စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်အပါအဝင် တိုင်းရင်းဒေသတွေက စစ်မီးတွေငြိမ်းဖို့ဆိုရင် တိုက်ပွဲတွေ လျှော့ချဖို့ဆိုရင် အစိုးရ၊ တပ်မတော်ဘက်က ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လက်တွေ့ကျတဲ့ ပြောဆိုလုပ်ကိုင်မှုတွေ လုပ်သင့်တယ်လို့ AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဘက်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကနေ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ အမှုရင်ဆိုင်ခဲ့ရတဲ့ မြန်မာအနေနဲ့ အပြန်အလှန် ကြားနာမှုအပြီး နိုင်ငံတကာတရားရုံးဘက်က အမြန်ဆုံး ဆုံးဖြတ်ချက် ချနိုင်ခြေ ရှိပါတယ်လို့ နိုင်ငံတကာ ဥပဒေရေးရာ ပညာရှင်တဦးက သုံးသပ်လိုက်ပါတယ်။
ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂန်ဘီယာနိုင်ငံဖက်က စွဲဆိုထားတဲ့အမှုဟာ တရားမျှတမှုရရှိမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က မျှော်လင့်နေပါတယ်။
နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မနက်ပိုင်း နေပြည်တော်ကနေ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက တိုင်ကြားတဲ့ တရားစွဲဆိုမှုဟာ ရိုဟင်ဂျာ မွတ်စလင်တွေ ကျူးလွန်ခံခဲ့ရတဲ့ ဆိုးရွားလွန်းလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တရားမျှတမှုတခုရဖို့ မျှော်လင့်ပါတယ်လို့ မောင်တောမြို့နယ်က မွတ်စလင်လူငယ်တဦးက ပြောပါတယ်။
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဇနီးဖြစ်သူနဲ့ သားသမီးနှစ်ဦးကို ထိုင်းနိုင်ငံ ချင်းမိုင် လဝကရုံးမှာ ထိုင်းအစိုးရက ထိန်းသိမ်းပြီး ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဘက်ကို ပို့ဆောင်လိုက်ကြောင်း ကြားသိရတယ်လို့ ထိုင်းအခြေစိုက် ရခိုင်အမျိုးသားကောင်စီကပြောပါတယ်။
ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့ အဆင့်မြင့်တက္ကသိုလ်ဖြစ်စေဖို့ ဆောင်ရွက်ပေးမယ်လို့ နိုင်ငံတော်ထိပ်တန်း ခေါင်းဆောင်တွေက ရန်ကုန်တက္ကသိုလ် နှစ်၁၀၀ပြည့် ရာပြည့်အခမ်းနားမှာ ပြောဆိုလိုက်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို ဖြေရှင်းဖို့ ICJ မှာ သွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်တွေကိုယ်တိုင် ဦးဆောင်ပြီး လူထုထောက်ခံပွဲတွေ ကျင်းပတာဟာ လက်တွေ့ဆန်တဲ့ လုပ်ရပ် မဟုတ်ဘဲ လူထုအပေါ် အရင်စစ်အစိုးရလို ဝါဒမှိုင်းတိုက်မှုသာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံး (ICJ) မှာ သွားရောက်ရင်ဆိုင်ဖို့ လုပ်တာဟာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လုပ်ရပ်အဖြစ် ထောက်ခံတယ်လို့ UWSA က ပြောဆိုလိုက်ပါတယ်။
ကမ္ဘာတဝှမ်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှုတွေနဲ့ တောင်းဆိုဆန္ဒပြနေကြချိန် ရာသီဥတု ဖောက်ပြန်မှုတွေ မကြုံစဖူးသဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေမှာလည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
နိုင်ငံရဲ့ အရေးကြီးတဲ့ ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ တာဝန်ယူနိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုပါ မြန်မာ့လူမှုပတ်ဝန်းကျင်က အလေးထား ထည့်သွင်းစဉ်းစားပေးဖို့ အရေးကြီးပါတယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ မခင်လေးက ထောက်ပြပါတယ်။
သထုံမဲဆန္ဒနယ်ရဲ့အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ အမျိုးသမီးအခွင့်အရေးတောင်းဆိုမှုတွေမှာ မိရိုးဖလာထုံးတမ်းအစဉ်အလာတွေကြား ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေ သူမစွမ်းဆောင်နိုင်ခဲ့တာတွေ ကြုံခဲ့ရတဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွန်ဖြတ်သန်း ရင်ဆိုင်ခဲ့ရပါသလဲ
ကချင်စစ်ရှောင်အမျိုးသမီးတွေမှာ သူတို့ဘဝအတွက် မျှော်လင့်ချက်တွေရှင်သန်ဆဲ အမျိုးသမီးတွေရဲ့စွမ်းဆောင်နိုင်စွမ်းရည်မြင့်တင်နိုင်ဖို့ ကချင်အမျိုးသမီးတွေကိုယ်တိုင်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေကို ယုံကြည်သူကတော့ ကချင်လူငယ်အမျိုးသမီး Lahpai Nang Sam Awng ပဲ ဖြစ်ပါတယ်။
အထက်တန်းအဆင့်အောင်မြင်ခဲ့ပြီးနောက်မှာ အမေရိကန်စစ်သားအဖြစ် ရွေးချယ်ခဲ့တဲ့ မမြတ်သက်စုဟာ ဘာကြောင့် အမေရိကန် စစ်သား တယောက်အဖြစ် ခံယူဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။
၂၀၁၅ခုနှစ်ကစလို့ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိခဲ့ပြီးနောက် မိခင်က ရဲဝန်ထမ်းအဖြစ် သမီးက အမေရိကန်စစ်သားအဖြစ် ရွေးချယ်ခဲ့တဲ့ မလှလှစံတို့ သားအမိနှစ်ဦးရဲ့ ဖြတ်သန်း ကြိုးစားအားထုတ်မှု စိန်ခေါ်မှုတွေနဲ့အတူ ဒီမြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ချက်တွေအကြောင်း
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရခိုင်ပြည်နယ်တွင်း AA လက်နက်ကိုင်တွေက အရပ်သားခရီးသည် ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့နောက် ဒေသတွင်းမှာ စစ်တပ်ဘက်က နယ်မြေရှင်းလင်း ရှာဖွေတာတွေ လုပ်နေပါတယ်။ ဒီအခြေအနေကြောင့် ဒေသခံတွေ အကြားမှာလည်း စိုးရိမ်မှုတွေ တိုးလာပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာ ရွာထဲက နေအိမ်တွေပေါ် လက်နက်ကြီးကျည်ကျလို့ ကလေးငယ်လေးတွေ အပါအဝင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မနေ့ကဖြစ်ခဲ့တဲ့ ရှမ်းမြောက်သိန္နီတိုက်ပွဲအတွင်းမှာလည်း အရပ်သားအနည်းဆုံး ၇ဦးဒဏ်ရာ အပြင်းအထန်ရခဲ့သလို မြို့ထဲအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခတ်တဲ့အပေါ် တအာင်းအမျိုးသမီးအဖွဲ့ဘက်က ရှုတ်ချပြီး တိုက်ပွဲတွေ အမြန်ဆုံးရပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အပြန်အလှန်တရားစွဲဆိုမှုတွေတိုးလာတဲ့ ဗစ်တိုးရီးယားအမှုရဲ့ နောက်ဆက်တွဲမှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ မည်သူ တဦးတယောက်ရဲ့မှ သြဇာအာဏာ လွှမ်းမိုးသက်ရောက်မှုမရှိပဲ မျှတတဲ့ တရားရေးစီရင်မှုတွေ ပေါ်ပေါက်လာစေဖို့ ဥပဒေဘောင်အတွင်းကနေ ရပ်တည်ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ ရှေ့နေအသင်းများအဖွဲ့ချုပ်က ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း ဘေးကင်းလုံခြုံတဲ့ လူမှုပတ်ဝန်းကျင် ဖန်တီးပေးပြီး စစ်ကြောင့်ဖြစ်ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာ ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်သင့်တယ်လို့ ကချင်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်