ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာ နှစ်ပတ်လည်လာချိန်မှာတော့ ရခိုင်ပြည်နယ် အထူးသဖြင့် မောင်တောဘက်ခြမ်းမှာ ညမထွက်ရအမိန့်တွေနဲ့ လုံခြုံရေး တင်းကျပ်ထားပြီး ရွာတွေထဲ ဝင်ရောက်စစ်ဆေးနေလို့ လုံခြုံရေး အထူးစိုးရိမ်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူခရီးစဉ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာရဲ့စိုးရိမ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ ရခိုင်အရေးလိုကိစ္စတွေအပါအဝင် မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအကျပ်အတည်းတွေနဲ့ပတ်သက်လို့ ရှင်းလင်းတင်ပြနိုင်မယ့် အရေးကြီးတဲ့ခရီးစဉ်အဖြစ် သုံးသပ်ကြပါတယ်။
ကုလသမဂ္ဂရဲ့ (၇) ဆက်မြောက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် (၈၀) အရွယ် ကိုဖီအာနန်ဟာ နိုင်ငံတကာကနေ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာရုံစိုက်နေတဲ့ အရေးတခုဖြစ်တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဖြေရှင်းရေး ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ဦးဆောင်သူလည်းဖြစ်ပါတယ်။
လွှတ်တော်တွင်း သတင်းယူခွင့်ပြုထားတဲ့ သတင်းမီဒီယာသမားတွေဟာ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို တာဝန်ယူမှု-တာဝန်ခံမှုမရှိဘဲ ရိုက်ကူးနေတယ်ဆိုပြီး ကြပ်မတ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်နာယကထံကို တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က တင်ပြလာပါတယ်။
မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားတွေ သိသိသာသာ မြင့်တက်နေချိန်မှာပဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေရောင်းဝယ်တဲ့အခါ ဗဟိုဘဏ်နှုန်းထားရဲ့ ဝ.၈ ရာခိုင်နှုန်းအထိသာ အလျှော့အတင်းဈေးကစားလို့ရတဲ့ ဘောင်သတ်မှတ်ချက်ကို မနေ့က ပယ်ဖျက်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဘက်က မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နဲ့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း ဘာသာမတူ လူမျိုးကွဲတွေကြား ရေရှည်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ရအောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုခဲ့တယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အလျင်အမြန်စတင်ဖို့ နှစ်နိုင်ငံကြား သဘောတူညီခဲ့ကြပြီးတဲ့နောက်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နယ်စပ်မှာ မြန်မာအစိုးရပြင်ဆင်ထားတဲ့ ဒုက္ခသည်ပြန်လည် လက်ခံရေးစခန်းတွေကို သွားရောက်ကြည့်ရှု့တဲ့အပေါ် ဒုက္ခသည်တွေပြန်လည်လက်ခံရေး အဆင်ပြေလာစေမယ့်လက္ခဏာအဖြစ် အကဲခတ်တွေက ရှု့မြင်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းနေမှုကို အလားအလာကောင်းအဖြစ် ကြိုဆိုလက်ခံကြပေမဲ့လို့ မြန်မာပြည်သူတွေကြား ကွဲပြားတဲ့ အမြင် သဘောထားတွေအပေါ် နားလည်မှုရှိလာအောင် ရှင်းလင်းကြဖို့လိုအပ်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က မိုးကုန်ရင် ပြောင်းရွှေ့နေရာချထားမယ်ဆိုတဲ့ Bhasan Char ကျွန်းပေါ်ကို အတင်းအကျပ်ပြောင်းရွှေ့ပေးမှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေက အတော်လေး စိုးရိမ်နေကြပါတယ်။
စစ်ပွဲတွေရပ်တန့်ရေးငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ကချင်ခေါင်းဆောင်သုံးဦးကို စစ်တပ်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ အသရေဖျက်မှုပုဒ်မနဲ့ ဒုတိယဗိုလ်မှူးကြီးတဦးက တရားစွဲဆိုထားတာကို ချေဖျက်ပေးဖို့ လျှောက်ထားချက်ကို ပြည်နယ်တရားလွှတ်တော်က လက်မခံပဲ ပယ်ချပြီးခဲ့တဲ့နောက် မြစ်ကြီးနားတရားရုံးမှာ တပ်ဘက်တင်ပြလာတဲ့ သက်သေတွေကို ဒီကနေ့စတင်စစ်ဆေးပါတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀-၁၉၈၈ခုနှစ်က နိုင်ငံတဝှမ်းက ရဟန်းရှင်လူကျောင်းသားပြည်သူအများ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ဒီမိုကရေစီစနစ်ကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ လူထုလှုပ်ရှားမှုကြီး နှစ် (၃၀) ပြည့်မြောက်တော့မှာ ဖြစ်ပေမဲ့လို့ အခုချိန်အထိ ပြည်သူလူထု လိုလားတောင့်တခဲ့တဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီ စံနှုန်းနဲ့ညီတဲ့ အခြေခံ လူ့အခွင့်အရေးတွေ မရသေးဘူးလို့ ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုလိုက်ကြပါတယ်။
ကချင်ပြည်နယ် ဖားကန့်က ကျောက်စိမ်းဒေသမှာ ဒီနှစ်တနှစ်တည်းမှာကို ခုနှစ်လအတွင်း လူပေါင်း ၁၀၀ကျော် သေဆုံးခဲ့ရတဲ့အတွက် နောက်ထပ် မြေပြိုကျမှုတွေဖြစ်နိုင်တဲ့ အန္တရာယ်ရှိလွန်းနေတဲ့ ကျောက်စိမ်းတွင်းတွေကို လုံးဝတားမြစ်ပိတ်သိမ်းပစ်ဖို့နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့်ဖြစ်လာရတဲ့ နောက်ဆက်တွဲ အသက်အန္တရာယ် ဆုံးရှုံးနစ်နာရမယ့်အရေးကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အထူးအရေးတကြီးဆောင်ရွက်ဖို့ သင့်နေပြီလို့ ကချင်အရေးလှုပ်ရှားသူတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုး သည်းထန်စွာရွာသွန်း လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ပြီး မြေပြိုကျမှုတွေ ရေလွှမ်းမိုးမှုတွေဖြစ်နေလို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေကို အရေးပေါ်ရွှေ့ပြောင်းပေးနေရတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။
မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးများရေကြီးပြီး ပြည်နယ်တိုင်းတချို့မှာတော့ မြစ်ရေတွေ စိုးရိမ်ရေမှတ်အထက်ကို တက်လာနေတဲ့ အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ရှားကြဖို့နဲ့ မိုးလေဝသသတင်းစကားတွေကို စဉ်ဆက်မပြတ် နားစွင့်ထားကြဖို့ မိုးဇလနဲ့ လူကယ်ပြန်တာဝန်ရှိသူတွေက တိုက်တွန်းသတိပေးပြောဆိုလိုက်ပါတယ်။
ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံတဝှမ်း မုတ်သုံမိုးအားကောင်းပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း မြစ်ရေတွေက မကြုံစဖူး စိုးရိမ်ရေမှတ်ကျော်လွန်တဲ့အထိ မြင့်တက် နေတဲ့အတွက် ရေဘေးသင့် ဒေသတွေက ဒေသခံ ပြည်သူတွေ သဘာဝ ဘေး အန္တရာယ် အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က သတိပေးထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက သက်တမ်းလွန်လုပ်ကွက်တွင်း မနေ့ကမြေပြိုကျမှုမှာထဲ ပါသွားတဲ့ ရေမဆေးကျောက် ရှာဖွေ ပျောက်ဆုံးနေသူ တွေထဲက လူပျောက်လာတိုင်ထားတာ ၂၇ဦးအထိ ရှိနေပြီဖြစ်ပြီး အခုအချိန်အထိ အလောင်းတလောင်းမှ မဆယ်ယူနိုင်သေးဘူးလို့ ဖားကန့်ဒေသခံတွေ က ပြောပါတယ်။
ကချင်ပြည်နယ်ဖားကန့်ကျောက်စိမ်းမြေမှာ ဒီကနေ့မနက် မြေပြိုကျလို့ လူအမြောက်အမြားမြေပိပြီး ထပ်သေဆုံးနေရတဲ့ အဖြစ်ကြောင့် ဒီဖားကန့်ဒေသရဲ့ လူ့အသက်ပေါင်းများစွာအတွက် အန္တရာယ်ရှိလွန်းနေတဲ့အနေအထားကို ပြည်ထောင်စုအစိုးရဘက်က အထူးကိစ္စရပ်အနေနဲ့ အရေးတကြီး ကိုင်တွယ်ဖြေရှင်းသင့်ပြီလို့ ကချင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာ အရေးဆောင်ရွက်နေတဲ့ ပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း လုံခြုံစိတ်ချစွာပြန်လာနိုင်ရေး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ MOUလက်မှတ်ရေးထိုး ပူးပေါင်း ဆောင်ရွက်နေတာဟာ အပြုသဘောဆောင်တဲ့ အပေါင်းလက္ခဏာဆောင်ပေမဲ့လို့ ဒီ့ထက်ပိုပြီး လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြဖို့လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
လာမယ့်နိုဝင်ဘာမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ပြည်သူ့ဆန္ဒသဘောထား ခန့်မှန်း သိရနိုင်ဖွယ်ရှိတဲ့အတွက် နိုင်ငံရေးပါတီတွေဘက်ကတော့ အင်တိုက်အားတိုက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြတယ်လို့ နိုင်ငံရေးအကဲခတ်ကပြောပါတယ်။ ေ
နောက်ထပ်ကြည့်ရှုရန်