အစိုးရရဲ့ ဝါဒဖြန့်ဝေမှုသက်သက်သာဖြစ်နေဆဲ နိုင်ငံပိုင်သတင်းမီဒီယာတွေအပေါ် နိုင်ငံတကာရဲ့ ယုံကြည်မှု မရနိုင်တဲ့အနေအထားမှာ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ အရည်အသွေးပြည့်မှီစွာနဲ့ ခိုင်မာတဲ့သတင်းအချက်အလက်တွေ နိုင်ငံတကာကို ဖြန့်ဝေနိုင်အောင် မြန်မာ သတင်းသမားတွေဘက်က ကြိုးစားနေကြတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဒုဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသအပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေအထိ ကွင်းဆင်းသတင်းရယူနေတဲ့ သတင်းသမားတိုင်းအတွက် အာမခံချက်ရှိတဲ့ လုံခြုံရေးကို ဒေသဆိုင်ရာနဲ့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ စနစ်တကျတာဝန်ယူ ဆောင်ရွက်ပေးဖို့ မြန်မာသတင်းသမားတွေက တောင်းဆိုလိုက်ကြပါတယ်။
ဘူးသီးတောင် မောင်တောဒေသတွင်းက မူဆလင်ကျေးရွာတွေက ရွာသား တသောင်းခုနှစ်ထောင်ကျော်ဟာ လုံခြုံရေး စိုးရိမ်ရပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နှစ်နိုင်ငံနယ်စပ်ကို စုပြုံရောက်ရှိနေကြတယ်လို့ မြန်မာအစိုးရ သတင်းပြန်ကြားရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက စိစစ်လက်ခံမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
"စိုးရိမ်တာပေါ့ ကျနော်တို့ကတော့ ဒီဟာ Tourist တွေအများကြီးလာနေတဲ့အချိန် နောက်ပြီး concert လုပ်နေတဲ့အချိန်ကို ပစ်တာခင်ဗျ ။ အားလုံးက စိုးရိမ်တယ် လူတိုင်းလည်း တယောက်နဲ့ တယောက်မေးနေကြတာခင်ဗျ Text တွေပို့ပြီးတော့ မေးနေကြတာခင်ဗျ ဟိုတယ်တွေက ဘယ်လိုလဲဆိုတော့ အားလုံး lock down လုပ်လိုက်တယ် အပြင်ကလူလည်း အထဲမဝင်ရဘူး၊ အတွင်းကလူလည်း အပြင်မထွက်ရဘူး။ စိုးရိမ်ကြတာပေါ့ အကုန်လုံးက"
မောင်တောဒေသတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူတွေအတွက် ဝမ်းနည်းကြေကွဲတဲ့ အောက်မေ့ဖွယ်အခမ်းအနား ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူအားလုံးကို လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံတကာအကူအညီ ပေးနိုင်ဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့-မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တွေ ပူးပေါင်းပြီး Red Cross Movement အစီအစဉ်နဲ့ ကူညီထောက်ပံ့ပေး သွားမယ်လို့ လူကယ်ပြန်ဝန်ကြီးကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အပါအဝင် ကုလသမဂ္ဂကျွမ်းကျင်သူ ၇ ဦးက တိုက်တွန်းထားတဲ့ ကြေညာချက်တစောင် ဒီကနေ့ပဲ ပူးတွဲထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာအစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ရဲ့ အဆိုပြုထားတဲ့အချက်တွေအားလုံး သဘောတူညီမှုရနိုင်ရေး အစိုးရအနေနဲ့ နည်းလမ်းရှာပေးဖို့ UNFC ဘက်က တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသတင်းထောက်နှစ်ဦး ဒီကနေ့ အာမခံရရှိသွားပြီဖြစ်ပါတယ် ဒါပေမဲ့ သူတို့နှစ်ဦး မြန်မာနိုင်ငံကို ပြန်ခွင့်မရသေးပဲ ဆက်ပြီးတော့ ရှေ့သီတင်းပတ်ထဲ တရားရင်ဆိုင်ရဦးမယ်လို့ ဘင်္ဂလားရဲအာဏာပိုင်က ပြောပါတယ်။
ဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ စာနာမှုအထောက်အပံ့ငွေကြေးခွဲဝေပေးတဲ့နေရာမှာ မမျှတမှုရှိတဲ့အကြောင်း ANP ရခိုင်အမျိုးသားပါတီဘက်က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နဲ့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေနဲ့ ပါတီဌာနချုပ်မှာ မနေ့ညနေပိုင်းက တွေ့ဆုံချိန် ပြောဆိုလိုက်တာပါ။
မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကိုပြောမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံအခြေပြမိန့်ခွန်းကို ရန်ကုန်၊ မန္တလေးနဲ့ မုံရွာစတဲ့ မြို့ကြီးတွေက လူစည်ကားရာအရပ်တွေနဲ့ လူထုစုဝေးပွဲ ကျင်းပရာကွင်းတွေမှာ စုဝေးလာတဲ့ အလွှာအသီးသီးက လူထုတွေ တပြိုင်တည်းနားဆင်နိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ စီစဉ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာမိန့်ခွန်းဟာ နိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်း စိန်ခေါ်မှုတွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ဖိအားတွေကို အတိုင်းအတာတခုအထိ ပြေလျော့အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပေမဲ့လို့ ကြုံနေရတဲ့ပြဿနာတွေတော့ အလုံးစုံ ပြေလည်သွားမှာမဟုတ်ဘူးဆိုတဲ့ ယူဆချက်တွေလည်းရှိပါတယ်။
စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီအကူးအပြောင်းကာလ မှာ မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းစေဖို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ပြည်သူလူထု တရပ်လုံး ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်းကြိုးစားကြဖို့ ဒီကနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး အထိမ်းအမှတ်ပွဲကနေ တိုက်တွန်းလိုက်ကြပါတယ်။
စက်တင်ဘာ၁၁ ရက်နေ့ 9/11 မှာ တစုံတခုဖြစ်မယ်ဆိုပြီးလူထုကြား ထိတ်လန့်မှုတွေဖြစ်အောင် မမှန်သတင်းတွေနဲ့ ကောလဟာလ ဖြန့်ဝေမှုတွေ ရှိလာနေတဲ့ အတွက် ပြည်နယ်၊ တိုင်း က မြို့နယ်တချို့မှာ ကလေးတွေ ကျောင်းမလွှတ်တာ၊ ဈေးတွေ စောစောသိမ်းတာတွေနဲ့ အထိတ်တလန့်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ခဲ့တဲ့ ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါကြောင်း အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့ပေါင်းစုံပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်ရင်းစွန့်ခွာတိမ်းရှောင်နေရသူတွေ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ လာရောက်ခိုလှုံသူပေါင်း သောင်းချီရှိသွားပြီဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ် နေရာချပေးနေတဲ့ လူမှုဝန်ထမ်းပြန်လည် နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ပဲ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ သမ္မတ ဦးထင်ကျော်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အရေး အပါအဝင် ၂ နိုင်ငံကြား စီးပွားရေး ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
မကြာခင်စတင်တော့မယ့် အိန္ဒိယဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းမှုတွေမှာ အတွေ့အကြုံများတဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကြား လုံခြုံရေးနဲ့ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကုန်သွယ်စီးပွားနဲ့ နယ်စပ်ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိုပြီး တိုးတက်ကောင်းမွန်လာရေး နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဆွေးနွေးနိုင်ခြေ မျှော်လင့်ချက်တွေရှိပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်မောင်တောဒေသတွင်းမှာ ခရီးလမ်းတလျောက် မိုင်းရှင်းလင်းမှုတွေ လုပ်နေရဆဲဖြစ်တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုတွေမှာ နှောင့်နှေးမှုတွေဖြစ်ရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။ ဘေးလွတ်ရာတွေမှာ တိမ်းရှောင်ခိုလှုံနေရတဲ့ ဒုက္ခသည်တွေအတွက် နေထိုင်စားသောက်ရေးအခက်အခဲရှိနေပြီးနဲ့ ဒေသတွင်းလုံခြုံရေးဟာ စိုးရိမ်စရာအနေအထားရှိနေဆဲပဲလို့ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်