AA ရခိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ ရှိပြီး လတ်တလောမှာပဲ နယ်စပ်ရဲကင်းစခန်းတွေ အတိုက်ခိုက်ခံခဲ့ရတာကြောင့် လုံခြုံရေး စိုးရိမ်စရာဖြစ်နေပြီး ဒေသတွင်း တည်ငြိမ်လုံခြုံမှုမရှိသေးတာကြောင့် နေရပ်ရင်းကို ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ စစ်ရှောင်တွေက ပြောကြပါတယ်။
ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်နိုင်မယ်ဆိုရင်တော့၂၀၁၉ခုနှစ်အတွင်းမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ရေးသားခွင့်လို အခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝရဖို့ မျှော်လင့်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။
လာမယ့်၂၀၁၉မှာ ရိုဟင်ဂျာတွေအပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်း လူ့အခွင့်အရေး အပြည့်အဝရဖို့နဲ့ သူတို့တွေ အမြန်ဆုံးအိမ်ပြန်နိုင်ကြဖို့ အထူးသဖြင့်မြန်မာနိုင်ငံတဝှမ်းလုံးက တိုင်းရင်းဒေသက ဒုက္ခသည်တွေပါ နေရပ်ရင်းအမြန်ဆုံးပြန်နိုင်ကြဖို့ ရိုဟင်ဂျာဒုက္ခသည်တွေက နှစ်သစ်ဆုမွန်ကောင်းတောင်းကြပါတယ်။
စစ်ရေးတင်းမာမှုတွေရှိနေဆဲ ကချင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေမှာ နှစ်ရှည်လများခိုလှုံနေရဆဲ ဒုက္ခသည်တွေ နှစ်သစ်ကူးအခါသမယမှာ အများနည်းတူ စိတ်လက်ကြည်သာ စိတ်ချမ်းသာစေဖို့ ခရစ်ယာန်အသင်းတော်တွေက ဦးဆောင်ပြီး ဒုက္ခသည် စခန်းတွေထဲမှာ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပနေတယ်။
မြန်မာပြည်ငြိမ်းချမ်းအောင် အစိုးရ ဦးဆောင်ဖော်ဆောင်နေချိန်မှာ ငြိမ်းချမ်းစွာ လူထုချီတက်ဆန္ဒထုတ်ဖော်တောင်းဆိုသူတွေကို ထောင်ချနေတာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အနှောင့်အယှက်ဖြစ်ရုံမက ကချင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအပေါ် လူထုရဲ့ယုံကြည်မှုကိုပါ ကျဆင်းစေတယ်ဆိုပြီး လူ့အခွင့်အရေးလှုပ်ရှားသူ
မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ၄ လကြာ ရပ်ဆိုင်းဖို့ ကြေညာထားပေမဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ဖော်ပြခဲ့တဲ့ သတင်းမီဒီယာ တချို့ရဲ့ ဖော်ပြချက်တွေဟာ မှားယွင်းကြောင်းနဲ့ မဟုတ်မမှန် သတင်းတွေကို ဆက်လက် ထုတ်ပြန်မယ်ဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်ကြောင်း တပ်မတော်က သတိပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်လို့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း လုံခြုံရေးအထူးတင်းကြပ်စွာချထားပြီးတော့ ဒုက္ခသည်စခန်း အဝင်ထွက်၊ အရေးပေါ် အခြေအနေကလွဲရင် အသွားအလာတွေ အကုန်လုံး ပိတ်ပစ်လိုက်ပြီလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။
စစ်ဆင်ရေးနယ်မြေအလိုက် တပ်ဘက်က စစ်ဆင်ရေး လေးလရပ်ပေးမယ်ဆိုတဲ့ ကြေညာချက်အပေါ် စစ်တပ်ရဲ့ စစ်ရေးဗျူဟာတရပ်အနေနဲ့ အတော်လေးကို သတိထား စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။
စစ်ဆင်ရေးနယ်မြေတွေအလိုက် တပ်ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို လေးလကြာ ရပ်ဆိုင်းပေး မယ်လို့ စစ်တပ်ရဲ့ ကြေညာချက် အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက အပြုသဘောအဖြစ် ကြိုဆို လိုက်ကြပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်သင့်တယ်လို့ ထောက်ပြကြပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း ဒေသခံရခိုင်လူမျိုးနှစ်ဦး သေဆုံးမှုဖြစ်ပြီးနောက် နှစ်ဘက်အသိုင်းအဝိုင်း ဒေသခံတွေကြား လုံခြုံရေးစိုးရိမ်မှုတွေဖြစ်နေသလို နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့ အရေးကြီးလိုအပ်လာနေတဲ့အနေအထား ဖြစ်လာနေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်သွင်းထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လက်မခံနိုင်ကြောင်း မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအပေါ် ဖိအားပေးမယ့် အစီအစဉ်တွေ ဖြစ်တဲ့အတွက် လက်မခံနိုင်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောဆိုလိုက်တာပါ။
မြန်မာအစိုးရ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရခိုင်ဘက်ကို ပြန်ပြောင်းရွှေ့ရမယ့် ရိုဟင်ဂျာသိန်းချီ နေရပ်ရင်းပြန်ရေး စိုးရိမ်တာကြောင့် တကယ်အပြီးမပြန်ခင် အရင်ပြန်လေ့လာကြည့်ဖို့ ကုလက တိုက်တွန်းပေမဲ့ ဒုက္ခတွေကတော့ လုံခြုံရေး စိုးရိမ်ချက်တွေနဲ့ လုံးဝ မပြန်လိုကြသေးဘူးလို့ဆိုပါတယ်။
NLD အစိုးရလက်ထက် တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေအပေါ် မတရား ဖမ်းဆီးအရေးယူ ထိန်းသိမ်းတာတွေရှိပြီး ထောင်ချအပြစ်ပေးနေတဲ့ တရားဥပဒေစီရင်ဆုံးဖြတ်ချက်တွေဟာ ဒီမိုကရေစီအစိုးရတရပ် လုပ်ရပ်နဲ့ဆန့်ကျင်ဘက်ဖြစ်နေလို့ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
စစ်တပ်ကို အသရေဖျက်မှုနဲ့ ထောင်ဒဏ်ခြောက်လ နဲ့ငွေဒဏ် ချခံလိုက်ရတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦး အမှု သူတို့မှာ အပြစ်မရှိတဲ့အတွက် တရားဥပဒေလမ်းကြောင်းအတိုင်း ဆက်အယူခံဝင်သွားမှာဖြစ်ပြီး သူတို့လွတ်မြောက်ရေး အစွမ်းကုန်ကြိုးစားသွားမှာဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကပြောပါတယ်။
မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အောက်လွှတ်တော်က ဆုံးဖြတ်ပြီး ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အသက်အိုးအိမ် ဆုံးရှုံးနစ်နာမှုတွေ အတွက် တရားမျှတမှုရစေဖို့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ မြန်မာလူ့အခွင့်အရေးအခြေအနေဟာ တစုံတရာ အတိုင်းအတာထိ တိုးတက်မှုတွေရှိပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လူ့အခွင့်အရေးလှုပ်ရှားမှုတွေအပေါ်မှာ ပိတ်ပင်ကန့်သတ်မှုတွေကတော့ ဆိုးဆိုးရွားရွားရှိနေတုန်းပဲလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။
စစ်ပွဲတွေရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ကချင်ပြည်နယ်မှာ စစ်ဒဏ်သင့်ဒုက္ခသည်တွေ အရေးလှုပ်ရှားသူ သုံးဦးကို စစ်တပ် အသရေဖျက်မှုနဲ့ မြစ်ကြီးနား တရားရုံးက ပြစ်ဒဏ်ချလိုက်တာဟာ မြန်မာနိုင်ငံဦးတည် လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီစနစ်နဲ့ လုံးဝကွဲလွဲနေတယ်လို့ နိုင်ငံတကာသံတမန်အသိုက်အဝန်းက ဝေဖန် လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည်ပြန်ပို့ရေး အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြပေမဲ့ လက်တွေ့ဖြစ်နိုင်ခြေ မရှိဘူးလို့ ကုလတာဝန်ရှိသူက ပြောဆိုချိန်မှာပဲ ဒုက္ခသည် ရိုဟင်ဂျာတွေကလည်း နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးဖို့အပါအဝင် တောင်းဆိုချက်တွေ မလိုက်လျောမခြင်း ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
လူမျိုးရေး ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ကိုးကွယ်ယုံကြည်ရာ ဘာသာမတူသူတွေကြား အမုန်းပွားမှုတွေမဖြစ်စေဖို့ သက်ဆိုင်တဲ့ အစိုးရတာဝန်ရှိသူတွေဘက်က စကားလုံး သုံးနှုန်းပြောဆိုမှုတွေမှာ အထူးသတိထားကြဖု့ိ လိုတယ်လို့ ဘာသာရေး ခေါင်းဆောင်တွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ မြန်မာအမျိုးသမီးတွေအတွက် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပပျောက်ရေး ဥပဒေကြောင်းအရ ထိထိရောက်ရောက် အကာအကွယ်ပေးပါလို့ လှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်