အရပ်သားအစိုးရလက်ထက်ငြိမ်းချမ်းရေး အခြေအနေဟာ အတော်လေးကို စိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်နေပြီလို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ကြား အပစ်ရပ်စဲနိုင်ဖို့ ဖော်ဆောင်နေချိန်မှာပဲ တိုင်းရင်းဒေသအချို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့် ဒုက္ခသည်တွေပြန်လည်လက်ခံရေးအစီအစဉ်တွေ စတင်တော့မယ့်ရက်ပိုင်းမှာပဲ ARSA အကြမ်းဖက်တိုက်ခိုက်တဲ့အဖွဲ့ဘက်က ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးအဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ဒုက္ခသည်တွေပြန်လည်လက်ခံရေး အစီအစဉ်တွေအတွက် သက်ရောက်မှုရှိနိုင်ပေမဲ့လို့ မြန်မာဘက်ကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား သဘောတူညီချက်တွေအတိုင်း အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ပြီး ပြင်ဆင်နေကြတယ်လို့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနေရာချထားရေးဦးဆောင်စီစဉ်သူတဦးဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးအတွက် ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ဒုဥက္ကဋ္ဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ အင်းစိန်ထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ရှေ့လာမယ့်သီတင်းပတ်ထဲ အင်းစိန်ခရိုင်တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်မှာဖြစ်ပါတယ်။ သတင်းထောက်နှစ်ဦး အခုလို ဖမ်းခံရတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ သူတို့ကိုရုံးထုတ်လာချိန် သတင်းထောက်တွေဘက်က တရားဝင် ဆန္ဒထုတ်ဖော်ဖို့လည်း ပြင်ဆင်နေကြပါတယ်။
ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ မကြာခင်သီတင်းပတ်အတွင်းမှာပဲ မြန်မာနိုင်ငံကို ပြန်လာရောက် အခြေချနိုင်ရေး အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေကြပြီလို့ မြန်မာအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်မရှိတဲ့အတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတနိုင်ငံအဖြစ် အမေရိကန်က ဆက်လက် သတ်မှတ်ထားရလောက်တဲ့ ဖိနှိပ်မှုအခြေအနေတွေ ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံက လူနည်းစု ဘာသာဝင်တွေရဲ့ ခေါင်းဆောင်တွေက ပြောဆိုလိုက်ကြပါတယ်။
ဒီကနေ့ကျရောက်တဲ့၂၀၁၈ခုနှစ် နှစ်သစ်ကူးမင်္ဂလာအခါသမယမှာ စိန်ခေါ်မှုတွေတွေနဲ့ရင်ဆိုင်နေရဆဲ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပါစေကြောင်း လည်း ဆုတောင်းကြသလို စစ်မက်ဖြစ်ပွားနေဆဲ တိုင်းရင်းဒေသတွေ အပါအဝင် မြန်မာနိုင်ငံတဝှမ်းကပြည်သူတွေ ကျန်းမာ ချမ်းသာပါစေကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေက နှစ်သစ်ဆုမွန်တောင်းပေးကြပါတယ်။
၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ မူဆလင်ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်က ပြန်လက်ခံမယ့် အစီအစဉ်တွေ စတင်တော့မှာဖြစ်ပါတယ်။ ပထမဆုံးပြန်ပို့မယ့် အသုတ်ထဲမှာတော့ ဟိန္ဒူဒုက္ခသည် ၄၀၀ကျော်လောက်ပြန်ပါလာနိုင်ခြေရှိပါတယ်။ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေကတော့ သူတို့အတွက် လုံခြုံရေးနဲ့ နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးမှ ပြန်လာနိုင်မယ်လို့ ပြောပါတယ်။ နောက်ဆုံးအခြေအနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။
နေပြည်တော်က လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်မှုနဲ့ တရားစွဲဆိုပြီး ထောင်အချခံထားတဲ့ နိုင်ငံခြားသတင်းထောက်နှစ်ဦး မြန်မာသတင်းသမားတဦး ကားသမား အပါအဝင် ပေါင်းလေးဦးကို ရမည်းသင်းထောင်ကနေ ဒီကနေ့ မနက်ပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို လူငယ်တွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေ နိုင်ငံတော်အဆင့်နဲ့ အခမ်းအနားတွေနဲ့ကျင်းပနေမယ့်အစား လတ်တလော စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ တိုင်းရင်းဒေသက တိုက်ပွဲတွေကိုအမြန်ဆုံး ရပ်အောင် အဓိကဆောင်ရွက်သင့်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်တွေက ပြောဆိုလိုက်ပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ခရစ်စမတ်ကာလ အခါသမယမှာ လုံခြုံအေးချမ်းစွာနဲ့ လူတိုင်း ထမင်းတနပ်ကို စိတ်အေးအေးနဲ့ ဝဝလင်လင် စားသောက်ခွင့်ရကြစေချင်ကြပါတယ်လို့ ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် ခရစ်စမတ်ထမင်းတနပ် အလှူဖြစ်မြောက်အောင် စီစဉ်ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။
တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ ရှမ်းလူထုတွေ့ဆုံတာတွေကို စစ်တပ်ဘက်က ပိတ်ပင်ဟန့်တားသလို အခုရက်ပိုင်းပြင်းထန်လာတဲ့ တကျော့ပြန် တိုက်ပွဲတွေကြောင့် ရာချီတဲ့ကျေးရွာသားတွေ ထွက်ပြေးနေကြရပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်က တပ်ဖွဲ့ဝင်(၄)ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်စေရေး အစိုးရနဲ့ တပ်မတော်ဘက်က တာဝန်ယူ တာဝန်ခံဖို့ KNPP က တိုက်တွန်းသလို ပွင့်လင်းမြင်သာပြီး မျှတတဲ့တရားစီရင်မှုရဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီကို စာရေးသားပေးပို့ တောင်းဆိုမယ်လို့ KNPP ဗဟိုကော်မတီဝင်တဦးက ပြောဆိုလိုက်ပါတယ်။
ပညာရေးဝန်ကြီးဌာနလက်အောက်က ဝန်ထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေကို အမည်တပ်ပြီး ပညာရေးဆိုင်ရာပြည်ပခရီးစဉ်ဖိတ်ကြားမှုကို တားဆီးပိတ်ပင်တာဟာ နိုင်ငံတကာပညာရေးစနစ် လေ့လာမှုတွေနဲ့ သင်ယူစူးစမ်းမှုတွေကို ပိတ်ပင်တားဆီးရာ ရောက်တဲ့အတွက် ပြန် ရုပ်သိမ်းပေးဖို့နဲ့ ပြည်ပလေ့လာမှုတွေကို ပညာရေးဝန်ကြီးဌာနကဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ဆရာ-ဆရာမတွေက တောင်းဆို လိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းအရေး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး အမေရိကန်က ဒဏ်ခတ်အရေးယူမှုဟာ အမေရိကန်အစိုးရရဲ့ မူဝါဒသာဖြစ်တဲ့အတွက် တပ်ဘက်က မှတ်ချက်မပေးလိုဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတုံ့ပြန်ပါတယ်။ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် နယ်မြေရှင်းလင်းတာကို ခိုင်လုံတဲ့အထောက်အထားမရှိပဲစွပ်စွဲပြောဆိုမှု တရပ်သာဖြစ်တယ်လို့ ရခိုင်ပြည်သူ့လွှတ်တော်အမတ်တဦးကလည်း ဝေဖန်လိုက်ပါတယ်။
၂၀၁၈ နှစ်သစ်မှာ ကျင်းပမယ့် ၂၁ရာစုပင်လုံ တတိယအကြိမ်ညီလာခံမှာ သဘောတူညီမှုတွေရဖို့ အခြေအတင်ဆွေးနွေးနေရဆဲ နိုင်ငံရေး၊ လုံခြုံရေးကိစ္စတွေ အကျေအလည်ဆွေးနွေးနိုင်ဖို့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ၈ဖွဲ့ ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးနေ့မှာ ကရင်တိုင်းရင်းသား တစ်မျိုးသားလုံး မေတ္တာတရား ပေါင်းစည်းညီညွတ်မှုများနဲ့ ကရင်ပြည်နယ်ကြီး အရှိန်အဟုန်နဲ့ ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် နိုင်ကြပါစေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆုမွန်တောင်းပေး သလို ကရင်တိုင်းရင်းသားတွေ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ပူးပေါင်းပါဝင်လာတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနှစ်သစ်ကူး မိန့်ခွန်းပြောကြားပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး ကို မိသားစုရော ရှေ့နေပါ အခုချိန်အထိ တွေ့ခွင့်မရသေးတဲ့အပေါ် သူတို့ရဲ့လုံခြုံရေး သတင်းသမားတွေဘက်က စိုးရိမ်တကြီးဖြစ်နေကြပါတယ်။ အခုလို နိုင်ငံတော်လျှို့ဝှက်ချက်ဖောက်ဖျက်မှုဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပေါ်မှာလည်း ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေနဲ့ သတင်းထုတ်ပြန်ချက်တွေကို သတင်းမီဒီယာ အဖွဲ့တွေဘက်က ထုတ်ပြန်နေကြပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေအပါအဝင် ဒေသခံတိုင်းရင်းသားတွေအတွက် ပြန်လည်နေရာချထားတဲ့အခါ ဘေးအန္တရာယ်ကင်းတဲ့ လုံခြုံရေးနဲ့ နေ့စဉ်လူမှုဘဝပုံမှန်ရပ်တည်ရေး အာမခံချက်ပေးဖို့ အစိုးရ တာဝန်ရှိသူတွေကို ဟိန္ဒူအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
ဒေသတွင်းမတည်ငြိမ်မှုတွေ အကြမ်းဖက်တိုက်ခိုက်မှု ပဋိပက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ် ပြည်လည်ထူထောင်ရေး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခက်ခဲဖြစ်နေတဲ့ ရခိုင်ပြည်သူတွေ အတွက် အရေးပေါ်လိုအပ်ချက်တွေကို ဝိုင်းဝန်းကြိုးပမ်း ကူညီပံ့ပိုးကြဖို့ ရခိုင်တိုင်းရင်းသားတွေကို ရခိုင်ပြည်နယ်နေ့မှာ တိုက်တွန်းနိုးဆော်လိုက်ကြပါတယ်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တွေ တပြိုင်နက်တည်း ရွေးချယ်နေကြပြီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ မိမိတို့ ရပ်ကွက် အုပ်ချုပ်ရေးအတွက် အရေးကြီးတဲ့ရွေးချယ်မှုတွေမှာ ပူးပေါင်းပါဝင်ကြဖို့နဲ့ ကိုယ်တိုင်လည်း ပါဝင်ရွေးချယ်ကြဖို့ ဦးဆောင်လှုပ်ရှားနေသူတွေက တိုက်တွန်းပါတယ် ။
နောက်ထပ်ကြည့်ရှုရန်