နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်ထားသေးတဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာတို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအပေါ် ခေါင်းဆောင်ချင်းကြား အကျေအလည်ညှိနှိုင်းမှုတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်လှမ်းနိုင်မယ့် အလားအလာကောင်းအဖြစ် ပအို့ဝ်အပစ်ရပ်အဖွဲ့က ကြိုဆိုလိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်မောင်တောဒေသကနေ ဒေသတွင်းလုံခြုံရေးစိုးရိမ်ရတဲ့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းက ဝန်ထမ်းအချို့ ထွက်ခွာသွားကြပြီး မောင်တောကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်းစာနာမှုအကူညီပေးရေးလုပ်ငန်းတွေ ခေတ္တရပ်နားထားရတယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံး ပြန်ကြားရေး တာဝန်ခံ ကပြောဆိုလိုက်ပါတယ်။ရခိုင်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ခွင့်ပေးထားပြီး နေချင်သေးတဲ့သူတွေ အတွက်လည်း တတ်နိုင်သလောက် လုံခြုံရေးတာဝန်ယူပေးမယ်လို့လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။
ရခိုင်မြောက်ပိုင်း မောင်တောဒေသက အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထောင်ချီတဲ့ဒေသခံတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေပြီး အသက်အန္တရာယ်လုံခြုံရေးကလည်း အထူးစိုးရိမ်စရာအနေအထားဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေဆဲ မောင်တောမြို့နယ်က ဒေသခံတိုင်းရင်းသားတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေပြီး တပ်မတော်နဲ့ ရဲလုံခြုံရေးတွေဘက်က လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောပါတယ်။
ကချင်ပြည်နယ် ကာမိုင်းဂိတ်မှာ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ရဲ့ စစ်ပြေးဒုက္ခသည်တွေ ဆီသွားမယ့်ယာဉ်လေးစီးကို လိုင်စင်မဲ့အဖြစ်ဖမ်းဆီးပြီး တရားဥပဒေအရအရေးယူမယ်လို့ တပ်ဘက်က ပြောဆိုလိုက်ချိန်မှာပဲ ကချင်အဖွဲ့ဘက်ကလည်း တားဆီးတဲ့တပ်မတော်အရာရှိတွေကို ကာမိုင်းရဲစခန်းမှာပဲ တရားစွဲလိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝှမ်းမိုးများပြီး မြစ်ချောင်းတွေ စိုးရိမ်ရေမှတ်ကျော်တဲ့အထိ ဆိုးဆိုးရွားရွားရေကြီးရေလျှံဖြစ်နေတဲ့ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းအပါအဝင့် ပြည်နယ်တိုင်းတွေမှာ ဇူလိုင်လကနေ သြဂုတ်လအထိ ရေဘေးသင့်အိမ်ခြေပေါင်းက ငါးသောင်းကျော်ရှိနေပြီး ရေဘေးသင့်ပြည်သူတွေက နှစ်သိန်းကျော်အထိရှိနေပြီဖြစ်ပါတယ်။ ေ
မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးရောဂါပိုး စတင်ဖြစ်ပွားခဲ့တဲ့ တစ်လတာကြာမြင့်ချိန် ဒီကနေ့အထိ H1N1 ကြောင့် သေဆုံးသူပေါင်း (၃၁) ဦးအထိရှိသွားပြီဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူပေါင်းကတော့ ၃၀၄ ဦးအထိ ကူးစက်ခံနေရပြီး ပိုးရှိတယ်လို့သံသယရှိသူပေါင်းကတော့ ၈၀၀ကျော်သွားပြီဖြစ်ပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ခိုလှုံနေကြတဲ့ နမ္မတီးစစ်ပြေးဒုက္ခသည်တွေကို သွားအကူအညီပေးတဲ့ ယာဉ်တန်းတွေကို တပ်ဘက်က ဟန့်တားဖမ်းဆီးထားတဲ့အရေး ကူညီဖြေရှင်းပေးဖို့ မြစ်ကြီးနား ကချင်ပြည်နယ် အစိုးရကို သွားရောက်ဆွေးနွေးတောင်းဆိုမယ်လို့ ဒုက္ခသည်အရေးကူညီပေးသူတွေကပြောပါတယ်။
ရခိုင်ပြည်နယ်အရေး အကြံပေးနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုအစီရင်ခံစာ ရှေ့သီတင်းပတ်ထဲ ကိုဖီအာနန်ကိုယ်တိုင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်သူလူထုကို တင်ပြတော့မှာဖြစ်ပါတယ်။
အချေအတင်ဖြစ်စရာတွေ ကြုံနေရတဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရေးပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှာ ဒီကနေ့ပဲ အဆိုတင်သွင်းခဲ့ပြီး၊ မကြာခင် ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ၊ တပ်မတော်တို့ကြား ခိုင်မာတဲ့ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့နဲ့ တွေ့ဆုံဆွေးနွေးနေဆဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြေလည်နိုင်ဖို့ဆိုရင် တပ်မတော်ဘက်က တိုင်းရင်းဒေသတွေမှာ ပြုလုပ်နေတဲ့ ထိုးစစ်တွေကို အမြန်ဆုံးရပ်တန့်ပေးပါလို့ UNFC ခေါင်းဆောင်တဦးက ပြောဆိုလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ စစ်တပ်အင်အား တိုးမြင့်ချထားလိုက်တဲ့အပေါ် လုံခြုံရေးအဖွဲ့ဝင်တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုရှိရေး အစိုးရအနေနဲ့ အာမခံချက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူးက စိုးရိမ်မကင်းပြောကြားလိုက်ပါ
ဒေသခံအချို့သတ်ဖြတ်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ အင်အားသုံးတိုက်ခိုက်မှုတွေဖြစ်လာတဲ့ ရခိုင်ပြည်နယ်ရဲ့လုံခြုံရေး အခြေအနေနဲ့ပတ်သက်ပြီး လွှတ်တော်ဘက်က စောင့်ကြည့်မှုတွေနဲ့ အရေးပေါ်အဆိုတင်သွင်းသွားဖို့ရှိတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးကပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဒေသခံတချို့ အကြမ်းဖက်သတ်ဖြတ်ခံရတာ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လူအင်အားသုံး တိုက်ခိုက်မှုတွေ ရှိလာနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအပေါ် စိုးရိမ်မှုတွေမြင့်တက်လာနေပါတယ် ဒါကြောင့် ဒေသတွင်း လုံခြုံရေးတိုးမြင့်ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် အရေးဆောင်ရွက်နေသူတွေက တိုက်တွန်းကြပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို ထိခိုက်စေတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ပတ်သက်လို့ ပြင်ဆင်မလား၊ ဖျက်သိမ်းမလား လွှတ်တော်တွင်း ဆက်လက် ဆွေးနွေးနေချိန်မှာပဲ၊ ဒီပုဒ်မနဲ့ အရေးယူခံရသူတွေလည်း ပိုတိုးလာနေပါတယ်။
H1N1 ရာသီတုပ်ကွေးရောဂါကြောင့် အနည်းဆုံး လူ၁၀ဦးအထိ သေဆုံးမှုရှိလာနေတဲ့အတွက် အများပြည်သူကြား ကူးစက်ခြင်းကိုကြိုတင်ကာကွယ်နိုင်တဲ့ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်တွေ ပိုစတာတွေနဲ့ နှာခေါင်းစည်းတွေ ဖြန့်ဝေတာတွေကို ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့အတူ လူမှုအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကပါ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။
မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေးရောဂါ သံသယရှိသူအဖြစ် ဆေးရုံတက်ကုသနေတဲ့ လူနာပေါင်း ၁၃၀ကျာ်သွားပြီဖြစ်ပြီး H1N1ပိုးတွေ့ရှိသူ ၄၁ဦး၊ H1N1 ကြောင့် သေဆုံးသူကတော့ အနည်းဆုံး ၇ဦးအထိ ရှိသွားပြီလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောဆိုလိုက်ပါတယ်။
တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆိုရင်တော့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ခိုင်မာအားကောင်းတဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးကပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ဘက်က ရခိုင်ပြည်နယ်အရေး အဖြေရှာနိုင်ဖို့ကြိုးပမ်းနေချိန်ဖြစ်တဲ့အတွက် ကုလသမဂ္ဂဘက်က မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ တာဝန်မပေးခင် ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာကိုသာ အရင်ဆုံးလေ့လာပါလို့ ကော်မရှင်အဖွဲ့ဝင်တဦးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ဆောက်လက်စအဆောက်အဦးတခုကို ဗလီဆောက်နေတယ်ဆိုပြီး လူစုလူဝေးနဲ့ ဝိုင်းဝန်းဖိအားပေးတောင်းဆိုခဲ့တဲ့အတွက် ဖြိုချဖျက်ဆီးပစ်လိုက်တဲ့ကိစ္စကို အိမ်ရှင်ဖြစ်သူက သူ့ရဲ့နစ်နာမှုနဲ့ စိုးရိမ်စရာလုံခြုံရေးအတွက် သက်ဆိုင်တဲ့တာဝန်ရှိသူတွေ တာဝန်ယူဖြေရှင်းပေးဖို့ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်