ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ်ချိန် ရဲလုံခြုံရေးတွေအပေါ် ဝတ္တရားနှောင့်ယှက်မှု၊ လက်ရောက်မှု၊ အားပေးကူညီမှုတွေနဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းအပါအဝင် သမဂ္ဂကျောင်းသားလူငယ် (၅)ဦးကို ဗိုလ်တထောင်ရဲစခန်းက ဒီကနေ့ ဗိုလ်တထောင် တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။
NLD အစိုးရလက်ထက် တိုင်းရင်းသားလူငယ်တွေအပါအဝင် ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဥပဒေပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲဆို ထောင်ချမှုတွေ ပိုများလာတဲ့အနေအထားဟာ ရည်ရွယ်ချက်ရှိရှိ ဒီမိုကရေစီအင်အားစုတွေကို ချိုးနှိမ်နေတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေပါတယ်။
စစ်ရေးပဋိပက္ခတွေတင်းမာနေဆဲ ရခိုင်ပြည်နယ်ထဲ မြေပုံနဲ့ အမ်းမြို့နယ်မှာ အစိုးရစစ်သင်္ဘောကို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကိုပြေးနေကြသလို လုံခြုံရေးအတွက်လည်း အထူး စိုးရိမ်နေကြတယ်လို့ မြေပုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောပါတယ်။
တိုင်းပြည်ရဲ့ ပကတိအခြေအနေတွေကို ထောက်ပြပြောဆိုတာကို မတရားပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲ ထောင်ချထားခံထားရတဲ့ ကျောင်းသားတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသကျောင်းသားတွေက တောင်းဆိုခဲ့ကြပါတယ်။
ဒီမိုကရေစီဖော်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက် စစ်ဆန့်ကျင်ရေးနဲ့ တိုက်ပွဲတွေရပ်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုသူတွေကို ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုနေတာကတော့ နိုင်ငံသားတို့ရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် -ဒီမိုကရေစီစံနှုန်းတွေကို ဖောက်ဖျက်ရာကျတယ်လို့ တရားစွဲခံလူငယ်တွေက ပြောဆိုလိုက်ပါတယ်။ ြ
မုန်သုံလေအားကောင်း- မိုးများရေကြီးပြီး မြစ်ရေတွေ စိုးရိမ်ရေမှတ် ကျော်လွန်တဲ့အထိ မြင့်တက်လာချိန် နေအိမ်တွေပါ မျောပါပြီး ရေလွှမ်းမိုးမှု တွေဖြစ်နေလို့ မြစ်ကမ်းနဘေးနေပြည်သူတွေ မြေပြိုကျမှုနဲ့ ရေဘေးအန္တရာယ် အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှှုဦးစီးဌာနက အထူးသတိပေးပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန် ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေ ကြုံနေရပြီး အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေကနေ တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ရေဘေးဒဏ်ကြောင့် အတိဒုက္ခ ရောက်နေကြရပါတယ်။
AA နဲ့ အစိုးရတပ်တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်မှာ စစ်ဘေးဒဏ်ကြောင့် အသက်ဆုံးခဲ့ရတာ နောက် မသင်္ကာမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးခံရရင်း သေခဲ့ရတဲ့ ဒေသခံ ၃၅ဦးအထိရှိသွားပြီဖြစ်ပြီး လက်နက်ကိုင်တပ်နဲ့ဆက်နွယ်တယ်ဆိုပြီး မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးခံနေရတာက ၁၀၀ကျော်ရှိသွားပြီလို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်း-လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ပြီး မြေပြိုကျ ရေလွှမ်းမိုးမှုတွေဖြစ်နေလို့ သိန်းချီရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ လူသေဆုံး တဲ့အထိ ကြုံတွေ့နေရပြီး နေစရာ စားစရာနဲ့သောက်သုံးရေ အတော်လေးကို အခက်ခဲဖြစ် နေကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။
၁၉၆၂ခုနှစ်က ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတာ ဇူလိုင်လ ၇ရက်နေ့မှာ ၅၇နှစ် ပြည့်မြောက်ချိန် အရပ်သားအစိုးရလက်ထက် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ နိုင်ငံတွင်း စစ်ရေး ငြိမ်းချမ်းရေး လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေဟာ ပိုဆိုးဝါးလာနေတယ်လို့ ထောက်ပြလိုက်ကြပါတယ်။
နေပြည်တော်က ပုဂ္ဂလိက မူကြိုကျောင်းမှာ နှစ်နှစ်ကျော်အရွယ် ကလေးငယ် တဦး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုအတွက် တရားမျှတမှု ရရှိရေး တောင်းဆိုတဲ့ အနေနဲ့ ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်က လွတ်မြောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ဖို့ နဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူတွေ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ လူထုလှုပ်ရှားမှုကနေ တိုက်တွန်းလိုက်ပါတယ်။
ဒေသခံရခိုင်လူထုရဲ့ အသက်ဘေးအန္တရာယ် လုံခြုံရေးအခြေအနေကို NLD အစိုးရအနေနဲ့ လစ်လျူမရှု့ထားဖို့နဲ့ရခိုင်ဒေသခံတွေ ဘေးကင်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်ပေးဖို့ စစ်ရှောင်ပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထပ်မံတိုက်တွန်းလိုက်ပါတယ်။
ကချင်တကျော့ပြန်စစ် (၈)နှစ်ပြည့်ချိန် တိုက်ပွဲတွေရပ်ဖို့ နဲ့ စစ်ရှောင်အရေး သရုပ်ဖော်တင်ဆက်ခဲ့တဲ့ ဦးဆောင်ကချင် လူငယ်နှစ်ဦးကို ငြိမ်းစုစီပုဒ်မ ၁၉နဲ့ တရားစွဲဆိုလိုက်တာဟာ အရပ်သားအစိုးရလက်ထက် နိုင်ငံသားတို့ အခြေခံအခွင့်အရေး ဆုံးရှုံးမှုဖြစ်ပြီး ဒီမိုကရေစီစံနှုန်းတွေ ဖောက်ဖျက်ရာကျတယ်လို့ ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်း စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေမှာ အင်တာနက်လိုင်းတွေကို ဒေသတွင်း တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းရေးကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရအနေနဲ့ ဖြတ်တောက်လိုက်တာဟာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးမားလွန်းတဲ့ လုပ်ရပ်ဖြစ်နေပါတယ်။
ရိုဟင်ဂျာတွေပြန်ပို့ဖို့အရေး မြန်မာ-ဘင်္ဂလားနှစ်နိုင်ငံကြား ရှေ့မတိုးနောက်မဆုတ် အခြေအနေဖြစ်နေချိန်မှာပဲ၊ လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ ဒီဒုက္ခသည်တွေ ဌာနပြန်ရေးဆွေးနွေးနေကြတဲ့အတွက် ရလဒ်ကောင်းတွေထွက်ဖို့ရခိုင်ဒေသခံမူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေက မျှော်လင့်နေပါတယ်။
ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ရတဲ့ အခြေအနေမရောက်အောင် ကုလသမဂ္ဂက ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြောင်း အစီရင်ခံစာကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။
လက်ရှိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ရခိုင်အပါအဝင် တိုင်းရင်းဒေသတွေက စစ်ရေးပဋိပက္ခတွေ ပြေလည်ဖို့ဆိုရင် တပ်မတော်ဘက်က အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးဆန္ဒရှိဖို့လိုတယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။
တိုင်းရင်းဒေသတွေက တိုက်ပွဲတွေ အမြန်ဆုံးရပ်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို ကို ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုနေမှုတွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ နဲ့ ပြည်တွင်းစစ်အမြန်ဆုံးရပ်တန့်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကို ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။
ကချင်စစ်ပြေးစစ်ရှောင်တွေကို နေရပ်ရင်းပြန်ပို့ဖို့ စီစဉ်နေချိန်မှာပဲ အရေးပေါ် လိုအပ်နေဆဲ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ပင်တားဆီးမှု မရှိပဲ အမြန်ဆုံးပေးဖို့ စစ်ရှောင်ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်