မြန်မာနိုင်ငံတဝှမ်း ပြည်နယ်နဲ့တိုင်း ၉ခုမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီး သေဆုံးသူ (၂)ဦးနဲ့ ရေဘေးသင့်ပြည်သူပေါင်း တစ်သိန်း သုံးသောင်းလေးထောင်ကျော်အထိ ရှိသွားပြီး ရေဘေးသင့် ပြောင်းရွှေ့အိမ်ထောင်စုပေါင်း သုံးသောင်း သုံးထောင်ကျော် သွားပြီဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအထူးသဖြင့် မြစ်ကမ်းပါးဘေးပြောင်းရွှေ့ပြည်သူတွေအတွက် အရေးပေါ် ကယ်ဆယ်ရေးစခန်း တစ်ရာကျော် ဖွင့်လှစ်ပေးထားတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြောပါတယ်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး ဦးဆောင်လှုပ်ရှားခဲ့သူ ငြိမ်းချမ်းရေးဗိသုကာကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ "သူမနာ-ကိုယ်မနာ" ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အစိုးရ၊ တပ်မတော်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း(၅၃)နှစ်ပြည့်မှာ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဒေါက်တာယန်ဟီးလီ ခရီးစဉ်အပြီး သတင်းထုတ်ပြန်ချက်ဟာ ယေဘူယျဆန်တဲ့စွပ်စွဲမှုတွေနဲ့ မှားယွင်းတဲ့အတွက် စိတ်ပျက်မိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကကြေညာချက် ထုတ်ပါတယ်။ အခုလို အစိုးရဘက်က သူတို့ရဲ့အမြင်ကို ချက်ခြင်းတုန့်ပြန်တာဟာ ကောင်းပေမဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ဒီမိုကရေစီဖော်ဆောင်မယ့် အရပ်သားအစိုးရလက်ထက်မှာ ကုလနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တယ်လို့ တိုက်တွန်းမှုတွေရှိပါတယ်။
ပုဒ်မ၆၆ဃ နဲ့တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ်အမှု ရုံးထုတ်ချိန် ရောက်လာတဲ့ သတင်းသမားတဦးချင်းစီကို သတင်းမှတ်တမ်းသဘောမျိုး ဓာတ်ပုံရိုက်ယူခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်တဦးကို ၂၀၁၇ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေနှင့်အညီ အရေးယူပေးဖို့ မြန်မာသတင်းသမားများကာကွယ်ရေး ကော်မတီက ဒီကနေ့ ဗဟန်းတရားရုံးမှာ တရားစွဲဆိုလိုက်ကြပါတယ်။
တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ABSDF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဌေးကို မြန်မာ့တပ်မတော်က စွဲဆိုထားတဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားရုံးတင်ဖို့ မိုးမောက်တရားရုံး တရားသူကြီးက မနေ့တနင်္လာနေ့က ဆုံးဖြတ်ချက် ချလိုက်ပါပြီ။
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးအပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်တဲ့လူခြောက်ဦးကို သိန်းထောင်ချီတန်တဲ့ ရန်ကုန်တိုင်းတွင်းက မြေကိစ္စ အဂတိလိုက်စားမှုနဲ့ ဖမ်းဆီး အရေးယူလိုက်ပါတယ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဘက်က လနဲ့ချီစစ်ဆေးပြီးတဲ့နောက် ပြစ်မှုကျူးလွန်ကြောင်း စုံစမ်းတွေ့ရှိမှုအပေါ် အခြေခံပြီး တရားစွဲလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်စုံစမ်းဖို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ Yanghee Lee ဟာ ဒီကနေ့မှာတော့ ကရင်ပြည်နယ်ကို ရောက်ရှိနေပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံနေတယ်လို့ ကုလသမဂ္ဂမြန်မာနိုင်ငံရုံးပြောခွင့်ရကပြောပါတယ်။
ရှမ်းပြည်နယ်ကိုရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ရှမ်းပြည်နယ်တွင်းက လားရှိုးအကျဉ်းထောင်ကို သွားခဲ့ပြီး ဖမ်းဆီးခံအကျဉ်းသားတချို့ကိုတွေ့ဆုံခဲ့သလို စစ်ရေးပဋိပက္ခတွေနဲ့ တင်းမာနေဆဲ ရှမ်းပြည်နယ်တွင်းက စစ်ဘေးစစ်ရှောင်ဒုက္ခသည်တွေရဲ့အခက်အခဲတွေ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ လေ့လာခဲ့တယ်လို့ ကုလသမဂ္ဂမြန်မာနိုင်ငံ ရန်ကုန်ရုံးပြောခွင့်ရကပြောပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်စုံစမ်းဖို့ရောက်ရှိ နေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်ယန်ဟီးလီနဲ့ တွေ့ဆုံပြီး လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တင်ပြနိုင်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေဘက်က ပြင်ဆင်နေကြပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ တင်းကျပ်တဲ့နိုင်ငံခြားသားအလုပ်သမားဥပဒေသစ်ပြဌာန်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအလုပ်သမားတချို့ မြန်မာနိုင်ငံကို တဖွဲဖွဲပြန်လာတာမှာတော့ ကရင်ပြည်နယ် မြဝတီက မဲဆောက်နယ်စပ်ဂိတ်ကနေ ပြန်လာတဲ့အရေအတွက်ကကို သုံးသောင်းလောက်ရှိသွားပြီဖြစ်ပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဒီမိုကရေစီစံနှုန်းတွေကိုထိခိုက်စေတယ်လို့ ဝေဖန်မှုတွေမြင့်တက်လာနေတဲ့ ပုဒ်မ ၆၆ဃ အပါအဝင် ဆက်သွယ်ရေးဥပဒေပြင်ဆင်ချက်မူကြမ်းကို ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကတဆင့် အများပြည်သူသိရှိလေ့လာနိုင်အောင် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကြောင့် သတင်းလွတ်လပ်ခွင့် ထိခိုက်နေရပြီး သတင်းသမားတွေ ဖမ်းဆီးထောင်ချခံနေတာတွေဟာ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအစိုးရရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် အစိုးရနဲ့လွှတ်တော်မှာ အမြန်ဆုံးဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ ကို မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက တောင်းဆိုလိုက်ပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေ တဲ့ နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေကို အထူးစီမံချက်တွေနဲ့ အဖမ်းအဆီးတွေ က အခုရက်ပိုင်းတွေထဲ အတော်လေးကြမ်းလာနေပါတယ်။
ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေသစ် ပြဌာန်းဖို့ ထိုင်းအစိုးရဘက်က ဥပဒေသက်ရောက်ချိန် ရက်ပေါင်း ၁၂၀တိတိ ဆိုင်းငံ့လိုက်ပြီဖြစ်ပါတယ် ခုလိုဆိုင်းငံ့လိုက်တဲ့အတွက် အထောက်အထားခိုင်လုံမှုမရှိတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက် တရားဝင် အထောက်အထားရအောင် အများကြီးပြင်ဆင်ချိန်ရသွားစေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိကပြောပါတယ်။
ထိုင်းနိုင်ငံတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ထိုင်းအစိုးရရဲ့ ဥပဒေသစ် ထုတ်ပြန်အပြီးမှာပဲ ထိုင်းနိုင်ငံတဝှမ်း ထောင်ချီတဲ့ တရားမဝင်အလုပ်သမားတွေကို အထူးစီမံချက်နဲ့ လုံခြုံရေးအင်အားသုံးပြီး လိုက်လံဖမ်းဆီးနေပြီဖြစ်ပါတယ်။
အရပ်သားအစိုးရလက်ထက် ဖမ်းဆီးအရေးယူမှု တရားစွဲဆိုမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖျက်သိမ်းပေးဖို့ ဘယ်လွှတ်တော်အမတ်ကမှ လွှတ်တော်တွင်း အဆိုတင်သွင်းလာတာမရှိသေးဘူးလို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဘက်က ပြောဆိုလိုက်ပေမဲ့ လွှတ်တော်လမ်းကြောင်းကနေ အဲ့ဒီ့အဆိုကိုရအောင်တင်သွင်းဖို့ကြိုးစားသွားမယ်လို့ ၆၆ဃဖျက်သိမ်းရေးလှုပ်ရှားမှုပူးပေါင်းအဖွဲ့က ပြောဆိုလိုက်ပါတယ်။
လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ နောက် မိုင်းခွဲဖျက်ဆီးမှုတွေကြောင့် ပိုပြီးတော့ထိခိုက်လာတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့အစီရင်ခံစာပါ အကြံပေးချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ လက်ပံတောင်းဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်နဲ့ကွတ်ခိုင်မြို့နယ်က TNLA တအာင်းလက်နက်ကိုင်အဖွဲ့ရဲ့ တပ်စခန်းတွေကို အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက် စစ်တပ်နဲ့ တအာင်း လက်နက်ကိုင် TNLAတို့ကြား တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ TNLA အတွင်းရေးမှူးကပြောပါတယ်။
အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအနေနဲ့ ပြည်သူနဲ့အတူ ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ပြည်သူရဲ့အားကိုးယုံကြည်မှုရအောင် ပြည်သူနဲ့ထိတွေ့ဆက်ဆံရာမှာ မောက်မာစွာမဆက်ဆံမိဖို့နဲ့ နိုင်ငံအာဏာဆက်တာဝန်ယူဖို့ဆိုရင် ပြည်သူက ယုံယုံကြည်ကြည် ကြည်ကြည်ဖြူဖြူ လွှဲအပ်လာတဲ့ အာဏာဖြစ်ဖို့လိုတယ်လို့ ဒီကနေ့ကျင်းပတဲ့ NLD ပါတီရဲ့ ပထမဗဟိုကော်မတီ သတ္တမအကြိမ်အစည်းအဝေးမှာ သဘာပတိဖြစ်တဲ့ NLD ပါတီ ဗဟိုကော်မတီဝင်ဦးအောင်ကြည်ညွှန့်က မိန့်ခွန်းပြောကြားလိုက်ပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ စစ်ပြေးဒုက္ခသည်တွေအနေနဲ့ မိမိတို့နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာပြန်နိုင်ရေး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိဖို့နဲ့ ဒုက္ခသည်တွေရဲ့လူမှုဘဝပြန်လည်တည်ဆောက်ရေး အာမခံချက်ပေးနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေကို ထိုင်း-မြန်မာနယ်စပ်ရောက် ဒုက္ခသည်အရေးလှုပ်ရှားသူတွေက နိုင်ငံတကာ ဒုက္ခသည်များနေ့မှာ တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်