ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ တပ်ကို အကြည်ညိုပျက်အောင် ရေးသားတယ်ဆိုတဲ့ စွဲချက်နဲ့ စစ်တပ်က တရားစွဲဆိုတာခံရတဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် တနှစ်အမိန့် ချမှတ်လိုက်ပါတယ်။
Facebook လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကို အကြည်ညိုပျက်အောင် ရေးသားတယ်ဆိုတဲ့စွဲချက်နဲ့ စစ်တပ်က တရားစွဲဆိုတာခံရတဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ်တနှစ် ချမှတ်လိုက်ပါတယ်။ ဒီအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေတဲ့အကြောင်း မဆုမွန်က တင်ပြထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၂ နှစ်ပြည့် အောက်မေ့ဘွယ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက် နောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုတွေအတွင်း သေဆုံးခဲ့ရသူတွေအတွက် ရိုဟင်ဂျာဒုက္ခသည်တွေ ထောင်ချီ စုဝေးခဲ့ကြပြီး မေတ္တာပို့ ဆုတောင်းခဲ့ကြပါတယ်။
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်တွေနဲ့ အစိုးရတပ်တို့ကြား ဒီကနေ့မှာလည်း ကွတ်ခိုင်နဲ့ သိန္နီမြို့တွေမှာ တိုက်ပွဲအပြင်းအထန ်ဆက်ဖြစ်နေတယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် တအာင်းတပ် TNLA က ပြောပါတယ်။
မော်စကိုမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲတွေကို အမေရိကန်ပြည်ထောင်စုက ကြားဝင်စွက်ဖက်နေပြီး လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေ ပေါ်လာအောင် သွေးထိုးလှုံ့ဆော်နေတယ်လို့ ရုရှား နိုင်ငံရေးသမားတွေက စွပ်စွဲလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဒီ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။
အရပ်သားအစိုးရလက်ထက် တရားခွင်တွေမှာ ဥပဒေပုဒ်မမျိုးစုံ နဲ့ တရားရင်ဆိုင်နေရဆဲ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ဒီတရားစွဲဆိုမှုတွေဟာ လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုတွေကို ကန့်သတ်တဲ့ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပြောဆို လိုက်ပါတယ်။
နိုင်ငံသားအခွင့်အရေးအပါအဝင် သူတို့တောင်းဆိုထားတဲ့ အချက်တွေကို မြန်မာအစိုးရဘက်ကမလိုက်လျောပေးသေးသရွေ့ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ဖို့စီစဉ်ထားတဲ့ ဒုက္ခသည် သုံးထောင်ကျော်ထဲက တဦးတယောက်မှ မပြန်လိုကြဘူးလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောဆိုလိုက်ပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရှမ်းမြောက်ပိုင်းဘက်မှာ ဒီကနေ့မှာလည်း ရှမ်းမြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖက်ကာမှာ မြန်မာစစ်စခန်းကို မြောက်ပိုင်းတပ်က ထပ်ပြီး ဝင်ရောက် တိုက်ခိုက်သလို ကွမ်လုံတံတားတစင်းလည်း ဖျက်ဆီးရလို့ စစ်တပ်အနီးနားဝန်းကျင်က ဒေသခံပြည်သူတွေ လုံခြုံရေး အထူးစိုးရိမ်နေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအတော်များများမှာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က လာရောက် တိုက်ခိုက်တဲ့အတွက် ဒေသခံပြည်သူတွေ အတွက် နယ်မြေလုံခြုံရေး အထူးစိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်လို့ ရှမ်းပြည်နယ် ကျောက်မဲ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ရေဘေးအန္တရာယ်နဲ့ ကြုံနေရတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စနေညကစလို့ မကြုံစဖူး ရေလွှမ်းမိုး မှုကြောင့် ရေးတမြို့လုံးနီးပါး ရေနှစ်မြုပ်သွားလို့ ရေဘေးသင့် ဒေသခံပြည်သူတွေကို နေအိမ်တွေကနေ ကယ်ထုတ်နေရဆဲဖြစ်ပြီး ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းပေးနေရတယ်လို့ ရေး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
မြန်မာနိုင်ငံတဝှမ်း ဒီသီတင်းပတ်တွေထဲ မုတ်သုံမိုးအားကောင်းပြီး မိုးများရေကြီးနေလို့ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အပါအဝင် ပြည်နယ်တိုင်း အတော်တော်များများက ဒေသခံပြည်သူ လူဦးရေတသိန်းကျော် ရေဘေးသင့်နေပါတယ်။
ဒီသီတင်းပတ်တွေထဲ မုတ်သုံလေအားကောင်းပြီး မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေတဲ့အတွက် မြန်မာနိုင်ငံတဝှမ်း အထူးသဖြင့် တနင်္သာရီတိုင်း ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးတချို့မှာ ရေလွှမ်းမိုးမှုတွေဖြစ်လို့ ဒေသခံပြည်သူ တော်တော်များများ ရေဘေးသင့်နေကြရပါတယ်။
မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လွတ်လပ်လပ် စုံစမ်းဖော်ထုတ်နိုင်ဖို့ လူ့အခွင့်အရေးကော်မရှင်ဥပဒေ ပြင်ဆင်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဥပဒေကြမ်းဆိုင်ရာ လွှတ်တော်ကော်မတီတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
ရှမ်း မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ ဒီကနေ့ မြန်မာအစိုးရစစ်တပ်နဲ့ TNLA တအာင်းတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ တယ်လို့ တအာင်းတပ်ဘက်က ပြောပါတယ်။ ရှမ်းပြည်နယ်အပါအဝင် စစ်တိုင်းဒေသကြီးငါးခုမှာ တပ်မတော်ဘက်က အပစ်ရပ်သက်တမ်း ၂လတိုးထားချိန်မှာပဲ အခုလိုတိုက်ပွဲတွေ ထပ်ဖြစ်နေတာပါ။
မြန်မာနိုင်ငံတွင်းက ဆိုးရွားလှတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မှု အားနည်းလွန်းနေတဲ့အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အာဏာ လွတ်လပ်မှုအပြည့်ရဖို့ ကာ်မရှင်ဥပဒေကို အမြန်ဆုံး ပြင်ဆင်ဖို့ မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၀ကျော်ကတောင်းဆိုလိုက်ကြပါတယ်။
အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ Ramon Magsaysay ဆုရှင်အဖြစ် ဒီနှစ်မှာ ရွေးချယ်ခံရသူတွေထဲ Myanmar Now သတင်းဌာန အယ်ဒီတာချုပ်အဖြစ် ကိုဆွေဝင်းလည်း ပါဝင်ခဲ့ပါတယ်။ လွတ်လပ်ပြီး၊ ကျင့်ဝတ်သိက္ခာနဲ့ ညီတဲ့၊ လူမှုဘဝတွေကို ထဲထဲဝင်ဝင် ရေးသားတဲ့ သတင်းစာပညာကို ဆွဲကိုင်သူ အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။
တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအနေနဲ့ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေမှာ ကလေးငယ်တွေအပေါ် အကြမ်းဖက် ညှဉ်းပမ်း နှိပ်စက်မှု အားလုံးကို ချက်ခြင်းရပ်တန့်ဖို့ကုလ လုံခြုံရေးကောင်စီကနေ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုလိုက်တဲ့အပေါ် ကလေးသူငယ် အခွင့်အရေးလှုပ်ရှားသူတွေဘက်က ကြိုဆိုလိုက်ပါတယ်။
တနင်္ဂနွေမနက်အစောပိုင်း ဖားကန့်ဒေသက စိန်လုံကျောက်စိမ်းတွင်းကမ်းပါးရံကြီး ပြိုကျမှုအတွင်း ဒီကနေ့ညနေပိုင်းအထိ ရဲတပ်ဖွဲ့ဝင်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ နဲ့ ကျောက်ရှာသူတွေပါ အပါအဝင် လူသေအလောင်း ၁၉လောင်း ရှာဖွေတွေ့ရှိတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်အစောပိုင်းမှာ ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိတ်မူအုပ်စု ကျောက်စိမ်းတွင်း ကမ်းပါးရံ ပြိုကျလို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေ အပါအဝင် အနည်းဆုံး လူ၁၈ဦး သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံက နေရပ်ရင်းတွေကို ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာရင် နိုင်ငံသားအခွင့်အရေးပေးပြီး လုံခြုံရေးအာမခံချက်ပေးဖို့အပါအဝင် ဒုက္ခသည် အဓိကတောင်းဆိုတဲ့အချက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဒီကနေ့ရောက်ရှိလာတဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်