိုက်တာဟာ NLD အစိုးရက တိုင်းရင်းသားလူမျိုးစု လူနည်းစုတွေရဲ့ သဘောထားဆန္ဒကို မျက်ကွယ်ပြုတာ၊ လူမျိုးစုတွေရဲ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်ဆိုပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို အိတ်ဖွင့်စာတွေကို မွန်တိုင်းရင်းသားတွေက ဒီကနေ့ ပေးပို့လိုက်ကြပါတယ်။
အခုလိုနေပြည်တော်ရုံးစိုက်တဲ့နေရာမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့လုံခြုံရေး အကြောင်းပြချက်နဲ့ အချိန်တိုအတွင်း ပြောင်းရွှေ့ဖို့အမိန့်ထုတ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်ဆိုတာကို ကယန်းအဖွဲ့အစည်းတွေဘက်က ကြေညာချက် ထုတ်ပြန်ကန့်ကွက်သလို သတင်းစာရှင်းလင်းပွဲလုပ်ပြီးလည်း ရွာသားတွေ ကြုံနေရတဲ့ အခက်အခဲနဲ့ လက်ရှိအခြေအနေကို ရှင်းပြခဲ့တဲ့အကြောင်း ကယန်းအမျိူးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး မူဂလိုရီက ပြောပါတယ်။
ကေအိုင်အိုထိန်းချုပ်နယ်မြေထဲက ဇိုင်းအောင်စစ်ဘေးရှောင်စခန်းကနေ အစိုးရထိန်းချုပ်နယ်မြေ ဝိုင်းမော်စစ်ဘေးရှောင်စခန်းက စစ်ပြေးဒုက္ခသည်တွေအတွက် နေထိုင်စရာအခက်အခဲဖြစ်နေပြီး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့လထဲ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေး ကိစ္စတွေကို ဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်နေချိန်မှာပဲ အရပ်သား အစိုးရလက်ထက် နိုင်ငံတကာနဲ့ ဆက်စပ် လုပ်ကိုင်တဲ့ လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ ဒေသခံတွေ အကျိုးစီးပွားကို ရှေ့ရှုဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။
မြန်မာ့သစ်တောသစ်ပင်တွေ စိမ်းလန်းစိုပြေပြီး မြစ်ချောင်းအင်းအိုင်တွေ မပျက်စီးရအောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မြန်မာနိုင်ငံသားတိုင်း ကိုယ့်အသိစိတ်ဓာတ် နဲ့ စောင့်ရှောက် ကာကွယ်ဖို့ အရေးတကြီး လိုအပ်နေပြီ လို့ မြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ က ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ တိုက်တွန်း ပြောဆို လိုက်ပါတယ်။
ဒီကနေ့ဧပြီလ ၂၁ရက်နေ့ဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်သူ နယကကြီးလည်းဖြစ်၊ ဝါရင့်နိုင်ငံရေးသမားကြီးအဖြစ် နှစ်ရှည်အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားကြီးလည်းဖြစ်တဲ့ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခဲ့တာ သုံးနှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။
“၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်”အဖြစ် မျှော်မှန်းထားတဲ့အတိုင်း ဆောင်ကျဉ်းနိုင်အောင် ကြိုးပမ်းကြဖို့နိုင်ငံတော်သမ္မတက ပြောဆိုလိုက်ချိန်မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်နိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးရအောင် နိုင်ငံသူနိုင်ငံသားတွေ ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားပင်လယ်အော်က ဝင်ရောက်လာတဲ့ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha) ဟာ မြန်မာနိုင်ငံကုန်းတွင်းပိုင်းကို ဝင်ရောက်လာပြီးတဲ့နောက် အားပျော့သွားပြီဖြစ်တဲ့အတွက် အစိမ်းရောင်အဆင့်ကို သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။
အနီရောင်အဆင့်သတ်မှတ်လိုက်ပြီဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်နေချိန် ပြည်သူတွေအနေနဲ့ အရေးပေါ်မုန်တိုင်းသတိပေးချက် ပညာပေးနိုးဆော်ချက်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့် နားစွင့်ထားကြဖို့နဲ့ မုန်တိုင်းဘေးရှောင်ဖို့ စီစဉ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေ ဘေးလွတ်ရာ နေရာတွေကို ချက်ခြင်းအမြန်ဆုံးပြောင်းရွှေ့ကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက သတိပေးနိုးဆော်လိုက်ပါတယ်။
ကုလသမဂ္ဂအစီရင်ခံစာအပါအဝင် အများပြည်သူအတွက်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး Early Warning Project အဖွဲ့က လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ပွားနိုင်ခြေ အမြင့်မားဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို တတိယနေရာမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။
မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ကာလရဲ့ အစဉ်အလာမပြတ် သင်္ကြန်ရဲ့ပြရုပ် သင်္ကြန်သရုပ်သကန်နဲ့ ပီပြင်အောင် ပုံဖော်နိုင်တဲ့ သင်္ကြန်သံချပ်တွေကို စပ်ဆိုနေကြတဲ့ သံချပ်အဖွဲ့တွေရဲ့ သံချပ်သံတွေကိုလည်း ရေကစားမဏ္ဍပ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ မြင်နေကြားနေရပြီဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ ၁၂ရက်နေ့မှာ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင် အသီးသီးက ကောင်းမွန်စွာနေ ထိုင်ပြီး စည်းကမ်း လိုက်နာတဲ့ အကျဉ်းသား စုစုပေါင်း နှစ်ထောင်ကျော် ကို အထူးလျှော့ရက်နဲ့ပြန် လွှတ်ပေးလိုက်တယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့၂၀၁၇ ဧပြီလ(၁)ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပထမဆုံးအကြိမ် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ သံသယရှိသူ ဦးအောင်ဝင်းခိုင် ထွက်ပြေးနေဆဲအပေါ် ဖမ်းမိနိုင်ရေး မြန်မာရဲတပ်ဖွဲ့ဘက်က အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ Interpol နဲ့ ဆောင်ရွက်နေတဲ့အပေါ် ကြိုဆိုပေမဲ့လို့ ပညာရှင်တွေပါဝင်တဲ့ လွတ်လပ်မျှတတဲ့ သီးခြားလေ့လာ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ တိုက်တွန်းမယ်လို့ ရှေ့နေများကွန်ယက်က ပြောဆိုလိုက်ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံရင်းနှီးမှု မဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေးမိတ်ဖက်အဖြစ် ပိုမိုခိုင်မာအားကောင်းလာအောင် နှစ်နိုင်ငံဆက်ဆံရေးကို ပိုအရှိန်မြင့်ကြိုးပမ်းနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။
ဧပြီ၁ရက်နေ့ ကျင်းပခဲ့တဲ့၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိပြီး မဲပေးတာ မဲရေတွက်တာ မဲရလဒ်ထုတ်ပြန်တာမျိုးတွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အရင်ထက် လူထုယုံကြည်မှု ပိုပြီးကောင်းလာတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ခဲ့တဲ့ အဖွဲ့ (PACE) ကပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်