အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒီကနေ့ စတင်ကျင်းပနေတဲ့၂ ရက်ကြာ နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပါတီတွင်း အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ အများက မျှော်လင့်နေပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener အနေနဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံတကာက အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်အရေး အပါအဝင် စစ်ဖြစ်ပွားနေဆဲ ကချင်၊ ရှမ်းနဲ့ နိုင်ငံရေး စိန်ခေါ်မှုအကြပ်အတည်းတွေ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ ကုလဘက်က ပေါင်းကူးတံတားအသွင်နဲ့ ညှိနှိုင်းဖြေရှင်း အဖြေရှာသွားဖို့ ရှိကြောင်းနဲ့ နေပြည်တော်မှာ အခြေစိုက်ရုံးခန်းဖွင့်လှစ်သွားပြီး မြန်မာ့အရေးထဲထဲဝင်ဝင် အနီးကပ်စောင့်ကြည့်လေ့လာဆောင်ရွက်သွားမယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ်တချို့နဲ့သီးသန့်တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
စစ်ရေးတင်းမာနေဆဲ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့နဲ့ တိုက်ပွဲတွင်းပိတ်မိပြည်သူတွေ IDP ဒုက္ခသည်တွေဆီ လူသားချင်းစာနာမှု ကူညီပေးနိုင်ရေး အစိုးရကို သံတမန်ရေးနည်းလမ်းအရနိုင်ငံတကာဘက်က ဝိုင်းဝန်းတိုက်တွန်းကူညီပေးဖို့ EU၊ အမေရိကန်နဲ့ နိုင်ငံတချို့က သံအမတ်တွေကို ကချင်ငြိမ်းချမ်းရေးလူငယ်အဖွဲ့က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီနှစ်မုတ်သုံမိုးဦးအစမှာပဲ မြန်မာနိုင်ငံတဝှမ်း မုတ်သုံလေ အားအလွန်ကောင်းနေပြီး ဒီသီတင်းပတ်ထဲမှာပဲ နောက်ရက်တွေအထိ လေပြင်းတွေတိုက်ခတ် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်နိုင်တဲ့အတွက် ဒေသခံ ပြည်သူတွေ အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အထူးသတိပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို အထူးစီမံချက်နဲ့ ဖမ်းဆီးအရေးယူတော့မှာ ဖြစ်လို့ သိန်းချီတဲ့မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် အလုပ်လုပ်နိုင်ရေး မြန်မာအစိုးရဘက်က လက်တွေ့ကျကျနဲ့ စနစ်တကျ ကူညီ ဆောင် ရွက်ပေးဖို့ မြန်မာအလုပ်သမားရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
မိုးရာသီမုတ်သုံမိုးဦးအစမှာပဲ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လူသေဆုံးတဲ့အထိ မိုးများရေကြီးတဲ့ ဒဏ်ခံနေရတဲ့အတွက် ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ် ကျန်းမာရေးအစီအစဉ်တွေနဲ့ ကုသစောင့်ရှောက်နေရပြီး ရေမြုပ်နေတဲ့ ဆေးရုံဆေးခန်းတွေက လူနာတွေကို အရေးပေါ်ရွှေ့ပြောင်းပေးနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုး သည်းထန်စွာရွာသွန်း လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ပြီး မြေပြိုကျ ရေလွှမ်းမိုးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကလေးငယ်အပါအဝင် အနည်းဆုံး လူ(၁၂)ဦး သေဆုံးခဲ့ကြရပြီး သိန်းချီတဲ့ ဒုက္ခသည်တွေဟာ အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂက အရေးပေါ်သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ သမိုင်းဝင်တွေ့ဆုံမှုကို စင်ကာပူနိုင်ငံကိုရွေးချယ်ခဲ့တဲ့အပေါ် စင်ကာပူရောက် မြန်မာနိုင်ငံသားတွေက စိတ်လှုပ်ရှားဝမ်းသာနေကြပါတယ်။
Facebook လူမှုကွန်ရက်စာမျက်နှာကို သုံးပြီး အမုန်းတရားဖြန့်ချီနေတာတွေအပါအဝင် လူ့အခွင့်အရေးအပေါ် သက်ရောက်မှုတွေနဲ့ facebook သုံးစွဲသူ မြန်မာတွေရဲ့ အချက်အလက်လုံခြုံရေးတွေကို စနစ်တကျဆောင်ရွက်နိုင်ဖို့အတွက် မြန်မာဘာသာ စကားနဲ့ မြန်မာနိုင်ငံအခြေအနေကို တကယ်နားလည် သဘောပေါက်သူတွေနဲ့ စောင့်ကြည့်စီစစ်ဖို့ မြန်မာအရပ်ဖက် အဖွဲ့ အစည်းတွေက ဖေ့ဘုတ်တာဝန်ရှိသူတွေကို တောင်းဆိုပါတယ်။ မြန်မာပြည်တွင်းက အရပ်ဖက်အဖွဲ့အစည်းပေါင်း(၃၅)ဖွဲ့နဲ့ Facebook တာဝန်ရှိသူတွေ ရန်ကုန်မှာ တွေ့ဆုံစဉ် အခုလိုဆွေးနွေးခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ခွင့်ရရှိရေးအပါအဝင် အခြေခံဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အဖြစ်ကို နိုင်ငံတကာက ဝေဖန်နေချိန်မှာပဲ ကချင်စစ်ပွဲ (၇)နှစ်ပြည့်ဆုတောင်းခြင်းအခမ်းအနားတွေကို အာဏာပိုင်တွေဘက်က ဒီကနေ့ထပ်ပြီး တားမြစ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး မြန်မာအစိုးရနဲ့ ကုလအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မယ့်အပေါ် ရခိုင်မောင်တောက မူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆိုလက်ခံပေမယ့်လို့ သူတို့အတွက် ခိုင်မာတဲ့လုံခြုံရေးအာမခံချက်၊ လွတ်လပ်စွာသွားလာခွင့်အပါအဝင် နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးဖို့ နောက် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဆုံးရှုံးနစ်နာခဲ့ရမှုတွေအပေါ် တရားမျှတစွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုကြပါတယ်။
အစိုးရက လျာထားသတ်မှတ်တဲ့ရက် ဇွန်လကုန်မှာ ကျင်းပနိုင်ခြေရှိတဲ့ တတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေ စတင် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
ပြည်နယ်(၄)ခုမှာရှိတဲ့ ဒုက္ခသည်ပေါင်း တသိန်းခြောက်သောင်းကျော်နေထိုင်တဲ့ IDP စခန်းပေါင်း ၁၄၀ကျော်ကို နိုင်ငံတော်အစီအစဉ် နဲ့ပိတ်သိမ်းဖို့ ဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ ဖြေဆိုနိုင်ကြရေး ပညာရေးစနစ်ကို ပြောင်းလဲထားတဲ့အပြင် ရှေ့လာမယ့် ပညာသင်နှစ်တွေမှာ အောင်ချက်ပိုကောင်းနိုင်ဖို့ ညွှန်ကြားထားတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး တတိယအကြိမ်ညီလာခံ ကျင်းပချိန် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီးနောက် အခုဇွန်လကုန်ပိုင်းမှာ ကျင်းပဖို့ နောက်ဆုံးသတ်မှတ်ခဲ့ပေမဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ အဆင်မပြေသေးတဲ့အတွက် ကျင်းပနိုင်ခြေ မရှိဘူးလို့-၂၁ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေး ဗဟိုကော်မတီဝင်တဦးက ပြောဆိုလိုက်ပါတယ်။
အနီရောင်အဆင့်သတ်မှတ်လိုက်ပြီဖြစ်တဲ့ မုန်တိုင်း ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတဲ့လမ်းကြောင်းက ပြည်နယ်တိုင်းတွေတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးနိုင်ဖို့ ဆေးရုံဆေးခန်း ယာယီကယ်ဆယ်ရေးစခန်းတွေထားရှိပြီး အရေးပေါ်ပြင်ဆင်ထားတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကဗွီအိုအေကိုပြောပါတယ်။
တိုက်ပွဲတွေရပ်ရေးနဲ့ စစ်ဘေးသင့်ပိတ်မိပြည်သူတွေ လွတ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ ကချင်ခေါင်းဆောင် သုံးဦးကို တပ်မတော်ကို အကြည်ညိုပျက်အောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး အသရေဖျက်မှုပုဒ်မ(၅၀၀)နဲ့ တရားစွဲဆိုခဲ့တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုဗိုလ်မှူးကြီးကို တရားသူကြီးက ဒီကနေ့ စတင်စစ်ဆေးပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကပြန်လာတဲ့ နေရပ်စွန့်ခွာသူပေါင်း ၆၀ကျော်ဟာ တရားမဝင် ဝင်ရောက်မှုနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ ဖမ်းဆီး အရေးယူတာခံခဲ့ရပြီး၊ သမ္မတ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ဒီကနေ့သတင်း ထုတ်ပြန်ပါတယ်။
လူမျိုးရေး-ဘာသာရေးအသွင်ဆောင် အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက ဘာသာရေးနဲ့ငြိမ်းချမ်းရေးအခြေအနေတွေ လေ့လာနိုင်ဖို့ နိုင်ငံတကာနဲ့ပြည်တွင်းက ဘာသာပေါင်းစုံ အဖွဲ့ဝင်တွေဟာ သာသနာရေးဝန်ကြီးနဲ့အတူ ဒီကနေ့ သွားရောက်နေကြပြီဖြစ် ပါတယ်။
မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုမယ့်အန္တရာယ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်စခန်းတွေက သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းရာ အမြန်ဆုံးရွှေ့ပြောင်းကြဖို့ HRW လူ့အခွင့်အရေးအဖွဲ့က အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်