နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန်တဲ့ ICC အရေးကြေညာချက်နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဖြစ်စဉ်တွေကို ငြင်းချက်ထုတ်နေရုံနဲ့မပြီးပဲ လိမ်မာပါးနပ်စွာကိုင်တွယ်ဖြေရှင်းသင့်ပြီလို့ မြန်မာ့အရေးလေ့လာအကဲခတ်တွေက သုံးသပ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ် ကျင်းပချိန်နီးကပ်လာချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ကြား နှစ်ဘက် အကျဆုံးများတဲ့ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးပဋိပက္ခ အရှိန်မြင့်လာနေတာဟာ ငြိမ်းချမ်းရေးအခြေအနေ အနိဋ္ဌာရုံ ဖြစ်လာတဲ့အနေအထားလို့ UNFC ပြောခွင့်ရက ဝေဖန်လိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ လက်တွဲပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ဒေသတွေက လူသားချင်းစာနာမှုအကူညီပေးရေးလုပ်ငန်းတွေမှာ လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်ပိုမြှင့်ဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးကပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံပြန်သွားရရင် လုံခြုံရေးအခြေအနေ စိုးရိမ်နေကြဆဲဖြစ်ကြောင်းနဲ့ သူတို့တွေရဲ့နေရပ်ရင်းပြန်ဖို့ နှောင့်နှေးနေရတဲ့အခက်အခဲတွေနဲ့ ရေရှည်ဘဝအာမခံချက်၊ နိုင်ငံသား အခွင့်အရေး အပြည့်အဝပေးဖို့ သမ္မတကြီးထံ တင်ပြပေးဖို့ မြန်မာဝန်ကြီးကို တောင်းဆိုမယ်လို့ ပြောပါတယ်။ ဒေါက်တာ ဝင်းမြတ်အေး ရှေ့သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဆီ ပထမဆုံးအကြိမ် လာရောက်ဖို့ရှိပါတယ်။
Facebook လူမှုကွန်ရက်ပေါ်ကနေ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်အောင် အမုန်းပွား လှုံ့ဆော်နေတာတွေကို Facebook အနေနဲ့ စနစ်တကျစောင့်ကြည့်ဟန့်တားသင့်ပြီး ဒီလိုလှုံ့ဆော်မှုတွေကို စောင့်ကြည့်နေတဲ့ Facebook Team မှာ နိုင်ငံအခြေအနေ၊ ဘာသာစကား ကျွမ်းကျင်နားလည်သူတွေပါဝင်သင့်တယ် ဆိုတဲ့ အိတ်ဖွင့်ပေးစာတစောင် Mark Zuckerberg ဆီ အွန်လိုင်းပေါ်က အမုန်းပွားမှုတွေကို စောင့်ကြည့်နေတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်း ၈ ဖွဲ့က ပေးပို့လိုက်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ စားဝတ်နေရေးနဲ့ လုံခြုံရေးစိုးရိမ်ရလို့ အခုအချိန်အထိ ဒုက္ခသည်အချိ့ ရေလမ်း၊ကုန်းလမ်းတွေကနေ ထွက်ခွာနေဆဲဖြစ်ပေမဲ့လို့ မြန်မာအစိုးရဘက်ကတော့ ရခိုင်ပြည်နယ်တွင်းနေထိုင်သူတွေ နေ့စဉ်လူနေမှုဘဝ အဆင်ပြေအောင် နည်းလမ်းမျိုးစုံနဲ့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ကပြောဆိုလိုက်ပါတယ်။
ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ကလေးစစ်သားဘဝကို သတင်းမီဒီယာကို ဖော်ထုတ်ပြောကြားမှုနဲ့ ကလေးစစ်သားကိုအောင်ကိုထွေးကို စစ်တပ်ဘက်ကပဲ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပြန်တရားစွဲပြီး တရားရုံးက အမြင့်ဆုံးထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ရှုတ်ချကြောင်းနဲ့ ကလေးစစ်သား ကိုအောင်ကိုထွေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတစ်ရာ့ငါးဆယ်ကျော်က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ သမ္မတသစ် ဦးဝင်းမြင့်က နိုင်ငံတွင်း အဂတိလိုက်စားမှုကို သေချာတိုက်ဖျက်သွားမယ်လို့ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆို သွားပေမယ့် ဒါကိုလက်တွေ့ အကောင်အထည်ဖော်နိုင် ပါ့မလားဆိုတာတော့ စောင့်ကြည့်ရမယ်လို့ မြန်မာနိုင်ငံ စားသုံးသူများအသင်း တာဝန်ရှိသူက ပြောသွားပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ရေး ဆောင်ရွက်နေပြီလို့ နေပြည်တော်မှာ ဒီကနေ့ ပြောဆိုတာပါ။
“ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်မယ်၊ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျတိုက်ဖျက်မယ်။ ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ကြပ်မတ်မယ်”လို့ သမ္မတသစ်က ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲအခမ်းအနားမှာ ကတိပေးပြောဆိုလိုက်ပါတယ်။
နိုင်ငံတော် သမ္မတသစ်အဖြစ် ဦးဝင်းမြင့် ရွေးချယ်ခံရတဲ့အပေါ် ဝမ်းမြောက်ကြောင်း ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာကို မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံ- သမ္မတ Xi Jinping က သမ္မတ ရွေးချယ်ခံရတဲ့နေ့မှာပဲ ထုတ်ပြန် ပေးပို့ခဲ့ပါတယ်။ သမ္မတသစ်ရဲ့ ဦးဆောင်မှုအောက်မှာ အစိုးရနဲ့ပြည်သူတွေ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေ ကောင်းမွန် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ရေးသားထားပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် သက်တမ်းထက်ဝက်မှာ နောက်ထပ် အရပ်သားသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်လိုက်ပါပြီ။ နိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အကျပ်အတည်းတွေ၊ နိုင်ငံခြားရေးရာ နဲ့ နိုင်ငံရေးမူဝါဒတွေ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနဲ့ အစိုးရဝန်ကြီးဌာနတွေအပေါ် ကိုင်တွယ်ဖြေရှင်းမှုတွေမှာ ကောင်းသော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။
NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ပါ အစိုးရတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့အတွက် မြန်မာ့ငြိမ်းချမ်းရေး အလားအလာက အတော်လေးကို အနုတ်လက္ခဏာဆောင်နေတဲ့ အခြေအနေဖြစ်လာနေတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC ရဲ့ ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။
မကြာခင်မုတ်သုံမိုးရာသီရောက်ရှိလာတော့မှာဖြစ်လို့ ဒုက္ခသည်သိန်းနဲ့ချီ ခိုလှုံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ယာယီ ဒုက္ခသည်စခန်းတွေထဲက တဲလေးတွေ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းမုန်တိုင်းဒဏ်ခံနိုင်အောင် ခိုင်ခံတဲ့အဆောက်အဦးတွေ အမိုး အကာတွေ အရေးတကြီးဆောက်ပေးဖို့ ကုလသမဂ္ဂနဲ့ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေကို ဒုက္ခသည်တွေက တောင်းဆိုလိုက်ပါတယ်။
လာမယ့်သီတင်းပတ်ထဲ သမ္မတသစ်ရွေးချယ်နိုင်ဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ဒုသမ္မတ သုံးဦးအနက် ဘယ်သူ့ကို လျှို့ဝှက်မဲတွေပုံပေးပြီး တင်မြှောက်ကြမလဲဆိုတာကိုတော့ အများကစိတ်ဝင်စားနေကြပါတယ်။ ပြည်ထောင်စု လွှတ်တော်အကြီးအကဲတွေဘက်က သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဒုသမ္မတအနေနဲ့ သမ္မတ အရည်အချင်းနဲ့ ညီမညီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စိစစ်မှုကို ခံယူရမှာဖြစ်ပါတယ်။
အခုလိုမြန်မာနိုင်ငံမှာ သမ္မတသစ်အပြောင်းအလဲလုပ်ဆောင်တာနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေရှိနိုင်မလဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကြား ဆက်ဆံရေး အခြေအနေတွေအပေါ်မှာရော သက်ရောက်မှုရှိနိုင်မလား၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းနေရဆဲ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ ဘယ်လိုဖြစ်လာနိုင်သလဲ
မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ တိုင်းပြည်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းနေရတဲ့ အနေအထားတွေနဲ့အတူ NLD အစိုးရအနေနဲ့ “အမျိုးသားရင်ကြားစေ့ရေး တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး”ဆိုတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူအတိုင်း ဆက်လက် ရပ်တည်နေတယ်လို့ သြစတြေးလျရောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျမြန်မာအသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံနေချိန် ပြောဆိုလိုက်ပါတယ်။
လွတ်လပ်စွာစုဝေးဆန္ဒပြခွင့်ကို ထိန်းချုပ်ကန့်သတ်ထားတဲ့ ငြိမ်းစုစီဥပဒေပြင်ဆင်ချက်မူကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပြီး၊ လာမယ့် ရှေ့သီတင်းပတ်ထဲကျရင်တော့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမဲခွဲမယ်လို့ မျှော်လင့်ရပါတယ်။ ဒီမူကြမ်းအပေါ် တက်ကြွလှုပ်ရှားသူတွေဖက်က အပြင်းအထန်ဝေဖန်နေသလို၊ လွှတ်တော်တွင်းမှာလည်း ကန့်ကွက်မှုတွေရှိတာကြောင့် လာမယ့် ပြည်သူ့လွှတ်တော်မှာ ဒီကိစ္စဟာ အတော်လေး အချေအတင်ဖြစ်မယ့် အနေအထားပါ။
မနေ့သောကြာနေ့ည ဆယ်နာရီဝန်းကျင်လောက်က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံခါကျေးရွာ အနီးက ကျောက်စိမ်းတောင် စွန့်ပစ် မြေစာပုံကြီး ပြိုကျခဲ့တယ်လို့ ဖားကန့်နယ်ခံတွေကပြောပါတယ်။ မြေတူးစက်တွေအပါအဝင် အနည်းဆုံး လူလေးဆယ်ကျော်လောက် မြေစာပုံပိပြီး သေဆုံးနိုင်တယ်လို့ သတင်းတွေထွက်နေပေမဲ့ အခုအချိန်ထိတော့ အလောင်းတွေကို တူးဖော်နေဆဲဖြစ်ပါတယ်။
စစ်ရေးပဋိပက္ခတင်းမာမှုတွေ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ တစ်လအတွင်းမှာကို အနည်းဆုံး အရပ်သား၃၆ဦး ဖမ်းဆီးခံခဲ့ရသလို နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တရားရင်ဆိုင် ဖမ်းဆီးထိန်းသိမ်းခံနေရသူပေါင်း ၂၄၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၁၁ရက်နေ့ မွန်းလွဲ၂နာရီက နေပြည်တော်မှာ အင်အား ရစ်(ခ်)တာစကေး (၃.၈) အဆင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ မတ်လ၈ရက်နေ့က နေပြည်တော်မှာ လှုပ်ခဲ့တဲ့ အင်အားပြင်း ၅.၅ ရစ်(ခ်)တာစကေးရှိတဲ့ငလျင်ရဲ့ နောက်ဆက်တွဲငလျင်ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်