ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက လွှတ်တော်တက်ဖို့အသွား AA ရခိုင်တပ်ရဲ့ အဖမ်းခံခဲ့ရတဲ့ NLDချင်းလွှတ်တော်အမတ် ဒီကနေ့ လွှတ်တော် ပြန်တက်ပါတယ်။ စစ်တပ်ကို သတင်းပေးတယ်ဆိုတဲ့စွဲချက်နဲ့ အဓိကAA က ဖမ်းဆီးခဲ့တာကို ဦးဝှေ့တင်းက ငြင်းဆိုသလို ချင်းပြည်နယ်တွင်း တိုက်ပွဲတွေ အမြန်ဆုံးရပ်ပေးဖို့ တောင်းဆိုပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပညာရေးဆိုင်ရာ အခမ်းအနားတခုအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် ကျောင်းသားတချို့က ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
တချိန်က စစ်မြေပြင်ဖြစ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံ Quang Tri ပြည်နယ်ထဲမှာ ဗုံးတွေနဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပြီး စိုက်ပျိုးသီးနှံတွေနဲ့ စီးပွားဖြစ် ငရုပ်ကောင်းတွေ စိုက်နိုင်အောင် အမေရိကန် ပရဟိတအသင်းတခုက ကူညီပေးနေပါတယ်။ ဒီအကြောင်း AP သတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး မဆုမွန်က တင်ပြပါမယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက စညင်းစစ်ဘေးရှောင်စခန်းတခုကို မနေ့ညက စစ်တပ်က လက်နက်အင်အားသုံး ဝင်ရောက်ဖျက်ဆီးပြီး စစ်ပြေးဒုက္ခသည်တွေကို နေခွင့်မပေးဘဲ လုံခြုံရေး တင်းကျပ်စွာ ချထားတယ်လို့ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပညာရှင်တွေကို မတရားပုဒ်မတွေနဲ့ ထပ်ပြီး တရားစွဲဆိုနေတာတွေ ရပ်တန့်ပေးဖို့ တရားလွှတ်တော်ရှေ့နေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေး အခြေခံနိုင်ငံသားအခွင့်အရေးရရှိရေးအပါအဝင် ခိုင်မာတဲ့လုံခြုံရေးအာမခံချက်တွေရရေးတွေကို ကုလအထူးစုံစမ်းစစ်ရေးမှူးဘက်က တတ်စွမ်းသလောက်ဆောင်ရွက်ပေးသွားမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ ကုလအထူးစုံစမ်းရေးမှူး Yanghee Leeနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တွေ့ဆုံချိန် ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ Ms Yanghee Lee ဟာ သူ့ရဲ့တာဝန်သက်တမ်း မကုန်ခင် နောက်ဆုံးအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာနိုင်ဖို့ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ သွားရောက်နေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ သမ္မတကိုယ်တိုင် ရောက်ရှိလာပြီး သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးတွေအတွက် ဆွေးနွေးတွေ့ဆုံမှုတွေဟာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။
စစ်ဖြစ်နေတဲ့ တိုင်းရင်းဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု အခြေအနေတွေ ပြည်တွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု အန္တရာယ်တွေနဲ့ရင်ဆိုင်နေရတာနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေဟာ စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်လို့ HRW အဖွဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒေသတွင်းမှာရော ကမ္ဘာမှာပါ သြဇာကြီးမားတဲ့ အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့သမ္မတကိုယ်တိုင်လာရောက်မယ့် မြန်မာနိုင်ငံခရီးစဉ် အတွင်း တွေ့ဆုံမှုတွေမှာ မြန်မာအစိုးရဘက်က အခွင့်အလမ်းကောင်းတွေ ရလဒ်ကောင်းတွေ ဖန်တီးဖို့လိုတယ်လို့ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ်က နှစ်ဖက်တိုက်ပွဲတွေထဲ ကလေးသူငယ် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် အရပ်သား ၁၀၀ ကျော် သေဆုံးနေရပြီဖြစ်လို့ နိုင်ငံသားတို့ရဲ့ လုံခြုံမှုကို အကာအကွယ်ပေးဖို့၊ တရားမျှတမှုရှိတဲ့ စုံစမ်းဖော်ထုတ် အရေးယူမှုတွေ အစိုးရဘက်က ထိရောက်စွာ ဆောင်ရွက်ပေးဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။
တရုတ်သမ္မတ Xi Jinping ရဲ့ ၂၀၂၀ ပြည့် နှစ်သစ်အတွက် ပထမဆုံး သွားရောက်မယ့် ပြည်ပနိုင်ငံဟာ မြန်မာနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အလားအလာ ရလဒ်ကောင်းတွေ မြင်ရဖို့ မျှော်လင့်တယ်လို့ အကဲခတ်တွေက သုံးသပ်လိုက်ပါတယ်။
စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲ ပြည်သူတွေ သတင်းအချက်အလက် အမြန်ဆုံးသိရှိနိုင်ဖို့နဲ့ ကြုံနေရတဲ့ အခက်အခဲ ဘေးဒုက္ခတွေကို အမြန်ဆုံး သတင်းပေးပို့နိုင်ရေး ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ ပိတ်ထားတဲ့ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်းတွေ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ပြည်သူတွေက လက်မှတ်ရေးထိုး တောင်းဆိုနေကြပါတယ်။
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်နိုင်ဖို့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတက လွတ်လပ်ရေးနေ့မှာ နိုင်ငံကို နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက နူကလီးယားနဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ကိုယ့်သဘောနဲ့ကိုယ် ယာယီ ရပ်ထားတာကို ဆက်ပြီး စောင့်ထိန်းတော့မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။
ရခိုင်တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်ထဲ စစ်ဒဏ်သင့်ပြည်သူတွေ မြေစာပင်မဖြစ်စေဖို့ အပြန်အလှန် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေမှုတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ ရခိုင်အမတ်နဲ့ ကူညီကယ်ဆယ်ပေးနေသူတွေက မေတ္တာရပ်ခံလိုက်ပါတယ်။
၂၀၁၉ ခုနှစ်အတွင်းမှာ ကြုံခဲ့ရတဲ့ တိုင်းပြည်တွင်း နိုင်ငံရေးစိန်ခေါ်မှုတွေ၊ စစ်ရေးပဋိပက္ခတွေ၊ စီးပွားရေး အကျပ်အတည်းတွေ စတဲ့ လူထုကြုံနေရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ၂၀၂၀ မှာ တိုင်းရင်းသား ပြည်သူလူထုရဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်ပါလို့ တိုင်းရင်းသားလူငယ်တချို့က တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကျင့်ဝတ်ချိုးဖောက်ခဲ့တဲ့ ဥပဒေမဲ့လုပ်ရပ်တွေကြောင့် တရားဥပဒေစိုးမိုးမှုဟာ စိုးရိမ်စရာဖြစ်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဆုံးရှုံးနေပြီဖြစ်လို့ တရားမျှတမှုရစေချင်ပါတယ်လို့ ဗစ်တိုးရီးယားအမှု တရားမျှတရေး လူထုက တောင်းဆိုလိုက်ပါတယ်။
လူ့ဂုဏ်သိက္ခာမဲ့လောက်အောင် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ အဖိနှိပ်ခံတွေနဲ့ သူတို့နစ်နာမှုတွေအတွက် တရားမျှတမှုရဖို့နဲ့ စစ်မှန်တဲ့အမှန်တရား ပေါ်ပေါက်စေချင်တဲ့ လူသားဆန်တဲ့ စိတ်တခုတည်းနဲ့ ရပ်တည်လှုပ်ရှားခဲ့တာပါလို့ I Stand Against Genocide in Myanmar လှုပ်ရှားမှု ဦးဆောင်သူ မအိသဉ္ဇာမောင်က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရမယ်၊ အစိုးရယန္တရားတွေအနေနဲ့လည်း ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေကို ဟန့်တားနိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ လျော့ပါးသွားမယ်လို့ မြန်မာနိုင်ငံတွင်းက ဘာသာရေးခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်