ကယားပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြေးရုပ်ဖယ်ရှားရေးဆန္ဒထုတ်ဖော်သူကိုယ်စားလှယ်တွေရဲ့ ပြီးခဲ့တဲ့သီတင်းပတ်က သဘောတူညီခဲ့ကြတဲ့အတိုင်း ရှေ့ဆက်ဆောင်ရွက်ရမယ့်ကိစ္စတွေ ဒီကနေ့ ဆွးနွေးကြရာ သဘောတူညီချက် တစုံတရာမရပဲ အစည်းအဝေးပျက်သွားပါတယ်။
ပြင်ဖို့ခက်တဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တပ်မတော်က ပူးပေါင်းပါဝင်မှုနဲ့ အာဏာရ NLD ပါတီအနေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှ ဖြစ်နိုင်ခြေများမယ်လို့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့ဖို့ ထောက်ခံအဆိုတင်တဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေဦးကိုနီကိုလုပ်ကြံမှု တရားခံကြည်လင်းနဲ့ အပေါင်းအပါတွေကို သေဒဏ်အပါအဝင် ထောင်ဒဏ်အသီးသီး ချမှတ်တဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရဲ့ အမှုစီရင်ချက်အပေါ် ဆက်လက်ပြီး ပြန်လည်သုံးသပ်ဖို့နဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ပါ တရားစွဲဆိုဖို့ အယူခံဆက်ဝင်နိုင်ရေး ဥပဒေပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရတပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် စစ်ရှောင် ဒုက္ခသည်တွေအဖို့ စားနပ်ရိက္ခာ၊ နေထိုင်ရေးအခက်အခဲအပြင် စစ်တပ်ဘက်က သံသယတွေနဲ့ လိုက်လံဖမ်းဆီးနေတာကြောင့် ဘေးကင်းလုံခြုံရေးအတွက်ပါ ကြောက်လန့် စိုးရိမ်နေကြရတယ်လို့ ဒုက္ခသည်ကူညီပေးနေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် ရွေးချယ်မယ့် မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲမှာ ထိုင်းဘုရင် Maha Vajiralongkorn ရဲ့ အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမတော်ဟာ Thai Raksa Chart ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အထူးသံတမန် နံမည်ကြီး ဟောလီဝုဒ် မင်းသမီး Angelina Jolie ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီးက ကုတုပလောင် ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေကို အားပေးစကား ပြောခဲ့ပါတယ်။ အပြည့်စုံကို မဆုမွန် စုစည်းတင်ပြကြပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံလူထုဆန္ဒသဘောထားမခံယူပဲ ဖွင့်လှစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်အရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနိုင်ဖို့ တွေ့ခွင့် မရမချင်း ကယားNLD ရုံးရှေ့မှာ သပိတ်စခန်းဖွင့် ဆက်လက် တောင်းဆိုသွားမယ်လို့ ကရင်နီလူငယ်တွေက ပြောဆိုလိုက်ပါတယ်။
“တကယ်တော့ တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ် တယောက်လောက် ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာဟာ ဒီမိုကရေစီ စနစ်မှာ မရှိနိုင်ပါဘူး။ တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ်ဟာ ပြည်သူလူထုကို အကျိုးပြုတယ်၊ ပြည်သူလူထုကို ကိုယ်စားပြုတယ်၊ ပြည်သူလူထုအတွက် တချိန်လုံး စဉ်းစားပေးရပါတယ်။" (ဒေါ်အောင်ဆန်းစုကြည်)
ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေ ကြုံနေရတာကို ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေကြောင်း မြန်မာအစိုးရ ထိပ်တန်းတာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။
တပ်မတော်ဘက်က ၄လကြာ တဘက်သတ်အပစ်ရပ် ကြေညာချက်ဟာ စစ်ရေးရည်မှန်းချက်အပြင် နိုင်ငံရေးအရ အမြတ်ထုတ်လိုတဲ့ စစ်ရေးလက်နက်တခု ဖြစ်လာနေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင ်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။
ရခိုင်လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား တင်းမာနေတဲ့ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်ရေး မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဘက်က အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ပူးပေါင်း ဆောင်ရွက် သင့်တယ်လို့ ရခိုင်အရေးအကဲခတ်တွေက အကြံပြုပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee ဟာ ဒီနေ့မှာတော့ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး စခန်းတွင်းက အခြေအနေတွေ၊ နေရပ်ပြန်ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီလီ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် နယ်နမိတ်မျဉ်းကြား Zero Line ဇုံမှာ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သူ့ချင်းပြည်နယ်ခရီးစဉ်အတွင်း ချင်းပြည်သူတွေနဲ့ တွေ့ဆုံချိန် ဒေသခံတွေက သူတို့အခက်အခဲတွေကို အသီးသီးရင်ဖွင့်ခဲ့ကြတာပါ။
မြန်မာပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ ကုလသမဂ္ဂရဲ့မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်နဲ့တွေ့ချိန် ရခိုင်မှာ ဆိုးဆိုးရွားရွား သူတို့ ကြုံတွေ့ ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်မြင်သက်သေ၊ မှတ်တမ်း အထောက်အထားတွေနဲ့တကွ တင်ပြနိုင်ရေး ရိုဟင်ဂျာဒုက္ခသည် တွေ ပြင်ဆင်နေကြပါတယ်။
စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်ထဲက ထောင်ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူညီတွေ အရောက်ပေးနိုင်ဖို့ ကုလအပါအဝင် နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ပြည်တွင်းက ကူညီကယ်ဆယ်ရေး အဖွဲ့တွေကို မပိတ်ပင်ပဲ သွားခွင့်ပေးစေလိုပါတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံထဲမှာ ဆိုးဆိုးရွားရွား သူတို့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီလီကို သက်သေအထောက်အထားနဲ့တကွ တင်ပြနိုင်ရေး ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာဒုက္ခသည်တွေ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
၇နှစ်ကြာ ရပ်ဆိုင်းခဲ့ရတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကချင်ဒေသခံဘက် ကန့်ကွက်မှု မရှိကြောင်းနဲ့ ဆန့်ကျင်ကန့်ကွက်သူတွေဟာ ပြည်ပကလူတွေနဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတဲ့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အပေါ် ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေက လက်မခံ ပယ်ချလိုက်ပါတယ်။
ရခိုင်ပြည်နယ်ထဲဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ရင်ဆိုင်တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးလာနေကြတဲ့ ရခိုင်ဒေသခံတွေအတွက် လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ်ကူညီပေးနေတယ်လို့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်တွင်း စစ်ဆင်ရေးတွေရှိနေချိန်မှာပဲ ရဲလုံခြုံရေး ကင်းစခန်းတွေ အလစ်အငိုက် ဝင်အတိုက်ခံရတဲ့အနေအထားက စစ်တပ်ရဲ့ ထောက်လှမ်းရေး သတင်းရယူနိုင်မှု အားနည်းခဲ့တာလား၊ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေး အားနည်းမှုကြောင့်လား၊ ဒီအပေါ်အမြင်သုံးသပ်ချက် ဘယ်လိုရှိပါသလဲဆိုတာကို သုံးသပ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်