ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မီးဘေးသင့်ခဲ့တဲ့ ဒုက္ခသည်စခန်းအတွက် ပြန်လည်နေရာချထားရေးနဲ့ ထူထောင် ရေးတွေကို ရခိုင်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးက ပြောပါတယ်။
ထောင်ချခံလိုက်ရတဲ့ ရိုက်တာသတင်းသမားနှစ်ဦး အမြန်ဆုံး လွတ်မြောက်ရေးအပါအဝင် သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေအတွက် သတင်းသမားတွေနဲ့ တတ်ကြွလှုပ်ရှားသူတွေပူးပေါင်းပြီး ဆန္ဒပြပွဲတရပ် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ပြုလုပ်ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေချုပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီး လိုက်တဲ့ အပြင် ဥပဒေချုပ်ရာထူးတာဝန်ကပါ သမ္မတက ရပ်စဲလိုက်တာဟာ အဂတိလိုက်စားမှုတွေနဲ့ ယိုယွင်းခြစားနေတဲ့ တရားရေးမဏ္ဍိုင်ကို တည့်မတ်အောင် ထိထိရောက်ရောက်ကိုင်တွယ်ပြလိုက်တဲ့ လုပ်ရပ်တခုအဖြစ် ဥပဒေပညာရှင်တွေက ရှု့မြင်ကြပါတယ်။
အင်အားပြင်း ဟာရီကိန်း Florence ဝင်ရောက်လာတော့မယ့် အမေရိကန် ပြည်ထောင်စု အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဒေသက ဒေသခံ သန်းပေါင်းများစွာ အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အပြီးသတ်ကြဖို့ အရေးပေါ် ကယ်ဆယ်ရေး တာဝန်ရှိသူတွေ သတိပေးနေကြပါတယ်။ လတ်တလောမှာတော့ ဟာရီကိန်း Florence ဟာ လေတိုက်နှုန်း တနာရီ ၂၁၅ ကီလိုမီတာနဲ့ ပြင်းအားအဆင့် ၄ ရှိနေပါတယ်။
OIC ကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေနဲ့တွေ့ဆုံပြီး ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေထဲ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့သူတွေ ပြောပြတဲ့ အတွေ့အကြုံတွေ၊ စုစည်းတင်ပြကြတဲ့ သတင်းမှတ်တမ်းတွေကို စုံစမ်းမေးမြန်းခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ကချင်နဲ့ ရှမ်းအပါအဝင် မြန်မာနိုင်ငံတဝှမ်း သတင်းမီဒီယာ လွတ်လပ်ခွင့် ကျဆင်းလာနေပြီး သတင်းမီဒီယာသမားတွေဟာ အာဏာပိုင်တွေရဲ့ ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ အန္တရာယ်တွေနဲ့ရင်ဆိုင် သတင်းရယူနေရတဲ့အတွက် စိုးရိမ်မကင်းဖြစ်စရာ အနေအထားဖြစ်လာနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့တယ်လို့ ကုလနဲ့ နိုင်ငံတကာက စွပ်စွဲထားတဲ့ ရခိုင်မြောက်ပိုင်းအရေး စုံစမ်းစစ်ဆေးမှု အချက်အလက်အသစ်တွေ စုဆောင်းဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ရဲ့ တိုက်တွန်းပြောဆိုချက်အပေါ် မြန်မာနိုင်ငံဆိုင်ရာ အာရှလူ့အခွင့်အရေး ရှေ့နေဘက်က ကြိုဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေရှ်ဘက် သိန်းချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့တဲ့ဖြစ်ရပ်ကို ICC က စုံစမ်းစစ်ဆေးဖို့ စီရင်ပိုင်ခွင့်ရှိကြောင်း ICC တရားသူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူကရွေးချယ်လိုက်တဲ့ အရပ်သား အစိုးရ လက်ထက် တိုင်းပြည် ပုံရိပ်ကို ကျဆင်းစေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါ တယ်။
"အဲဒါက interpretation လွဲတယ်ထင်ပါတယ်။ ကျနော်တို့က ၆၅ ကျပ် မရှုံးပါဘူး။ အဲဒါက ဒီနှစ်အတွက်ရှိတဲ့ပေါက်ဈေးနဲ့တွက်လိုက်တာပါ။ ဒီနှစ်အတွက် currency exchange rate အပေါ် အခြေခံပြီးတွက်လိုက်တာပါ။" (ပြန်ကြားရေး ဒု-ဝန်ကြီး ဦးအောင်လှထွန်း)
လာမယ့်နိုဝင်ဘာ ၃ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေ မဲဆန္ဒနယ်မြေတွေမှာ မဲဆွယ်စည်းရုံးရေးတွေ စတင်နေကြပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေနဲ့ တသီးပုဂ္ဂလပါတီ ၂၅ ပါတီက ကိုယ်စားလှယ်တွေက လစ်လပ်နေရာ ၁၃ နေရာအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
Reuters သတင်းဌာနက မြန်မာသတင်းထောက် ၂ ဦးကို တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးလိုက်တဲ့အတွက် ပြည်တွင်း၊ ပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေရာမှာ ဒီနေ့မှာလည်း တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာတွေက ကန့်ကွက်မှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။
စစ်ပွဲတွေရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ကချင်ခေါင်းဆောင်သုံးဦးကို တပ်မတော်ကို ဂုဏ်သိက္ခာညိုးနွမ်းအောင် အကြည်ညိုပျက်အောင်လုပ်ခဲ့တယ်ဆိုပြီး အသရေဖျက်မှုပုဒ်မ ၅၀၀နဲ့ ဒုတိယဗိုလ်မှူးကြီးတဦးက တရားစွဲဆိုထားတာကို စွဲချက်တင်ဖို့ မြစ်ကြီးနားမြို့နယ် တရားသူကြီးက ဒီကနေ့ တနင်္လာနေ့မှာပဲ လက်ခံကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အမှုမခိုင်လုံလို့ အမှုကို ပလပ်ပေးဖို့ ကချင်ပြည်နယ်လွှတ်တော်ကို တရားစွဲခံရသူတွေဘက်က လျှောက်ထားခဲ့တာကိုလည်း ပြည်နယ်တရားလွှတ်တော်က လက်မခံပဲ ပယ်ချခဲ့တာပါ။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦးအမှု အပြစ်ရှိ-မရှိ မနက်ဖြန် စက်တင်ဘာလ ၃ရက်နေ့ တရားရုံးက ချမှတ်မယ့် စီရင်ချက်ဟာ မြန်မာနိုင်ငံရဲ့ တရားရေးစီရင်မှုနဲ့ မီဒီယာလွတ်လပ်ခွင့် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု သတင်းသမားတွေ ပြည်သူ့အစိုးရလက်ထက် ရင်ဆိုင်နေရတဲ့ ပကတိအခြေအနေမှန်ကို မီးမောင်းထိုးပြမယ့်အနေအထားဖြစ်တယ်လို့ သတင်းသမားတွေနဲ့ လွတ်လပ်ခွင့်လှုပ်ရှားသူတွေက ထောက်ပြပြောဆိုလိုက်ကြပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောမြို့ကို လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ သွားရောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိ-မရှိ ဒေသခံတွေ ကို သီးသန့် မေးမြန်းစုံစမ်းခဲ့ကြောင်းလိုက်ပါသွားတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောပါတယ်။
သမ္မတက ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ရခိုင်ခရီးစဉ် ဒီကနေ့ စတင် လိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ စုံစမ်းတွေ့ရှိချက်တွေက ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာပါအချက်တွေနဲ့ ကိုက်ညီတယ်လို့ ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲမှာ အမေရိကန်က ထုတ်ပြောလိုက်တဲ့အပေါ် မြန်မာအစိုးရအနေနဲ့ ဖုံးကွယ်ငြင်းပယ်မနေပဲ အဖြစ်မှန်ကို ရင်ဆိုင်ပါလို့ ရခိုင်အရေး စောင့်ကြည့်လေ့လာနေသူတွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တင်ပြချက်တွေကို လက်မခံကြောင်း မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ တရက်အလိုမှာ အစီရင်ခံစာ ထုတ်ပြန်လိုက်တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကိုလည်း မူလကတည်းက မြန်မာအစိုးရက အသိအမှတ်ပြု လက်ခံမထားကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း က ပြောဆိုခဲ့တာပါ။
ဒီကနေ့မှာပဲ Facebook ကုမ္ပဏီ ကနေ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook လူမှုကွန်ယက် ကိုယ်ပိုင်အကောင့်အပါအဝင် မြန်မာနိုင်ငံတွင်းက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း ၂၀ ရဲ့ Facebook အကောင့်တွေဟာ မြန်မာနိုင်ငံက Facebook ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့ အတွက်ကြောင့် ပိတ်ပစ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦးအမှု အပြစ်ရှိ-မရှိ မနက်ဖြန်မှာ ချမယ့် စီရင်ချက်ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရေချိန်နဲ့-မြန်မာ့ သတင်းမီဒီယာလောကရဲ့လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့် “သရုပ်သကန်”ကို ထင်ဟပ်စေမယ့် ပြရုပ်ဖြစ်တယ်လို့ လွတ်လပ်ခွင့်လှုပ်ရှားသူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ နောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုတွေအတွင်း သေဆုံးခဲ့ရသူတွေအတွက် အောက်မေ့ဖွယ် မေတ္တာပို့ဆုတောင်းခြင်း အခမ်းအနားတွေ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံဘက်မှာ ကျင်းပခဲ့ကြပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသူတွေအတွက် တရားမျှတမှုရဖို့ တောင်းဆိုလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်