ဒီကနေ့ ရန်ကုန်မှာကျင်းပတဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ အနှောင့်အယှက်တစုံတရာမရှိပဲ အောင်မြင်စွာပြီးဆုံးသွားပေမဲ့လို့ မဲပေးသူဦးရေက အင်မတန်ကို နည်းပါးလွန်းနေတယ်လို့ မဲဆန္ဒရှင်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကပြောပါတယ်။
ရခိုင် လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်တွင်း စစ်ဘေးရှောင်ပြည်သူ ၂၀၀၀၀ ကျော် အထိ ရှိလာနေပြီး ဒီ စစ်ပြေး ဒုက္ခသည်တွေအတွက် သောက်သုံးရေ ရှားပါးပြတ်လပ်နေပြီး ရေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။
ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးသွားပေမဲ့ နိုင်ငံရေး အခြေအနေတွေ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အစိုးရသစ်တရပ် ထွက်ပေါ်လာတဲ့အခါ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ရှိလာနိုင်သလဲ ဆိုတာတွေကိုေ
“ဒီတိုင်းရင်းသားတွေအပေါ်မှာ စစ်တပ်က ဖိနှိပ်နေတယ်လို့ ကျနော်တို့မြင်တယ် ၊စစ်အာဏာရှင်စနစ်ကလည်း ပုံစံတမျိုးနဲ့ တည်တံ့နေတာဖြစ်တယ်။ အဲဒီတော့ စစ်တပ်နဲ့ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ပြည်သူတွေရဲ့ ကြားထဲက ပဋိပက္ခမှာ အဲဒီတိုက်ပွဲမှာ ကျနော်တို့က တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ပြည်သူဘက်ကပဲ ရပ်ရတာဖြစ်တယ် ။ "
ရခိုင်စစ်ရေးပဋိပက္ခတွေကြား ဒေသခံတွေ ထိခိုက်သေကြေခဲ့ရတာ ၊ ဖမ်းဆီးထိန်းသိမ်း အရေးယူခံရတာ၊ ရှေးဟောင်းမြို့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကော်မရှင်ဖွဲ့ စုံစမ်းဖော်ထုတ်ပြီး နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြသွားဖို့ ရှိနေပါတယ်။
ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် မြို၊ ခမီ အပါအဝင် ရခိုင်ဒေသခံ တိုင်းရင်းသားတွေ စစ်ဘေးရှောင်နေကြရတာ နှစ်သောင်းကျော်သွားပြီဖြစ်ပါတယ်။
ဗိသုကာကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း လိုလားတောင့်တခဲ့တဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ တပ်မတော်က အစပြုလို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်စဲရေးကြေညာပြီး ဆွေးနွေး အဖြေရှာကြဖို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်က တောင်းဆိုလိုက်ပါတယ်။
ရိုBhashan Char ကျွန်းပေါ် ပြောင်းရွှေ့ပေးမယ့် အစီအစဉ်ကုလသမဂ္ဂ အကြီးတန်း အရာရှိတဦးက ကြိုဆိုလိုက်ပေမဲ့၊ ဒုက္ခသည်တွေရဲ့ ဆန္ဒအတိုင်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောဆိုလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ဘယ်ဒုက္ခသည်ကမှ သူတို့အတွက် အသက်အန္တရာယ်ရှိတဲ့ ကျွန်းပေါ် မပြောင်းရွှေ့ကြလိုဘူးလို့ တုန့်ပြန် ပြောဆိုလိုက်ကြပါတယ်။
နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ သိထားတာကတော့ ပထမက ထုက္ကန်သိမ်ပုထိုးအနီးတွင်တည်ရှိတဲ့ အမွေအနှစ်ထိန်းသိမ်းရေး ဂိတ်တဲ ပေါ့နော် အဲဒီမှာ လက်နက်ကျလို့ ပျက်စီးသွားတယ်ပေါ့နော်။ နောက်ပြီးတော့ အနောက်မြေထဲဘုရားလည်း လက်နက်ထိမှန်လို့ ပျက်စီးတယ်ခင်ဗျ (ကိုသူရအောင်)
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေ ပိုတင်းမာလာနေတဲ့ အနေအထားမှာ အစိုးရဘက်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ကော်မရှင်တွေ ဖွဲ့နေမယ့်အစား စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဖြေရှင်းသင့်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက လာမယ့် ဧပြီလလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်လယ်ဝက Bhasan Char ကျွန်းကို ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြောင်းရွှေ့ နေရာချမယ့် ကိစ္စဟာ သူတို့အတွက် ရေဘေးအန္တရာယ် ရှိနိုင်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က လုံးဝ လက်မခံဘူးလို့ ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေကို စုံစမ်းဖော်ထုတ်ဖို့နိုင်ငံတကာ ရာဇဝတ် တရားခုံရုံး ICC က ကြိုးပမ်းမှုတွေကို မြန်မာအစိုးရက ထပ်မံ ပယ်ချလိုက်ပါတယ်။
စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲစခန်းကို စနေညက ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရပါတယ်
အစိုးရတပ်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA တို့အကြား တိုက်ပွဲတွေအပြင်းအထန် ဆက်ဖြစ်နေတာမို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာ အခုဆိုရင် စစ်ဘေးရှောင်ပြည်သူတသောင်းကျော်သွားပြီဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) ကို လွဲှပြောင်းနိုင်အောင် ကြိုးပမ်းဖို့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ ၈၀ ကျော်က ဒီနေ့ပဲ ပူးတွဲတောင်းဆိုလိုက်ကြပါတယ်။
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရတပ်တို့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန် မြောက်ဦးမြို့နယ်ထဲက နေအိမ်တချို့မှာ ရခိုင်အလံတွေ တပြိုင်နက်တည်းလွှင့်ထူကြတာဟာ ဒေသခံပြည်သူတွေရဲ့ သဘောထားကို ငြိမ်းချမ်းစွာ အသံတိတ် ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူက ပြောလိုက်တာပါ။
ရခိုင်ပြည်နယ်ထဲ အုပ်ချုပ်ရေးမှူးတချို့ကို အာဏာပိုင်တွေဖမ်းဆီးမှုကြောင့် အုပ်ချုပ်ရေးမှူး ၉၀နီးပါး တပြိုင်နက်တည်း နုတ်ထွက်ရတဲ့အဖြစ်ဟာ အစိုးရ အုပ်ချုပ်ရေး ယန္တရား ပျက်ယွင်းရပ်ဆိုင်းသွားနိုင်တဲ့ စိုးရိမ်စရာ အနေအထားဖြစ်တယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောဆိုလိုက်ပါတယ်။
ရခိုင်၊ မြို၊ ခမီစတဲ့ ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုတွေ စစ်ဘေးရှောင်နေကြရတာ ၇ထောင်ကျော် ၈ထောင်အထိ ရှိလာနေပြီဖြစ်ပြီး သူတို့အတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း ကူညီကယ်ဆယ် ပေးနေသူတွေကပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ ကြား အပြင်းအထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်က တိုက်တွန်းတဲ့အဆိုကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြပါတယ်။
ရိုဟင်ဂျာတွေကို လူကုန်ကူးမယ့်သူတွေလို့ သံသယဖြစ်ပြီး ဂျာမန်ရုပ်သံမှတ်တမ်း ရိုက် ကူးရေး အဖွဲ့နဲ့ ဘင်္ဂလားဘာသာပြန်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုတုပလောင် ဒုက္ခသည် စခန်းထဲမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ဝိုင်းရိုက်လွှတ်လိုက်တဲ့ကိစ္စဟာ အထင်အမြင် လွဲမှားမှုသာ ဖြစ်တဲ့ အကြောင်း ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်