မကြာသေးခင်ကစလို့ ရခိုင်ပြည်နယ် အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက အများစု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ အာဏာပိုင်တွေက ဖမ်းဆီးအရေးယူ ခံရသူတွေ ပိုများလာနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံက သတိပေးလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ စစ်ရပ်စဲရေးနဲ့ စစ်ရှောင်ဒုက္ခသည်တွေအရေး သရုပ်ဖော်တင်ဆက်ခဲ့ကြတဲ့ ကချင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူ လူငယ် ၂ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့် ပုဒ်မ ၁၉နဲ့ ဒီနေ့ပဲ တရားစွဲဆို လိုက်ပါတယ်။
ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းဒေသတွေမှာ ဖြစ်နေတဲ့ ထိုးစစ်တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ အပြစ်မဲ့ပြည်သူတွေရဲ့ အနာဂတ်အရေး အလေးထားစဉ်းစားပေးဖို့ အစိုးရနဲ့ တပ်မတော်ကို ကချင်စစ်ရှောင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေက ကချင်ပြည်နယ်တွင်း တကျော့ပြန်စစ် ၈နှစ်ပြည့်တဲ့နေ့ ဒီကနေ့မှာ တောင်းဆို လိုက်ကြပါတယ်။
ကချင်အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ တိုက်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေး တရားစီရင်ဖို့ကိုလည်း နိုင်ငံတကာရောက်ကချင်တွေကလည်း တောင်းဆိုပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ ၇ နှစ်က ကြုံခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှု ရရှိရေး၊ လုံခြုံမှုရရှိရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ တောင်းဆိုလိုက်ကြပါတယ်။
တပ်မတော်နဲ့ AA လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲဖြစ်စဉ်တွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တာဝန်ယူ စုံစမ်းဖြေရှင်းပေးဖို့ ရခိုင်အမျိုးသားပါတီ စုံစမ်းရေးကော်မရှင်က တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်သူတွေဟာ ဘာသာလူမျိုးတန်းတူမရွေး ချစ်ခင်ရင်းနှီးစွာနဲ့ ငြိမ်းချမ်းခြင်း ကိုယ်ချင်းစာတရားရှိခြင်းကို စုပေါင်းအားနဲ့ပြသနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံက ငြိမ်းချမ်းရေးလှုပ်ရှားသူတွေပူးပေါင်းပြီး ဒီကနေ့ပဲ ဗလီဝတ်ပြုဆုတောင်းပွဲတွေမှာ နှင်းဆီဖြူလေးတွေကို ကမ်းပေးကြတာပါ။
သတင်းအတုအယောင်၊ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်နေသလို သတင်းမီဒီယာတွေရဲ့ မူရင်းသတင်းတွေကို ခိုးယူဖြန့်ဖြူးနေတဲ့ သတင်းဝဘ်ဆိုက်ဒ်တွေ စာမျက်နှာတွေ ၃၀ကျော်ရဲ့ လိပ်စာ အမည်စာရင်းတွေကို သတင်းမီဒီယာကောင်စီက ကြေညာလိုက်ပြီး ဆက်လက် ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် နှစ်နဲ့ချီ စစ်ရှောင်နေရတဲ့ ကချင်ပြည်သူတွေ နေရပ်ရင်း လုံခြုံစိတ်ချစွာပြန်နိုင်ရေးကတော့ KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှု ခိုင်မာမှပဲ ပြန်ဖို့ဖြစ်နိုင်မယ်လို့ ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေး ဦးဆောင်ဆောင်ရွက်နေတဲ့ ကော်မတီဥက္ကဋ္ဌကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ သိန်းချီ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးပေါ်ရေရှားပါး ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့အတွက် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Fillippo Grandi ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း အရင်ဆုံး စစ်ရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို ဦးစားပေး အလေးထား သွားရောက်ခဲ့တဲ့အပေါ် ကြိုဆိုကြောင်းနဲ့လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီး Filippo Grandi ဟာ ဒီကနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ စစ်ရှောင်ဒုက္ခသည်တွေ နဲ့ တွေ့ဆုံပြီး အခက်အခဲတွေနဲ့ မောင်တော၊ ဘူးသီးတောင်တွင် လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ရပ်စဲဖို့စစ်တွေမြို့အပါဝင်(၄)မြို့နယ်မှာ သံဃာတော်တွေနဲ့ ရခိုင် အမျိုးသားတွေပါဝင်တဲ့ လူထုဆန္ဒဖေါ်ထုတ်ခဲ့ပြီး ရခိုင်ဒေသမှာ စစ်ဖြစ်ပွါးနေမှုကို ရပ်စဲပေးဖို့နဲ့ စစ်ရှောင်ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေးအဓိက ရည်ရွယ် တောင်းဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ပြေးနေရတဲ့ ဒေသခံ စစ်ရှောင်ဦးရေ လေးသောင်း တထောင်ကျော် အထိ ရှိသွားပြီ်ဖြစ်ပြီး သူတို့အတွက် အရေးပေါ်သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ် ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ် အပေါ် နိုင်ငံတကာ အသိုင်းအဝန်းက ဘဏ္ဍာရေးနဲ့ အကူအညီတွေ ဖြတ်တောက်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက်ဆိုပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ စတင်ပြီး စုစည်းလှုပ်ရှားလာပါတယ်။
ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ပြေးနေရတဲ့ ဒေသခံ စစ်ရှောင်ဦးရေ ၄၀,၀၀၀ နီးပါးအထိ ရှိသွားပြီ်ဖြစ်ပြီး သူတို့အတွက် အရေးပေါ်သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ် ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာအရေးနဲ့ပတ်သက်ပြီးအရေးကြီးအဆိုတင်သွင်းခဲ့သူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ဥပဒေရဲ့ အကာအကွယ်ရဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ ဒီနေ့အကျဉ်းသားပေါင်း ၆,၅၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား၂၀ ဦးထက်မနည်း ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသား အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေအတွင်း လူ့အခွင့်အရးချိုးဖောက်မှုတွေကို စုံစမ်းဖို့ ဖြစ်ပွားရာနေရာတွေအထိ လုံခြုံရေး ခွင့်ပြုချက်ယူပြီး သွားရောက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်