မြန်မာ ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်က ရိုဟင်ဂျာဒုက္ခသည်တွေအကြားမှာ ARSA အကြမ်းဖက်သမားတွေ ရောနှောဝင်ရောက်နေတာမို့ ဒါကို ကာကွယ်တားဆီးဖို့အတွက် အိမ်နီးချင်းဘင်္ဂလားဒေရ်ှနိုင်ငံကို မြန်မာဘက်က တိုက်တွန်းထားပါတယ်။
ကချင်စစ်ရေးပဋိပက္ခထဲ ပိတ်မိပြည်သူတွေ ကယ်ထုတ်ရေးနဲ့တိုက်ပွဲတွေအမြန်ဆုံးရပ်ဖို့ ဦးဆောင် လှုပ်ရှားသူ ကချင်ခေါင်းဆောင် သုံးဦးကို အသရေဖျက်မှုပုဒ်မ(၅၀၀)နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တရားစွဲဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းကြားထဲမှာ နေထိုင်တဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေကို အဲ့ဒီ့နေရာကနေ အမြန်ဆုံး ထွက်ခွာသွားကြဖို့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အသံချဲ့စက်တွေ နဲ့ အော်ဟစ်နှင်ထုတ်နေတယ်လို့ နယ်စပ်မျဉ်းနေ ဒုက္ခသည်တွေကပြောပါတယ်။
တိုင်းရင်းဒေသက မတရားမြေယာသိမ်းဆည်းခံရမှုတွေ ဖြေရှင်းပေးရေး အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးရှေ့မှာ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှုကို လုံခြုံရေးတွေရဲတွေဘက်က လူစုခွဲခဲ့ပြီး ဦးဆောင်ဆန္ဒပြသူတချို့ အဖမ်းဆီးခံခဲ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး အရပ်သားတွေ သေဆုံးခဲ့ရတဲ့ အပေါ် ဝမ်းနည်းကြောင်း၊ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့အပါအဝင် တရုတ်နယ်စပ်ဘက်ကို လက်နက်ကြီး ကျည်ကျတဲ့အပေါ် သတိပေးတဲ့အနေနဲ့ တရုတ်နိုင်ငံဘက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လုံးခင်းရွာအနီး ဖားကန့်ကျောက်စိမ်း ကုမ္မဏီလုပ်ငန်းခွင်တွင်း ဆန္ဒပြမှုကနေ မီးလောင်မှုဖြစ်ပြီး ကျောက်စိမ်းတွေ-လုလို့ ရဲကပစ်ခတ်လူစုခွဲတာမှာ အနည်းဆုံးလူတဦးသေဆုံးပြီး လူ၅၀လောက် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။
ပြည်တွင်းစစ်အမြန်ဆုံး ရပ်ဖို့ ရန်ကုန်မြို့လည်မှာ ငြိမ်းချမ်းစွာ လူထုစုဝေး ဆန္ဒထုတ်ဖော်နေချိန် ဖမ်းဆီးခံလိုက်ရသူတွေကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။
မူဆယ်မှာ ဒီစနေမနက်ဖြစ်ခဲ့တဲ့ တိုက်ပွဲကတော့ မြန်မာအစိုးရတပ်ရဲ့ ထိုးစစ်ကို တအာင်းတပ်နဲ့ကချင်တပ် ပူးပေါင်းပြီး တန်ပြန်စစ်ဆင်လိုက်တာဖြစ်တယ်လို့ TNLA တအာင်းတပ်ဘက်က ပြောပါတယ်။
မန္တလေးမြို့မှာ ကချင်ပြည်နယ်တွင်း ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့နဲ့ တိုင်းရင်းဒေသက ထိုးစစ်တွေရပ်ပေးဖို့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဦးဆောင်လှုပ်ရှားခဲ့သူ ကိုအောင်မှိုင်းဆန်းအပါအဝင် လှုပ်ရှားသူတချို့ကို ဒီကနေ့ ရဲလုံခြုံရေးတွေဘက်က အင်အားသုံးဖမ်းဆီးခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တာဝန်ခံက ပြောပါတယ်။
ကချင်ပြည်နယ်တွင်း ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း တောတောင်ထဲ ထောင်ချီပိတ်မိနေတဲ့ ဒေသခံပြည်သူတွေ ကယ်ထုတ်ရေး ကချင်ပြည်နယ်အစိုးရ အခက်တွေ့နေချိန်မှာ ပြည်ထောင်စုအစိုးရဘက်က သမ္မတရုံးနဲ့ တပ်မတော် ညှိနှိုင်းပြီး အဆင်ပြေအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောပါတယ်။
ပြည်ထောင်စုအစိုးရရဲ့ အကူအညီနဲ့ ကချင်ပြည်နယ်ထဲက ထောင်ချီပိတ်မိနေတဲ့ စစ်ရှောင်ဒေသခံပြည်သူတွေကို အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ကပြောဆိုလိုက်ပါတယ်။ နယ်မြေလုံခြုံရေးအကြောင်းပြ ပိတ်ပင်နေတဲ့ တပ်မတော်ဘက်ကလည်း အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကချင်နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်ကလည်း မျှော်လင့်နေကြပါတယ်။
စစ်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ကချင်စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် ကူညီကယ်ဆယ်ပေးဖို့ လူထုရဲ့ဘေးကင်းလုံခြုံမှုနဲ့ ဒေသတွင်း တည်ငြိမ်မှုရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတကို စစ်ပြေးဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်ပေးနေသူတွေက စာပေးပို့တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိသွားပြီဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ဦးလုံးပါဝင်တဲ့ သံတမန်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ခဲ့မယ်လို့ မျှော်လင့်ကြောင်း ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်အဖွဲ့တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ တွေ့ဆုံခဲ့ချိန် ရခိုင်အကြမ်းဖက်မှုတွင်း သူတို့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဒုက္ခသည်စခန်းတွင်း အခက်အခဲတွေကို တင်ပြနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံကို မကြာခင်ရက်ပိုင်းမှာပဲ ရောက်ရှိတော့မယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သံအမတ်ကြီး ၁၅ ဦးလုံး ပါဝင်တဲ့အဖွဲ့ရဲ့ ခရီးစဉ်ကို တိုးတက်မှုတရပ်အနေနဲ့ကြိုဆိုလက်ခံသလို လာရောက်ခွင့်ပြုလိုက်တဲ့ မြန်မာအစိုးရအနေနဲ့ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်တဲ့ ပကတိဖြစ်စဉ်ကို ပွင့်ပွင့်လင်းလင်း ရှင်းပြသင့်တယ်လို့ လူ့အခွင့်အရေးစောင်ကြည့်အကဲခတ်တွေက တိုက်တွန်း လိုက်ပါတယ်
ကချင်ပြည်နယ် လိုင်ဇာအနီးမှာ အခုအချိန်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် မိုင်ဂျာယန်စခန်းကဒုက္ခသည်တွေ ထိတ်လန့်နေကြသလို တနိုင်းမြို့ အောင်လော့ဘက်မှာ သက်ကြီးရွယ်အိုတွေနဲ့မွေးကင်းစကလေးမိခင်တွေအပါအဝင် ဒုက္ခသည်ထောင်ချီ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်
ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ ကမ္ဘာမြေပေါ်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ ကင်းဝေးစေရေး ပလက်စတစ်သုံးစွဲမှု လျော့ချရေးတွေအတွက် ကမ္ဘာတဝှမ်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက သတိပေးပြောဆိုလိုက်ချိန်မှာပဲ မြန်မာနိုင်ငံသားတိုင်း ကိုယ့်အသိစိတ်ဓာတ်နဲ့ စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ကြဖို့ အမှိုက်ကင်းစင်ရေးလှုပ်ရှားသူ စာရေးဆရာ စည်ပင်တာဝန်ရှိသူက တိုက်တွန်းပြောဆိုပါတယ်။
မြန်မာနိုင်ငံ နေရာအတော်များများမှာ ငလျင်တွေ ဆက်တိုက်လှုပ်နေတဲ့အတွက် ပြည်သူတွေ အရမ်းမစိုးရိမ်ကြဖို့နဲ့ ငလျင်နဲ့ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန်တွေအကြောင်း မိုးဇလညွှန်ကြားရေးမှူးချုပ်က သတိပေးပါတယ်။
မြန်မာ့ရိုးရာ မဟာအတာရေသဘင်ပွဲတော် နောက်ဆုံးနေ့ ဖြစ်တဲ့ ဧပြီလ ၁၆ရက်နေ့ ဒီကနေ့ သင်္ကြန်အတက်နေ့မှာ မြန်မာနိုင်ငံအဝှမ်း ပြည်သူတွေ မြန်မာ့ရိုးရာအစဉ်အလာမပျက် ပျော်ရွှွှင်စွာရေပက်ကစားနေကြသလို သင်္ကြန်ယိမ်းအဖွဲ့တွေနဲ့ သံချပ်အဖွဲ့တွေကလည်း သင်္ကြန်မဏ္ဍပ်တွေမှာ လိုက်လံဖျော်ဖြေနေကြချိန်မှာပဲ သင်္ကြန်သံချပ်အဖွဲ့သုံးဖွဲ့ကို ဆင်ဆာမတင်ထားတဲ့အတွက်ဆိုပြီး သင်္ကြန်မဏ္ဍပ်တွေမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတွေက လိုက်လံပိတ်ပင်နေတယ်လို့ အပိတ်ခံလိုက်ရတဲ့ အိုးဝေအသံ သံချပ်အဖွဲ့ကပြောပါတယ်။
စစ်ရေးတင်းမာမှုနေဆဲ ကချင် တနိုင်းမြို့နယ်တွင်း ပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်နှစ်ထောင်ကျော်အရေး သမ္မတသစ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ထိရောက်တဲ့ အရေးပေါ်ကူညီမှုတွေ အမြန်ဆုံး အလေးအနက်ထားဆောင်ရွက်ပေးဖို့ တောင်းဆိုနေသလို အရေးပေါ် အမြန်ဆုံး ကူညီကယ်ထုတ်ပေးဖို့ ကချင်ဝန်ကြီးချုပ်ကို အကူညီတောင်းခံတင်ပြထားပေမဲ့လည်း အခုအချိန်အထိ ကချင်အစိုးရဘက်က အကြောင်းမပြန်ကြားသေးဘူးလို့သိရပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ ကျုးလွန်သူတွေစာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်တပ်ကိုပါ ကုလသမဂ္ဂက ထည့်သွင်းလိုက်ပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ စစ်ဆင်ရေးတွေမှာ ဒေသခံ လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း လုံခြုံရေးကောင်စီကို တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်