မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့သစ်အနေနဲ့ သတင်းမီဒီယာအတွက် ဆောင်ရွက်ပေးနိုင်ဖို့ အတိုင်းအတာ တခုအထိ အကောင်းမျှော် မျှော်လင့်စရာရှိတယ်လို့တော့ အခုအသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာသတင်း မီဒီယာကောင်စီ အဖွဲ့ဝင်တွေကပြောဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ရွှေမှော်ဝင်းခမ်းမမှာ ခေတ္တထိန်းသိမ်းထားတဲ့ ရခိုင်ပြည်နယ် စစ်တွေ မူဆလင်ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၁၀၆ဦးကို ဒီကနေ့ မှာပဲ ရေတပ်သဘောၤနဲ့ မူလနေရာကို ပြန်လည်ပို့ဆောင်လိုက်ပါပြီ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရားဝင်မတက်တော့ဘူးလို့ သဘောထားထုတ်ခဲ့တဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘော လိုက်လံတွေ့ဆုံပြီး ယုံကြည်မှုပြန်တည်ဆောက်နေရတာကတော့ မြန်မာ့ငြိမ်းချမ်းရေး နောက်ပြန်ဆုတ်သွားတဲ့အနေအထားဖြစ်နေတယ်လို့ သုံးသပ် ပြောဆိုလိုက်ကြပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဒုက္ခသည်စခန်းတွေကနေ လွန်ခဲ့တဲ့ ရက် ၂၀ ကျော် လောက်ကတည်းက လှေနဲ့ထွက်လာကြသူ အမျိုးသား၊ အမျိုးသမီး၊ ကလေး စုစုပေါင်း အယောက် ၁၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့မှာ ထိန်းသိမ်းထားပါတယ်။
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာမှာ စက်လှေတစီးပေါ်မှာ လူပေါင်း ၁၀၀ကျော် ကို ထိန်းသိမ်းထားတဲ့ သတင်းတင်ပြချင်ပါတယ်။ စက်လှေကြီးတစင်းပေါ်မှာ အမျိုးသား၅၀- အမျိုးသမီး ၃၁ဦးနဲ့ အသက်မပြည့်သေးတဲ့ ယောက်ကျားလေး မိန်းကလေး ကလေးငယ်လေးတွေ၂၅ဦးပါတဲ့ လူအုပ်စုလိုက်ကြီး ကို အာဏာပိုင်တွေ တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် တုံ့ပြန်မှုတွေ ထွက်ပေါ်လာနေပါတယ်။
ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး မြန်မာအစိုးရနဲ့ စစ်တပ်က လုံခြုံရေး အပြည့်အဝပေး စီစဉ်ပေးပြီး ခိုင်မာတဲ့ ဘဝအာမခံချက်တွေနဲ့ နေရပ်ရင်းတွေမှာ ပြန်လည်နေရာချထားပေးမယ်ဆိုရင် နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေနဲ့ ဒုက္ခသည်တွေရဲ့စိတ်ပူပင်မှုတွေကို လျော့ပါးစေမယ်လို့ ဒုက္ခသည်အရေး အကဲခတ်က သုံးသပ်ပါတယ်။
KNU ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ တရားဝင် အစည်းအဝေးတွေမှာ ပါဝင်မှုကို ယာယီ ရပ်ဆိုင်းလိုက်ပြီး အလွတ်သဘောတွေ့ဆုံမှု လမ်းကြောင်းတွေကနေ တဆင့် ဆွေးနွေး အဖြေရှာသွားမယ်လို့ KNU ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးအပြီး သဘောထားထုတ်ပြန်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားတဲ့ သိန်းချီ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ဒုက္ခသည် ၂,၀၀၀ ကို ပထမဆုံးအနေနဲ့ မြန်မာဘက်ကို ရှေ့လာမယ့်သီတင်းပတ်ထဲမှာပဲ ပြန်ပို့ဖို့ နှစ်နိုင်ငံအစိုးရတွေက ပြင်ဆင်နေကြပေမဲ့လို့ ဒုက္ခသည်အများစုကတော့ လုံခြုံရေး စိုးရိမ်ချက်တွေနဲ့ လုံးဝ မပြန်လိုကြသေးဘူး လို့ ပြောနေကြပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်မှုတွေကို ဟန့်တားရာမှာ Facebook လူမှုကွန်ရက်ဟာ အားနည်းချက်တွေ ရှိခဲ့ပြီး၊ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်ကာကွယ်ဖို့ သီးခြားလွတ်လပ်တဲ့ သုတေသန အဖွဲ့တဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားသူတွေ မြန်မာနိုင်ငံဘက်ကို လာမယ့်နိုဝင်ဘာလလယ်မှာ ပြန်သွားဖို့ စခန်းတွင်း ပြင်ဆင်နေကြပြီဖြစ်ပေမဲ့ အများစုကတော့ လုံခြုံရေးစိုးရိမ်ချက်တွေနဲ့ မပြန်လိုကြသေးဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောဆိုလိုက်ကြပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ရခဲ့တဲ့ လက်ရှိအာဏာရပါတီ NLD ရဲ့ အနိုင်အရှုံး မဲရလဒ်ဟာ မျှော်မှန်းထားတာနဲ့ သိပ်မကွာပါဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောဆိုလိုက်ပါတယ်။
ဒီကနေ့ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တာကို တွေ့ရပေမဲ့ မဲရုံတွေကို တာဝန်ခံစီစဉ်ပေးနေတဲ့ မဲရုံမှူးတွေရဲ့ ဆောင်ရွက်ချက်တွေကတော့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ ရှေ့လထဲ စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား ဒီနေ့ပဲ သဘောတူလိုက်ကြပါတယ်။ မြန်မာအစိုးရကတော့ ပြန်လည်လက်ခံရေး အဆင်သင့်ဖြစ်နေပြီလို့ ဆိုပေမဲ့ ဒုက္ခသည်တွေကြားမှာတော့ စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။
မြန်မာ့လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့ ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ EU ရဲ့နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာ ပူးပေါင်းအဖွဲ့နဲ့ မြန်မာနိုင်ငံအခြေစိုက် CSO လူမှုအခြေပြု အဖွဲ့အစည်းတွေ ဒီကနေ့ ညပိုင်းမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အပစ်ရပ်လက်မှတ်ထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ လတ်တလောကျင်းပမယ့် အစည်းအဝေးတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မှုပြီး KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ စာပေးပို့လိုက်ပါတယ်။
လာမယ့်နိုဝင်ဘာ ၃ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် အမှန်တကယ် ဆောင်ရွက်ပေးနိုင်မယ့်ပါတီကို ရွေးချယ်နိုင်ဖို့ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေ သေချာသွား မဲပေးကြပါလို့ တိုင်းရင်းသားပါတီခေါင်းဆောင်တွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဒီကနေ့ တရားရုံးကနေ Eleven သတင်းမီဒီယာ သတင်းထောက်တွေကို အာမခံပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ဒီပြဿနာကို အေးအေးဆေးဆေးနဲ့ ပြေလည်အောင် ဖြေရှင်းကြစေလိုကြောင်း ပြန်ကြားရေးဒုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ကုလသမဂ္ဂအပါအဝင် ဘင်္ဂလား-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်လို့ ဒုက္ခသည်လက်ခံရေးစခန်းတွေ အဆင်သင့်ဖြစ်နေပြီလို့ လူကယ်ပြန်ဝန်ကြီးကပြောပါတယ်။
မြစ်ဝကျွန်းပေါ်ကို ဖြတ်တိုက်ခတ်လာမယ့် လေဖိအားနည်းရပ်ဝန်းတခုဟာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီနဲ့ကရင်၊ မွန်ပြည်နယ်တွေမှာ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် ၂၄နာရီအတွင်း မိုးကြီးနိုင်တယ်လို့ မိုးဇလတာဝန်ရှိသူက ခန့်မှန်း ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်