ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေ ၊ ပယင်းမှော်တွင်းတွေက တိမ်းရှောင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ရင်းပြန်နိုင်ရေး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘက်က တိုင်းဒေသကြီးအစိုးရတွေ နဲ့ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ လူကယ်ပြန်ဒုညွှန်မှူးကပြောပါတယ်။
စင်ကာပူနိုင်ငံရောက်မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ပြဿနာ အခက်အခဲဖြစ်လာရင် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အမြန်ဆုံးဆက်သွယ်ကြဖို့နဲ့ စင်ကာပူရောက် မြန်မာ့လူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ကြဖို့ ကိုယ့်အသက်အန္တရာယ်ကို ရန်မရှာကြဖို့ စင်ကာပူရောက်မြန်မာ့အရေးကူညီပေးနေသူတွေက မေတ္တာရပ်ခံလိုက်ကြပါတယ်။
အခုလာမယ့် ဇွန်လ ၁၅ရက်နေ့ နောက်ဆုံးထားပြီး ကချင်ပြည်နယ် တနိုင်းက မှော်တွင်းတွေကနေ ထွက်ခွာကြဖို့ စစ်တပ်က သတိပေးပြီးတဲ့နောက် တနိုင်းဘက်ကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ထောင်ချီရှိလာနေပြီး နေထိုင် စားသောက်ရေး အတော်လေး အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည် ကူညီပေးနေသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို သက်တမ်းထပ်တိုးလိုက်ပါတယ်။ အခုလို ပုဒ်မ ၁၄၄ ကိုထပ်သက်တမ်းတိုးထုတ်ပြန်ရတာဟာ နယ်မြေတွင်း လုံခြုံရေးစိုးရိမ်ရဆဲအခြေအနေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကို အသက်အန္တရာယ် ရန်ရှာမှုတွေရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဘူးသီးတောင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ဂျပန်စက်ရုပ်အငှားဆိုင်
“ ၆ နှစ်ကြာလာပြီ ၊ ၆ နှစ်ကနေ ၇ နှစ် ၈ နှစ် ဆက်သွားမယ်ဆိုရင် ပြည်သူက ခံရတာထက် ပိုပြီးခံရမယ်။ ဒီလောက်ဆိုရင် လုံလောက်ပြီ ဒါကြောင့်ကျနော်တို့က တခါတည်း ရပ်လိုက်စေချင်တယ်။ ဒီအားလုံးက လက်တွဲညီညီနဲ့ ငြိမ်းချမ်းရေးခရီးလမ်းကို ဆက်လျှောက်စေချင်တယ်။"
မြန်မာနိုင်ငံတဝှမ်း မုတ်သုံလေ ဆက်လက်အားကောင်းနေတဲ့အတွက် ရန်ကုန်အပါအဝင် ပြည်နယ်နဲ့ တိုင်းအတော်များများမှာ မိုးများပြီး ရေကြီးရေလျှံဖြစ်နိုင်တာကြောင့် မြေပြိုကျမှုအန္တရာယ်ကို အထူးသတိထားကြဖို့ မိုးလေဝသပညာရှင်က သတိပေးလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စနေည တိုက်ခိုက်မှုတွေအပြီး အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့တိုက်ခိုက်မှုတွေအဖြစ် လုံခြုံရေး တင်းတင်းကျပ်ကျပ်တိုးမြှင့်ချထားချိန် ဗြိတိန်နိုင်ငံ လန်ဒန်ရောက်မြန်မာတွေနဲ့ တိုင်းရင်းသားအသိုင်းအဝိုင်းတွေမှာ လုံခြုံရေးအထူးသတိရှိကြဖို့ သတိပေးနိုးဆော်နေကြတယ်လို့ လန်ဒန်နေမြန်မာတွေကပြောပါတယ်။
တပ်မတော်ကို သရော်စာရေးသားမှုနဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို ပုဒ်မ ၆၆-ဃနဲ့ ဖမ်းဆီးလိုက်ပြီးတဲ့နောက် ဗဟန်းတရားရုံးမှာ ဒီကနေ့ ချုပ်ရက်ရမာန်ယူပါတယ် စနေနေ့လိုအစိုးရရုံးပိတ်ရက်မှာ ချုပ်ရက်ရမာန်ပေးတယ်ဆိုတဲ့ကိစ္စကို ဥပဒေနဲ့ ညီညွတ်မှု ရှိ-မရှိ တရားရုံးမှာ မေးခွန်းထုတ်သွားမယ်လို့ ဦးကျော်မင်းဆွေတို့ရဲ့ ဥပဒေအကြံပေးကပြောပါတယ်။
"လိုအပ်ရင် Myanmar Team ဆိုတဲ့ ပုံစံမျိုးကို ဖွဲ့စေချင်တယ်။ တယောက်တည်း ဆင်ခြင်တုံတရားနဲ့ မဟုတ်ပဲနဲ့။ တကယ့်နည်းပညာကျွမ်းကျင်သူတွေ မြန်မာ့နိုင်ငံရေးကို နားလည်တဲ့သူတွေ ပါဝင်တဲ့ အစုအဖွဲ့မျိုးဖွဲ့ပြီးတော့ အဲဒီအစုအဖွဲ့ကနေပြီးတော့ ဒီအပေါ်မှာ Report တွေအပေါ်မှာ လေ့လာပြီးတော့ ဖြုတ်သင့်မဖြုတ်သင့်ဆိုတာကို သုံးသပ်တာမျိုးပေါ့နော်။"
အရပ်သားအစိုးရလက်ထက်မှာ အင်တာနက်အွန်လိုင်း လူမှုကွန်ရက်တွေ ပေါ်ရေးသားမှုတွေ အပေါ် ဆက်သွယ်ရေးဥပဒေ (၆၆-ဃ) ပုဒ်မနဲ့ တရားစွဲဆိုမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ၆၆ဃနဲ့ တရားစွဲတဲ့ အမှုပေါင်း ၇၀နီးပါး အထိ ရှိသွားပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းကို နောက်လာမယ့်၂၄နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်ခြေရှိတဲ့အတွက် ရေကြီးမြေပြိုကျ အန္တရာယ်ရှိတဲ့အတွက် ပြည်သူအများအထူးသတိထားကြဖို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အရေးပေါ်သတိပေးချက် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ အမှုကို တည်ဆောက်တဲ့ နေရာမှာ အားနည်းချက်တွေ ရှိတယ်လို့ ကျနော်တို့က ယုံကြည်တယ်။ အဲဒီအားနည်း ချက်တွေက ဘာလဲဆိုတော့ တရားခံ မပြည်စုံဘူး။ နောက်ပြီးတော့ သက်သေထည့်သင့်တဲ့ နဂါးလေးကို သက်သေအဖြစ်နဲ့ ထည့်ဖို့ဆိုတဲ့ ကိစ္စတွေ အတွက် ဆောင်ရွက်ဖို့ အတွက် ကျနော်တို့ သွားတင်ခြင်း ဖြစ်ပါတယ်။
မြန်မာအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြောင့် လုံခြုံရေးစိုးရိမ်ရလို့ မြန်မာဘက်ခြမ်းက ဒေသခံ၃၀၀လောက် အိမ်နီးချင်းအိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို တိမ်းရှောင်လာတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။
NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ လာမယ့်မေ၂၄မှာ ကျင်းပတော့မယ့် ၂၁ရာစုပင်လုံညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လယ်ယာနဲ့လုံခြုံရေးစတဲ့ အချက်တွေ ဆွေးနွေးတင်ပြဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
အရပ်သားအစိုးရလက်ထက် ကလေးစစ်သားပပျောက်ရေး လုပ်ဆောင်ချက်တွေဟာ အရင်ကထက် စာရင်ပိုပြီးခိုင်မာအားကောင်းလာတယ်လို့ ကလေးစစ်သားပပျောက်ရေး လှုပ်ရှားသူတွေ က ပြောပါတယ်။ ဒါပေမဲ့လို့ စစ်ရေးပဋိပက္ခတွေတင်းမာနေဆဲ တိုင်းရင်းနယ်မြေတွေမှာတော့ ကလေးစစ်သား အတင်းအဓမ္မ စုဆောင်းမှုတွေ ကရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ အခုလက်ရှိကျင်းပနေဆဲဖြစ်တဲ့ “၂၁ ရာစု ပိုးလမ်းမကြီးနဲ့ ကုန်သွယ်ရေးရပ်ဝန်း ခါးပတ်လမ်းမကြီး” One Belt, One Road ညီလာခံ ကနေ မြန်မာနိုင်ငံအတွက် လမ်းပမ်းဆက်သွယ်ရေး၊ ကုန်သွယ်စီးပွားနဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားကောင်းတွေ ရနိုင်တယ်လို့ တရုတ်-မြန်မာအရေးအကဲခတ်တွေကသုံးသပ်ပါတယ်။
ဒေသတွင်း စစ်ရေးတင်းမာမှုတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူတွေ စစ်ရှောင်စခန်းတွေထဲ ခိုလှုံနေရတာ နှစ်ကြာလာတာနဲ့အမျှ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရဆဲ အနေအထားမှာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဒုက္ခသည်တွေအပေါ် သုံးသပ်ပြောဆိုချက်တွေဟာ တာဝန်မဲ့ရာ၊ လူသားချင်းမစာနာရာရောက်လွန်းတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမလို့ တင်စားခေါ်ကြတဲ့ ခါးပတ်လမ်းမကြီး ကနေ ကုန်သွယ်မှု လမ်းကြောင်းတွေ ပွင့်လာတာနဲ့အမျှ မြန်မာနိုင်ငံလို ဒေသတွင်း နိုင်ငံတွေမှာလည်း စီးပွားရေး အဆက်အဆံတွေ ပိုများလာလိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ တချိန်တည်းမှာပဲ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေမှာ တဖက်သတ် မဖြစ်အောင် မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ကြိုတင်ပြင်ဆင်ဖို့ လိုမယ်လို့လည်း ထောက်ပြနေကြပါတယ်။
လာမယ့်မေလ(၂၄)ရက်မှာကျင်းပတော့မယ့် ၂၁ရာစုပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအောင်မြင်စွာကျင်းပနိုင်ရေး ငြိမ်းချမ်းရေး ကော်မရှင်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းနေတယ်ဆိုပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး တော့ တက်ရောက်နိုင်မှာမဟုတ်ပါဘူး။
နောက်ထပ်ကြည့်ရှုရန်