ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ မွတ်ဆလင်ဒုက္ခသည်တွေဟာ စားဝတ်နေရေးအခက်အခဲတွေကြောင့် တဖက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ခွာနေကြဆဲ ရှိနေပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းက သတင်းထောက် မစုမြတ်မွန် ကိုယ်တိုင် မျက်မြင်တွေ့ဆုံပြီး မေမြန်းခွင့်ရခဲ့ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့ထဲ ရခိုင်တပ် AA နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်လာနေတဲ့အတွက် ချင်းဒေသခံပြည်သူ တထောင်နီးပါး အသက်ဘေးလွတ်အောင် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ကြွေးကြော်သံနဲ့ အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူ့ဆန္ဒ မဲအများစုနဲ့ အရပ်သားအစိုးရတရပ်အဖြစ် ရွေးချယ်ခံခဲ့ကြတဲ့ ရွေးကောက်ပွဲ နှစ်နှစ်တင်းတင်း ပြည့်တဲ့ ဒီကနေ့မှာတော့ NLD ဦးဆောင်တဲ့ အစိုးရအပေါ် ပြည်သူအများ မျှော်လင့်ထားသလို အကောင်အထည်ဖော် မဆောင်ရွက်နိုင်သေးတဲ့အပေါ် အားမလိုအားမရဖြစ်မှုတွေနဲ့ ဝေဖန်မှုတွေရှိနေပါတယ်။
NLD ပါတီအနေနဲ့ အတိုက်အခံအဖြစ်နဲ့ နှစ်ပေါင်းများစွာနေလာခဲ့ပြီးမှ အရပ်သားအစိုးရတရပ်အဖြစ် ရွေးချယ်ခံခဲ့ရတာဟာ ဒီကနေ့မှာ နှစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။
ဒီသီတင်းပတ်နှောင်းပိုင်း စတင်ကျင်းပမယ့် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒေသတွင်း ခေါင်းဆောင်တွေအပြင်၊ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
မြန်မာနိုင်ငံတွင်းက ကရင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေအရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ထောက်ခံကူညီသွားဖို့နဲ့၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတွေအပေါ် မျိုးတုံးသတ်ဖြတ်ရှင်းလင်းမှုတွေမဖြစ်အောင် အကာအကွယ်ပေးဖို့ ကရင်လူမျိုး ထောင်ဂဏန်းလောက် စုဝေးပြီး အမေရိကန်လွှတ်တော်ရှေ့မှာ စုဝေး ဆန္ဒပြပွဲတရပ်ပြုလုပ်နေပါတယ်။
မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တွေ ပြန်လည်ရွေးချယ်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ ကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး ဆန္ဒမဲပေးကြဖို့နဲ့ ကိုယ်တိုင်လည်း ဝင်ရောက်အရွေးချယ်ခံကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးအဆင့် ရွေးချယ်ပွဲတွေ သန့်ရှင်းမျှတမှုရှိရေး ဒေသခံပြည်သူတွေ အနေနဲ့ ဘယ်လို ရွေးချယ်နိုင်သလဲဆိုတဲ့ ပညာပေးမှုတွေကို ရှင်းလင်းတိကျစွာ သိရှိနိုင်အောင် သက်ဆိုင်တဲ့တာဝန်ရှိသူတွေဘက်ကလည်း စနစ်တကျ လုပ်ဆောင်ဖို့ တိုက်တွန်းကြပါတယ်။
မြန်မာပြည်က ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးကရော နိုင်ငံတကာကပါ စိတ်ရှည်သည်းခံကြဖို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအဖွဲ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပန်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အထောက်အကူတွေ ပေးပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။
တနိုင်ငံလုံးအတိုင်းအတာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေကို NLD အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ်နဲ့ လာမယ့် ဒီဇင်ဘာလထဲ ပြုလုပ်ဖို့ရှိနေပါတယ်။ ပြင်ဆင်ထားတဲ့ ဥပဒေသစ်အရ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကို လူထုက တိုက်ရိုက်မဲပေးရွေးချယ်ခွင့်ရမယ့် အခွင့်အလမ်းဖြစ်တာကြောင့်၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကို ပြည်သူ့ဆန္ဒနဲ့အညီ စနစ်တကျ ပြန်ရွေးချယ်နိုင်ဖို့ မျှော်လင့်မှုတွေ ရှိနေပါတယ်။
ကချင်ဘာသာရေးခေါင်းဆောင်နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုနဲ့ တပ်မတော်က တရားစွဲဆိုပြီး ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တဲ့အမှုကို ခရိုင်အဆင့်တရားရုံးကို အယူခံဝင်မှာဖြစ်ပြီး သူတို့နှစ်ဦး အမြန်ဆုံးပြန်လည် လွတ်မြောက်ရေး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စာပေးပို့တောင်းဆိုသွားမှာဖြစ်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက သဘောတူထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်းတွေကို လွှတ်တော်တင်ဖို့ ပြင်ဆင်နေကြပြီလို့ အပစ်ရပ်ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်တဦးကပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအနေနဲ့ စားနပ်ရိက္ခာအပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကိုနှစ်ဘက်အသိုင်းအဝိုင်းနဲ့ ဒေသခံပြည်သူအားလုံးကို ဘက်မျှမျှတတ ပေးဖို့ ဒေသခံအဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာစစ်တပ်နဲ့ တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ရှင်းလင်းတင်ပြမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက တုံ့ပြန်လိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ရေး၊ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ ဒေသဖွံ့ဖြိုးရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေးတွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်ရေး တရုတ်အနေနဲ့ အဓိကအလေးထားအားပေးသလို အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်အရေး ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုန်းသုတ်သင်နေတယ်လို့ နိုင်ငံတကာက ဝေဖန်ပြစ်တင်နေတာမျိုး တရုတ်ကတော့ လိုက်လုပ်မှာမဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာဌာန ဒုဝန်ကြီးက ပြောပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းကနေ သောင်းချီတဲ့ ဒုက္ခသည်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် ထွက်ခွာနေဆဲဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ နေရပ်ကိုမစွန့်ကြဖို့ တိုက်တွန်းနေတဲ့ကြားက ထွက်ခွာနေကြတာလို့ ပြောဆိုခဲ့တာပါ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂတို့အကြား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကုလနိုင်ငံရေးရာဌာန အကြီးအကဲတို့ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တတိုင်းပြည်လုံးငြိမ်းချမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပဋိပက္ခတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ရေး ကိုဖီအာနန်အစီရင်ခံစာပါအတိုင်း အကြံပြုချက်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ နိုင်ငံတကာအနေနဲ့ နိုင်ငံရေး၊ သံတမန်ရေး ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံက အပြုသဘောဆောင်တဲ့ အကူညီတွေ ပေးပါလို့ ကိုဖီအာနန်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးက တောင်းဆိုလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှိနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးနဲ့ လူသားချင်း စာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေးဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) နဲ့အတူ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်