နေပြည်တော်က လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်မှုနဲ့ လတ်တလော ထောင်နှစ်လအချခံထားရတဲ့ နိုင်ငံခြားသတင်းထောက်နှစ်ဦး မြန်မာသတင်းသမားတဦး ကားသမား အပါအဝင် ပေါင်းလေးဦးကို တရားစွဲဆိုထားတဲ့ သွင်းကုန်ထုတ်ကုန်ဥပဒေ ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှု စတဲ့ အမှုနှစ်မှုအတွက် ဒီကနေ့ ထပ်မံရုံးထုတ်စစ်ဆေးပါတယ်။
လူ့အခွင့်အရေးယဉ်ကျေးမှုထွန်းကားပြီး ငြိမ်းချမ်းသောကမ္ဘာကြီးတည်ဆောက်နိုင်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ၂၀၁၇ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့“ လူ့အခွင့်အရေးအတွက် ရပ်တည်ကြ #standup4 humanrights” ဆိုတဲ့အတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လူသားတိုင်း မားမားမတ်မတ် ရပ်တည်ကာကွယ်ကြဖို့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
“ကျွန်မတို့ရဲ့ လူငယ်တွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေ ဖြစ်ပါ တယ်။ ကျွန်မတို့ နိုင်ငံ သိက္ခာရှိရှိ၊ တောင့်တင်းခိုင်မာစွာ ရပ်တည်နိုင်ဖို့ စီးပွားရေး တိုးတက်မှုက အရေးကြီးလှပါတယ်။ လူငယ်အင်အားနဲ့ စီးပွားရေး အင်အားပေါင်းပြီး ကျွန်မတို့နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ပြေးနေဆဲ ဖြစ်တာကြောင့်၊ နေရပ်ပြန်ရေး အစီအစဉ်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်နေချိန်မှာပဲ၊ ဒုက္ခသည်တွေကို မကြာခင် စတင်လက်ခံနိုင်ဖို့ မျှော်လင့်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း အကြမ်းဖက်မှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းမှာ ခက်ခဲတဲ့ အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်ထွက်ပြေးလိုသူတွေလည်း ရှိနေဆဲပါ။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သွားသူတွေ နေရပ်ပြန်နိုင်ရေး ၂ နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းနေချိန်မှာပဲ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကုလသမဂ္ဂ အကူအညီနဲ့အတူ စတင်ကောက်ယူ စုဆောင်းနေပါတယ်။
မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အာရုံစိုက်ပြီး စိုးရိမ်မကင်းဖြစ်မှုတွေ ဝေဖန်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဘက်က တာဝန်ယူမှု တာဝန်ခံမှု ကာကွယ်ဆောင်ရွက်ပေးမှု အားနည်းသလို ကော်မရှင်အပေါ် ပြည်သူလူထု-အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အားကိုးယုံကြည်မှု လျော့နည်းနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်က ထောက်ပြပြောဆိုလိုက်ကြပါတယ်။
နေပြည်တော်က လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်တာကြောင့် လေကြောင်း ပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ထောင်နှစ်လ အချခံထားရတဲ့ နိုင်ငံခြားသတင်းထောက်နှစ်ဦး မြန်မာသတင်းသမားအပါအဝင်ပေါင်းလေးဦးကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ ဒီကနေ့ ထပ်မံရုံးထုတ်စစ်ဆေးပါတယ်။
တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာ နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲကို အထူးဧည့်သည်တော် အဖြစ် သွားရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ လက်ရှိကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေတ်သစ် မဟာဗျူဟာနဲ့ပတ်သက်လို့ တရုတ်ဘက်ကတင်ပြသလို နိုင်ငံစုံကလည်း အကြောင်းအရာကဏ္ဍအလိုက် အုပ်စုတွေခွဲပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။
Surin Pitsuwan ဟာ ထိုင်းနိုင်ငံနိုင်ငံရေးခေါင်းဆောင်တဦးအနေနဲ့မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားစွာ အကြံညဏ်ပေး ဆောင်ရွက်ခဲ့သူ မြန်မာပြည် အသွင်ကူးပြောင်းကာလတွေမှာ စိတ်ရောကိုယ်ပါ အားပေးကူညီသူတဦးဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကြီးမားတဲ့ဆုံးရှုံးမှုတခုအဖြစ် ရှု့မြင်ကြပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခြင်းအားဖြင့် နိုင်ငံတကာနဲ့ ဒေသတွင်း အာရုံစိုက်ခံနေရတဲ့ ရခိုင်အရေး မြန်မာအစိုးရရဲ့ ရပ်တည်ချက် သဘောထားနဲ့ ကိုင်တွယ်ဖြေရှင်းနေတာတွေကို ဒေသတွင်းက ခေါင်းဆောင်တွေကို တိုက်ရိုက်ရှင်းပြနိုင်မယ့်အခွင့်အလမ်းတခုအဖြစ် တရုတ်-မြန်မာအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
နိုဝင်ဘာလ ၃၀မှာ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကြွရောက်လာမယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လာရောက်ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး အလေးပေးထည့်သွင်း ပြောဆိုမယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက မျှော်လင့်နေကြပါတယ်။
နေပြည်တော်က လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်မှုနဲ့ လေကြောင်း ပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ထောင်ချခံထားရတဲ့ နိုင်ငံခြားသတင်းထောက် ၂ ဦးကို ဒီကနေ့ တရားရုံးထုတ်ချိန်မှာတော့ နောက်ထပ် တရားစွဲဆိုထားဆဲအမှုတွေ ရုပ်သိမ်းဖို့ လျှောက်လဲချက်ကို ပယ်ချပြီး လဝက အက်ဥပဒေနဲ့ တရားထပ်မံစွဲဆိုလိုက်တယ်လို့ အမှုလိုက်ရှေ့နေကပြောပါတယ်။
ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဟာ မနက်ဖြန် နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ဆိုက်ရောက်ကြွချီလာတော့မှာဖြစ်ပါတယ်။ အခုလို ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့အပေါ် မြန်မာနိုင်ငံအပေါ် ကောင်းခြင်းတွေနဲ့ မေတ္တာတရားတွေ ငြိမ်းချမ်းမှုတွေကို ဆောင်ကျဉ်းသယ်ဆောင်လာနိုင်မယ်လို့ ကက်သလစ်ဘုန်းတော်ကြီးတွေက ယုံကြည်မျှော်လင့်မှုတွေရှိပါတယ်။
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်သူတွေကို ပြန်လည်လက်ခံ နေရာချထားပေးဖို့ စီစဉ်နေကြချိန်မှာပဲ ရခိုင်ပြည်နယ်တွင်းက နေရပ်စွန့်ခွာ ပြေးရှောင်ရတဲ့ ဒေသခံရခိုင်တွေနဲ့ ဌာနေတိုင်းရင်းသားတွေအတွက် ပုံမှန်လူမှု ဘဝပြန်လည် တည်ဆောက်ရေးကိုလည်း အလေးထားဆောင်ရွက်ပေးဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
လာမယ့်ဒီဇင်ဘာလထဲ ကျင်းပဖု့ိရှိတဲ့ တတိယအကြိမ်မြောက် ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ရေး အပစ်ရပ်အဖွဲ့တွေ အစိုးရအဖွဲ့၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
ရခိုင်ပြဿနာ ပြေလည်အောင်ဖြေရှင်းနိုင်ဖို့အတွက် နယ်မြေတွင်း အပစ်ခတ်ရပ်စဲရေးကနေ စတင်တဲ့ လုပ်ငန်းစဉ်သုံးဆင့်နဲ့ အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တရုတ်နိုင်ငံဘက်က အဆိုပြုထားပါတယ်။
ရခိုင်အရေး နိုင်ငံတကာဖိအားတွေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်လာတဲ့အပေါ် တရုတ်-မြန်မာနှစ်နိုင်ငံကြား ခိုင်မာတဲ့ရင်းနှီးမှုနဲ့ တရုတ်ရပ်တည်မှုကို ပိုပြသတဲ့သဘောဖြစ်သလို ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေအတွက် တရုတ်အစိုးရဘက်က ပိုချဉ်းကပ်လာတဲ့သဘောလို့လည်း တရုတ်-မြန်မာအရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ရှေ့နေကြီးဦးကိုနီလူသတ်မှုမှာ တိမ်းရှောင်နေတဲ့ တရားခံပြေး အောင်ဝင်းခိုင် ကို နေပြည်တော်သို့ ကားမောင်းပို့ ပေးခဲ့သူက တရားရုံးတွေမှာ ရှေ့နောက်မညီတဲ့ ကွဲလွဲတဲ့ ထွက်ဆိုချက်များကို ထွက်ဆိုခဲ့တဲ့အတွက် မမှန်သက်သေထွက်ဆိုချက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၉၃ ဖြင့် အရေးယူပေးရန် ဦးကိုနီလူသတ်မှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ ဥပေဒေအကျိုးဆောင်တွေက တရားရုံးကိုဦးတိုက်လျှောက်ထားခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုရော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုပါ ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ခရီးစဉ်ဟာ နိုင်ငံတကာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုအဖြစ် အကောင်းမြင်မျှော်လင့် မှုတွေရှိသလို၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို အဆုံးသတ်နိုင်ဖို့ သီးခြားလွတ်လပ်တဲ့စုံစမ်းမှုတွေကိုလည်း မြန်မာဘက်က ခွင့်ပြုသင့်တယ်လို့ တိုက်တွန်းကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်