သင်္ကြန်ကာလတုန်းက စိစစ်ရေး ဆင်ဆာမတင်ပဲ သံချပ်စပ်ဆိုခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တချို့ကို အင်းစိန်ထောင်တွင်းအကျဉ်းချထားရုံမက အခုချိန်အထိ နေအိမ်တွေမှာ ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးအရေးယူနေတုန်းပဲလို့ ကိုယ်တိုင်တရားစွဲဆိုခံရသူ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်ကပြောပါတယ်။
စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်းက မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆို အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့တာမှာ အဲ့ဒီ့အဆိုပယ်ချခံခဲ့ရတယ်လို့ တင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အရပ်သား အစိုးရလက်ထက်မှာ မြန်မာ့စာနယ်ဇင်းသတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေဟာ ပိုပြီးတော့ ဆိုးဝါးလာပြီးအခက်ခဲတွေနဲ့ ရင်ဆိုင်လာနေကြရတဲ့ အနေအထားဖြစ်လာနေတယ်လို့ မြန်မာစာနယ်ဇင်းသမားတွေက ဝေဖန်သုံးသပ်လိုက်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ မူဆလင်တွေ နေရပ်ရင်းပြန်နိုင်ရေးမှာ မြန်မာဘက်က ယုံကြည်မှုမတည်ဆောက်နိုင်ဘူးလို့ ကုလအကြီးအကဲတဦး ပြောဆိုလိုက်ချိန်မှာပဲ၊ လတ်တလော ရခိုင်ပြည်နယ်တွင်းဖြစ်နေတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဒုက္ခသည်တွေနေရပ်ပြန်ရေးဟာ ပိုဝေးနေပါတယ်။
သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်သင့်လွှတ်ထိုက်သူတွေကို လွှတ်ပေးတယ်ဆိုရင် အကျဉ်းသားစိစစ်ရေးကော်မတီလိုမျိုး ဖွဲ့စည်းပြီး လူ့အဖွဲ့အစည်းကို အန္တရာယ်မပြုနိုင်သူတွေကို သေချာစိစစ် လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်တို့ကြား ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး နှစ်ဘက် အကျအဆုံး ရှိတဲ့အတွက် စစ်ရေးပိုပြင်းထန်လာမယ့်အနေအထားဖြစ်လို့ ဒေသခံရခိုင်ပြည်သူတွေ သတိထားသွားလာနေထိုင်ကြဖို့ ရခိုင်လက်နက်ကိုင်တပ်ဘက်က သတိပေးပြောဆိုလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြား အရပ်သားတွေကို ဖမ်းဆီးခံရတာ၊ နေထိုင်တဲ့ ရပ်ကွက်တွေအထိ လက်နက်နဲ့ကျည်တွေ ထိမှန်နေတာကြောင့်၊ စစ်ပွဲတွေအတွင်း အရပ်သားတွေကို အန္တရာယ် မဖြစ်စေအောင် သတိထားပေးဖို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရခိုင်လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုနေပါတယ်။ ေြ
မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးနဲ့ မြန်မာပြည်သူတွေက အလျော်ပေးပြီး တရုတ်ဆီကနေ ဧရာဝတီကို ပြန်ရွေးယူကြဖို့ ဆိုတဲ့ လှုပ်ရှားမှုတရပ်အဖြစ် စာပေအနုပညာရှင်တွေ၊ သဘာဝထိန်းသိမ်းရေးလှုပ်ရှားသူ ပညာရှင်တွေပါပါဝင်တဲ့ မြန်မာပြည်သူတွေက ဒီကနေ့ စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။
မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ ကိုဆင်ဆာမတင်ပဲ သင်္ကြန်သံချပ်တွေ စပ်ဆိုခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကျောင်းသားလူငယ်တချို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုပြီး နေအိမ်တွေ လုပ်ငန်းခွင်တွေထဲအထိ ဒီကနေ့ လိုက်လံဖမ်းဆီးနေပါတယ်။
သင်္ကြန်ကာလမှာ အစဉ်အလာ သံချပ်ထိုးကြသူတွေထဲက လူငယ်တချို့ကို တပ်မတော်ကို ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ မဟာအတာသင်္ကြန်အကြတ်နေ့မြန်မာနိုင်ငံတဝှမ်း ရေသဘင်ပွဲတော် ဆင်ယင်နွှဲပျော်ကြချိန် ဒီနှစ်ရဲ့ ထူးခြားချက် အဖြစ်နဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ မြို့ကြီးတော်တော်များများမှာ ဆင်နွှဲကြပါတယ်။
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်ထောင်ချီ ခိုလှုံနေကြရတဲ့ စစ်ပြေးစစ်ရှောင်စခန်းတွေဆီ မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရဲ့ ခွင့်ပြုချက်ရမှ သယ်ယူပို့ဆောင်ခွင့်ပြုတဲ့အတွက် ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးပို့နိုင်ရေး အခက်ကြုံနေကြရပါတယ်။
မြန်မာပြည်ရဲ့ ခေတ်အခြေအနေ ပြည်သူလူထုရဲ့ လက်တွေ့ကျတဲ့ဘဝတွေနဲ့ လက်ရှိအခင်းအကျင်းတွေကို ထင်ဟပ်စေတဲ့ သံချပ်တွေနဲ့ လူငယ် သံချပ်အဖွဲ့တွေ မြန်မာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို စတင်ဆင်နွှဲနေကြပြီဖြစ်ပါတယ်။
UNSECO ကနေ Guillermo Cano ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်လိုက်တဲ့အပေါ် ဂုဏ်ယူကြိုဆိုကြောင်းနဲ့ သူတို့အပေါ် ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ထားတာကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို မြန်မာ သတင်းမီဒီယာ ကောင်စီဝင်နဲ့ သူတို့ ၂ ဦးရဲ့ အကျိုးဆောင်ရှေ့နေက တောင်းဆိုလိုက်ကြပါတယ်။
ရခိုင်ပြည်နယ်ထဲ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြန်မာစစ်တပ်ဘက်က စစ်အင်အား လက်နက်အင်အားတွေ ပိုတိုးချလာတာတဲ့အတွက် စစ်ရေးတင်းမာမှုက အတော်လေးကို ပိုပြင်းထန်လာမယ့် အနေအထားဖြစ်နေတယ်လို့ ရခိုင်တပ် AA ပြောခွင့်ရကပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလာတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေပါ ပါဝင်တဲ့ ရိုဟင်ဂျာ မူဆလင်တွေဟာ တခြားနိုင်ငံတွေကို လူကုန်ကူးသူတွေ စီစဉ်မှုကတဆင့် လှေတွေစီးပြီး တရားမဝင်ထွက်ခွာလာနေကြတာမှာ မလေးရှား အပါအဝင် နိုင်ငံတချို့က ပင်လယ်ပြင်တွေနဲ့ကမ်းခြေတွေမှာ အစုလိုက် အထိန်းသိမ်းခံနေရပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အများပြည်သူ စိတ်ဝင်စားမှုရလာဖို့ လှုပ်ရှားမှုတရပ်အနေနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆိုင်ကယ်အဖွဲ့ဟာ မြန်မာပြည်အနှံ့ ငြိမ်းချမ်းရေးခရီးအဖြစ် အစုလိုက် လှည့်လည်ခဲ့ကြပါတယ်။
စစ်ဖြစ်ပွားရာနေရာတွေကနေ ဘေးလွတ်ရာကို ပြေးနေရတဲ့ ထောင်ချီတဲ့ ရခိုင်စစ်ပြေးဒုက္ခသည် သောက်သုံးရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတဲ့ အကြောင်း စခန်းတွေအထိ ကိုယ်တိုင်သွားရောက် ကူညီပေးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောပါတယ်။
ဒေါ်နန်ပူနဲ့အတူ ထောင်ဒဏ် နဲ့ငွေဒဏ်ချခံလိုက်ရပြီး အခုချိန်အထိ ထောင်ကျခံနေရဆဲ ကချင်ခေါင်းဆောင်နှစ်ဦး အမှု သူတို့မှာ အပြစ်မရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ရုံးကနေ သမ္မတအထိ ဆက်အယူခံ ဝင်သွားမယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။
စစ်တပ်ကို အသရေဖျက်မှုနဲ့ ထောင်ဒဏ်ခြောက်လ နဲ့ငွေဒဏ် ချခံလိုက်ရတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးထဲက ဒေါ်နန်ပူကတော့ ကျန်းမာရေးကြောင့် ဒီရက်ပိုင်းထဲ ထောင်ဒဏ်လျော့ပေါ့ပြီး ပြန်လွတ်လာဖို့ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်