မြန်မာ့ပညာရေး တိုးတက်ကောင်းမွန်ဖို့ဆိုရင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့ ဆရာ ဆရာမတွေ စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို အစိုးရဘက်က ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်က ကမ္ဘာ့ဆရာများနေ့မှာ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံသားစိစစ်မှုတွေလုပ်နိုင်ဖို့ နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ် ထုတ်ပေးမယ်၊ ပြီးတော့မှ National ID Card အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ခွင့်ရဖို့ အဆင့်ဆင့်လုပ်ဆောင်သွားမယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ပြောဆိုချက်တွေအပေါ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က လက်မခံတာတွေ ရှိနေတုန်းပါ။
မြန်မာနိုင်ငံက အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေ တောင်းဆိုလိုလားချက်တွေကို ငြင်းဆန်နေမယ့်အစား ပကတိအခြေအနေမှန်ကို လက်ခံပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံတွင်း မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာလူမျိုး မတူသူတွေကြား ရန်လိုမုန်းတီးမှုတွေနဲ့ အမုန်းပွားမှုတွေမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်အောင် အစိုးရအာဏာပိုင်တွေကိုယ်တိုင်က လူထုတွင်း လူမှုအတွေးအခေါ် အပြောင်းအလဲတွေ ဦးဆောင်လုပ်ပြသင့်တယ်လို့ တိုက်တွန်း တောင်းဆိုလိုက်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာလည်း တချို့က မြန်မာပြည်ဘက်ကို ပြန်လာနေကြပြီဖြစ်ပေမယ့် တချို့ကတော့ အခြေခံလူ့အခွင့်အရေးတွေမရလို့ ပြန်ချင်ပေမယ့် မပြန်ဘူးလို့ ပြောနေကြသူတွေလည်း ရှိပါတယ်။
နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ တိုက်ခိုက်မှုတွေဖြစ်လာနိုင်ခြေ သတိပေးထားတဲ့ အစိုးရ လုံခြုံရေးနဲ့ နိုင်ငံရေးဌာနရဲ့ ညွှန်ကြားချက်ဆိုပြီး လူမှုကွန်ရက်မှာ သတင်းထွက်ပေါ်လာတာဟာ တိုင်းပြည်မှာ စိုးရိမ်စရာဖြစ်နေပြီး မတည်ငြိမ်မှုတွေဖြစ်နေတဲ့ပုံစံနဲ့ နိုင်ငံရေးအရ ခြိမ်းခြောက်မှုအဖြစ် သုံးသပ်ကြပါတယ်။
အစိုးရအနေနဲ့ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေအပေါ် ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဖို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းစေမယ့် စီမံကိန်းတွေအားလုံး ချက်ချင်းရပ်ဆိုင်းပစ်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုရဖို့ မြန်မာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ဆိုရင် ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်ပြီး အပြန်အလှန် လေးစားအသိအမှတ်ပြုမှုနဲ့အတူ လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြဖို့ လိုတယ်လို့ တိုင်းရင်းသားလူငယ်တွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။
ရခိုင်ပြည်နယ်က တိမ်းရှောင်လာတဲ့ ဒုက္ခသည်သိန်းချီခိုလှုံနေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ ဒီရက်ပိုင်းမှာတော့ မိုဘိုင်းလ်ဖုန်း အင်တာနက်လိုင်း အသုံးပြုမှုကို လုံးဝနီးပါး ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။
မြန်မာစစ်တပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/တအာင်းတပ် TNLA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လက်နက်ကြီးကျည် နေအိမ်ပေါ် တည့်တည့်ကျလို့ အရပ်သားတဦး သေဆုံးခဲ့ရပြီး ဒေသခံပလောင်ပြည်သူ ရာနဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒီကနေ့ မနက်ပိုင်းမှာလည်း မြန်မာစစ်တပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းတပ် TNLA တို့ကြား လက်နက်ကြီးနဲ့ရော ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားနေလို့ ဒေသခံပြည်သူ ရာနဲ့ချီ တိမ်းရှောင်ထွက်ပြေးနေရပါတယ်။
ပြီးခဲ့တဲ့သင်္ကြန်တုန်းက ဆင်ဆာမတင်ဘဲ သံချပ်ဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ဦးဆောင်သူ ကျောင်းသားတွေကို ပုဒ်မ ၅၀၅ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ဖို့ မရမ်းကုန်းမြို့နယ် တရားရုံးက ဒီကနေ့အမိန့်ချမှတ်လိုက်ပါပြီ။
အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ Ramon Magsaysay ဆု ကို မြန်မာနိုင်ငံက Myanmar Now သတင်းအယ်ဒီတာချုပ် ကိုဆွေဝင်း ဒီကနေ့ လက်ခံရယူပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်း ဖုန်းအသုံးပြုခွင့်၊ အင်တာနက်သုံးခွင့် ကန့်သတ်ပိတ်ပင်ဖို့ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေက ဆောင်ရွက်လာတာနဲ့ ပတ်သက်လို့ ဒုက္ခသည်တွေက စိုးရိမ်နေကြပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ရောက်မှု ယာယီရပ်ဆိုင်းထားတဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပြန်ပါဝင်လာဖို့ အလားအလာကောင်း မျှော်လင့်ချက် ရှိတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးက ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေ အကြမ်းဖက်မှုတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း ပညာရေးအခြေအနေ ဆိုးဆိုးဝါးဝါး နိမ့်ကျလာတဲ့ အပေါ်မှာ ပြည်ထောင်စုအစိုးရဘက်က ဘယ်လို စီမံဆောင်ရွက်နေပါသလဲလို့ ရခိုင်လွှတ်တော်အမတ်က အမျိုးသားလွှတ်တော်မှာ မေးခွန်း ထုတ်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုက နာမည်ကျော် ဗိသုကာပညာရှင်ကြီး Frank Lloyd Wright ဒီဇိုင်းရေးဆွဲခဲ့တဲ့ အဆောက်အဦး ရှစ်ခုကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီးက မကြာသေးခင်လပိုင်းက သတ်မှတ်လိုက်ပါတယ်။ AP သတင်းတပုဒ်ကို အခြေခံပြီး မဆုမွန်က တင်ပြပေးပါမယ်။
အပစ်ရပ် အဖွဲ့တွေနဲ့လည်း NCA ပါ အချက်တချို့ ဘုံသဘောတူညီမှုတွေ မရလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခေတ္တရပ်တန့်သလို ဖြစ်နေပေမယ့် အစိုးရ၊ တပ်မတော်၊ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ငြိမ်းချမ်းရေးအကြံပေးက ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးနဲ့ နှစ်ဖက် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ သဘောတူညီမှု ရခဲ့ကြပါတယ်။
တိုင်းရင်းဒေသတွေမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်နေသူတွေကို စစ်တပ်ဘက်က မတရားဥပဒေပုဒ်မ မျိုးစုံနဲ့ တရားစွဲဆိုထောင်ချဖို့ ကြိုးပမ်းမှုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်